top of page
Search
Writer's pictureMyat Tun Oo

အထဲမွာဘယ္ေလာက္႐ႈပ္ေနသလဲ



မူးယစ္ေဆးဝါးဟာတိုင္းျပည္အတြက္မေကာင္းမွန္းလူတိုင္းသိပါတယ္။ထို႔အတူဘဲသူပုန္ကိုကူညီတာဟာအင္မတန္အျပစ္ႀကီးတာကိုလဲပံုမွန္စစ္သားတိုင္းသိပါတယ္။ဒါေၾကာင့္ဒီလိုအမႈေတြကို၁၉၆၂ထဲကတပ္ထဲမွာအေရးယူလာခဲ့ပါတယ္။၁၉၈၈ကေန၂၀၁၂အထိကအျပင္ကေနေျမကြက္ေတြတရားဝင္ဂြင္ေတြကေနပိုက္ဆံရေနလို႔ဘိန္းကိစၥ၊ေဆးျပားကိစၥ၊လက္နက္ထုတ္ေရာင္းတဲ့ကိစၥေတြကနည္းပါတယ္။

ဒါေပမယ့္၂၀၁၂ေနာက္ပိုင္းမွာေတာ့တပ္တြင္းစီးပြားကေျပာင္းလာပါတယ္။အရပ္သားတစ္ပိုင္းအစိုးရမိုလို႔တိုက္႐ိုက္ဂြင္နည္းလာပါတယ္။ယခင္လက္နက္ဝယ္တာကစစ္လက္နက္ပစၥည္းၫႊန္ၾကားေရးမႉးကေနယခုမအလကိုယ္တိုင္ဆင္းဝယ္လာလို႔ကကနက္ၫႊန္ခ်ဳပ္ေတာင္ဂြင္က်ဥ္းလာပါတယ္။ဒါတင္လားဆိုေတာ့မဟုတ္ေသးပါ။ဒါေၾကာင့္ေက်ာက္တြင္းေတြ၊သစ္ေမွာင္ခိုေတြ၊ဘိန္းသမားေတြမိမိနယ္ေျမျဖတ္တာကိုစရဖနဲ႔သက္ဆိုင္ရာစစ္ေၾကာင္းေတြကဆက္ေၾကးေကာက္သလိုအထက္ကိုလဲဆက္ရပါတယ္။ေနာက္ပိုင္းမွာဒီေငြနဲ႔ကေဝစုမေလာက္သလိုျဖစ္လာၿပီးေဆးျပားေတြ၊ဘိန္းေတြကိုတပ္ရင္းထဲမွာထားလာလို႔ဒုတပ္ခ်ဳပ္ကိုယ္တိုင္လိုက္ေျပာလာရပါတယ္။အခ်ိဳ႕အေသးအဖြဲကမိေပမယ့္အႀကီးအမားကေတာ့မမိပါ။

ယခင္ကမႏၲေလးနန္းတြင္းအၿပီးေနာက္ပိုင္းရခိုင္ဘက္မွာအလံုးအရင္းနဲ႔မိလို႔တပ္ေျပာင္းတာေတြလုပ္လာရပါတယ္။ဒီၾကားထဲမွာႏိုင္ငံေရးအရယခင္ကဓာတ္ခဲရဲ႕အရပ္သားနဲ႔ေဒသခံတပ္ကလူမ်ားေဆးျပားမ်ား၊ဘိန္းမ်ားသယ္ျကပါတယ္။သူတို႔ဟာမဘသေအာက္မွာဒီမိုအစိုးရဆန္႔က်င္ေရးေအာက္မွာလုပ္ခဲ့လို႔မိမိတို႔တပ္ကလူမ်ားကတိုင္းရင္းသားမဘသမ်ားလို႔သာထင္ေပမယ့္ယခုေနာက္ပိုင္းထိုသူမ်ားဟာဓာတ္ခဲျဖစ္ေနလို႔တပ္မွာသိုေလွာင္ျဖန္႔ျဖဴးခဲ့တာဟာဓာတ္ခဲအတြက္ရန္ပံုေငြရွာေပးခဲ့သလိုျဖစ္ေနခဲ့ပါတယ္။ႀကီးမားတဲ့သင္ခန္းစာပါ။

ယခုဓာတ္ခဲနဲ႔ျဖစ္စဥ္မွာေတာ့သူ႔ရိကၡာ၊လက္နက္သယ္တယ့္လမ္းေၾကာင္းဟာျပည္မဘက္ကျဖစ္ေနလို႔ျဖတ္ေတာက္စစ္ရာကေဆးျပားေတြဘိန္းေတြမိၿပီးအဲ့ဒါေတြဘယ္မွာထားသလဲလိုက္စစ္ရာကေနတပ္ထဲအထိမီးခိုးႂကြက္ေလွ်ာက္လိုက္လာေနပါၿပီ။

ဒီျပႆနာဟာဘယ္မွာဆံုးမလဲ? ေလတပ္ကေတာ့ေလယဥ္ဆီေလာက္သာေရာင္းႏိုင္ပါတယ္။ေရတပ္ကငါးဖမ္းေလွေတြထံကသာရႏိုင္သလိုယခုရခိုင့္အက်ပ္အတည္းေၾကာင့္ဘိန္းသမားမ်ား၊ေဆးသမားမ်ားဟာပင္လယ္ျပင္ဘိန္းနဲ႔ေဆးျပားပို႔ေဆာင္ေရးအတြက္သံုးလာရပါၿပီ။မိခဲ့တဲ့ေလွဟာရခိုင္ဘက္ကလာၿပီးဘယ္လိုလြတ္လာသလဲဆိုတာလဲထပ္စစ္ေနရပါတယ္။

သမၼတကမူးယစ္နဲ႔အဂၢတိတိုက္ဖ်က္ေရးကိုသေဘာ႐ိုးနဲ႔လုပ္ခဲ့ေပမယ့္ယခုသမၼတႀကီးအကြက္ထဲမွာမထင္မွတ္ဘဲမိေနအစစ္ခံေနရသူေတြ၊ငါးႀကီးေတြရွိလာပါၿပီ။အဘကလဲေဆးမႈဆိုေတာ့ကယ္ရခက္ေနပါတယ္။

အေကာင္းဆံုးကေတာ့စစ္သားေတြကိုမိမိလစာကိုမျဖတ္ဘဲေပးႏိုင္ရင္အေကာင္းဆံုးပါ။ကမ႓ာေပၚကသာမန္တပ္ေတြလိုအရပ္ဖက္ကအစိုးရေအာက္ေရာက္မွဒီျပႆနာကေျပလည္ပါ့မယ္။မဟုတ္ရင္ေတာ့ဒီျပႆနာကတိုင္းျပည္ကို၂၀၀၈ေျခဥလိုဘဲဒုကၡေပးသြားမွာပါ။ရန္သူ႔ကိုေငြေၾကးေထာက္ပံ့တာ၊လက္နက္ေရာင္းတာဟာအျပဳတ္တိုက္တာထက္ဆိုးတယ္ဆိုတာေတာ့သေဘာေပါက္မွာပါ။

Unicode version

အထဲမှာဘယ်လောက်ရှုပ်နေသလဲ

မူးယစ်ဆေးဝါးဟာတိုင်းပြည်အတွက်မကောင်းမှန်းလူတိုင်းသိပါတယ်။ထို့အတူဘဲသူပုန်ကိုကူညီတာဟာအင်မတန်အပြစ်ကြီးတာကိုလဲပုံမှန်စစ်သားတိုင်းသိပါတယ်။ဒါကြောင့်ဒီလိုအမှုတွေကို၁၉၆၂ထဲကတပ်ထဲမှာအရေးယူလာခဲ့ပါတယ်။၁၉၈၈ကနေ၂၀၁၂အထိကအပြင်ကနေမြေကွက်တွေတရားဝင်ဂွင်တွေကနေပိုက်ဆံရနေလို့ဘိန်းကိစ္စ၊ဆေးပြားကိစ္စ၊လက်နက်ထုတ်ရောင်းတဲ့ကိစ္စတွေကနည်းပါတယ်။

ဒါပေမယ့်၂၀၁၂နောက်ပိုင်းမှာတော့တပ်တွင်းစီးပွားကပြောင်းလာပါတယ်။အရပ်သားတစ်ပိုင်းအစိုးရမိုလို့တိုက်ရိုက်ဂွင်နည်းလာပါတယ်။ယခင်လက်နက်ဝယ်တာကစစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးကနေယခုမအလကိုယ်တိုင်ဆင်းဝယ်လာလို့ကကနက်ညွှန်ချုပ်တောင်ဂွင်ကျဉ်းလာပါတယ်။ဒါတင်လားဆိုတော့မဟုတ်သေးပါ။ဒါကြောင့်ကျောက်တွင်းတွေ၊သစ်မှောင်ခိုတွေ၊ဘိန်းသမားတွေမိမိနယ်မြေဖြတ်တာကိုစရဖနဲ့သက်ဆိုင်ရာစစ်ကြောင်းတွေကဆက်ကြေးကောက်သလိုအထက်ကိုလဲဆက်ရပါတယ်။နောက်ပိုင်းမှာဒီငွေနဲ့ကဝေစုမလောက်သလိုဖြစ်လာပြီးဆေးပြားတွေ၊ဘိန်းတွေကိုတပ်ရင်းထဲမှာထားလာလို့ဒုတပ်ချုပ်ကိုယ်တိုင်လိုက်ပြောလာရပါတယ်။အချို့အသေးအဖွဲကမိပေမယ့်အကြီးအမားကတော့မမိပါ။

ယခင်ကမန္တလေးနန်းတွင်းအပြီးနောက်ပိုင်းရခိုင်ဘက်မှာအလုံးအရင်းနဲ့မိလို့တပ်ပြောင်းတာတွေလုပ်လာရပါတယ်။ဒီကြားထဲမှာနိုင်ငံရေးအရယခင်ကဓာတ်ခဲရဲ့အရပ်သားနဲ့ဒေသခံတပ်ကလူများဆေးပြားများ၊ဘိန်းများသယ်ကြပါတယ်။သူတို့ဟာမဘသအောက်မှာဒီမိုအစိုးရဆန့်ကျင်ရေးအောက်မှာလုပ်ခဲ့လို့မိမိတို့တပ်ကလူများကတိုင်းရင်းသားမဘသများလို့သာထင်ပေမယ့်ယခုနောက်ပိုင်းထိုသူများဟာဓာတ်ခဲဖြစ်နေလို့တပ်မှာသိုလှောင်ဖြန့်ဖြူးခဲ့တာဟာဓာတ်ခဲအတွက်ရန်ပုံငွေရှာပေးခဲ့သလိုဖြစ်နေခဲ့ပါတယ်။ကြီးမားတဲ့သင်ခန်းစာပါ။

ယခုဓာတ်ခဲနဲ့ဖြစ်စဉ်မှာတော့သူ့ရိက္ခာ၊လက်နက်သယ်တယ့်လမ်းကြောင်းဟာပြည်မဘက်ကဖြစ်နေလို့ဖြတ်တောက်စစ်ရာကဆေးပြားတွေဘိန်းတွေမိပြီးအဲ့ဒါတွေဘယ်မှာထားသလဲလိုက်စစ်ရာကနေတပ်ထဲအထိမီးခိုးကြွက်လျှောက်လိုက်လာနေပါပြီ။

ဒီပြဿနာဟာဘယ်မှာဆုံးမလဲ? လေတပ်ကတော့လေယဉ်ဆီလောက်သာရောင်းနိုင်ပါတယ်။ရေတပ်ကငါးဖမ်းလှေတွေထံကသာရနိုင်သလိုယခုရခိုင့်အကျပ်အတည်းကြောင့်ဘိန်းသမားများ၊ဆေးသမားများဟာပင်လယ်ပြင်ဘိန်းနဲ့ဆေးပြားပို့ဆောင်ရေးအတွက်သုံးလာရပါပြီ။မိခဲ့တဲ့လှေဟာရခိုင်ဘက်ကလာပြီးဘယ်လိုလွတ်လာသလဲဆိုတာလဲထပ်စစ်နေရပါတယ်။

သမ္မတကမူးယစ်နဲ့အဂ္ဂတိတိုက်ဖျက်ရေးကိုသဘောရိုးနဲ့လုပ်ခဲ့ပေမယ့်ယခုသမ္မတကြီးအကွက်ထဲမှာမထင်မှတ်ဘဲမိနေအစစ်ခံနေရသူတွေ၊ငါးကြီးတွေရှိလာပါပြီ။အဘကလဲဆေးမှုဆိုတော့ကယ်ရခက်နေပါတယ်။

အကောင်းဆုံးကတော့စစ်သားတွေကိုမိမိလစာကိုမဖြတ်ဘဲပေးနိုင်ရင်အကောင်းဆုံးပါ။ကမ႓ာပေါ်ကသာမန်တပ်တွေလိုအရပ်ဖက်ကအစိုးရအောက်ရောက်မှဒီပြဿနာကပြေလည်ပါ့မယ်။မဟုတ်ရင်တော့ဒီပြဿနာကတိုင်းပြည်ကို၂၀၀၈ခြေဥလိုဘဲဒုက္ခပေးသွားမှာပါ။ရန်သူ့ကိုငွေကြေးထောက်ပံ့တာ၊လက်နက်ရောင်းတာဟာအပြုတ်တိုက်တာထက်ဆိုးတယ်ဆိုတာတော့သဘောပေါက်မှာပါ။

949 views1 comment

1 Comment


U Tin Swe Win
U Tin Swe Win
Jun 10, 2019

အေတာ္ကိုစကားလံုးရွာမရေလာက္ေအာင္ဆိုးရြားလွပါေၾကာင္း...

Like
bottom of page