top of page
Search
  • Writer's pictureMyat Tun Oo

အပေါ်မှအောက်သို့လား အောက်မှအပေါ်သို့လား(Top down or bottom up)


အပေါ်မှအောက်သို့လား အောက်မှအပေါ်သို့လား(Top down or bottom up)

NUG ကိုဝေဖန်သူများက NUG က အပေါ်ကနေ အမိန့်ပေးနေတယ် ဘာညာဆိုပြီး ဝေဖန်ကြပါတယ်။ ဒီလိုဝေဖန်ရုံနဲ့အားမရဘဲ အဆိုပါလူတွေက တိုင်းရင်းသားအဖွဲ့တွေကတော့ အောက်ကနေအပေါ်(Bottom up)သွားလို့ ပိုအောင်မြင်တယ်ဆိုပြီး ဥပမာပေး ဂျင်းထည့်တာတွေ့ရပါတယ်။

ဒီကိစ္စမှာ ကမ္ဘာပေါ်က အောင်မြင်တဲ့နိုင်ငံတွေ အဖွဲ့အစည်းတွေ ကုမ္ပဏီတွေရဲ့ ဥပမာတွေကိုကြည့်ပြီး ရှင်းပြလိုပါတယ်။ ထို့အတူ စစ်ရေး၊ နိုင်ငံရေးဝေဖန်သူများရဲ့ ဥပမာအနေနဲ့သုံးတဲ့ ပြည်တွင်းကတိုင်းရင်းသားလက်နက်ကိုင်များက အောက်မှအပေါ်သို့ (bottom up) တက်လို့ အောင်မြင်တယ်ဆိုတဲ့အရာကိုလည်း ဟုတ်မဟုတ် သက်သေအထောက်အထားနဲ့ တင်ပြလိုပါတယ်။

ကမ္ဘာပေါ်ကနိုင်ငံတွေကိုလေ့လာကြည့်ပါ။ ဒီမိုကရေစီစနစ်ကနေပြီးတော့ လူထုရဲ့ကိုယ်စားလှယ်တွေကို မဲပေးရွေးချယ်ပါတယ်။ ထိုရွေးချယ်သူတွေက ပြန်ပြီးအုပ်ချုပ်ပါတယ်။ ကမ္ဘာပေါ်မှာချမ်းသာနေတဲ့ နိုင်ငံအများစုက ထိုစနစ်ကိုသုံးပါတယ်။ ပြည်သူကရွေးကောက်ထားတဲ့ကိုယ်စားလှယ်ကနေပြီးတော့ပြန်အုပ်ချုပ်တာပေါ့။။ NUG ကိုပြန်ပြီးလေ့လာကြည့်ရင် သူကလဲ ပြည်သူတွေကတင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကနေ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကနေပြီးတော့ပြန်အုပ်ချုပ်တာပါ။ အောက်ကရွေးလိုက်ပြီးမှအဲဒီရွေးကောက်ခံတဲ့လူကပြန်ပြီးအမိန့်ပေးအုပ်ချုပ်တာပါ။ အမေရိကန်မှာသမ္မတ အင်္ဂလန်မှာဝန်ကြီးချုပ် ပြင်သစ်မှာကသမ္မတဖြစ်ပြီး သူတို့ကအဓိက အာဏာရှိကြပါတယ်။ ကမ္ဘာပေါ်က အအောင်မြင်ဆုံး Apple က Steve Jobs က ထောင်ခဲ့သလို Tesla ကုမ္ပဏီကလဲ Elon Musk ကတည်ထောင်ပြီး သွားနေတာပါ။ Amazon ကလဲ Jeff Bezos က တည်ထောင်ပြီး အပေါ်ကနေ အောက်ကိုသွားတာပါ။ သူတို့က Top down အပေါ်က အောက်ကိုသွားတာပါ။ ဒါက စစ်ရေးဝေဖန်သူ NUG ကိုဝေဖန်သူကို ကမ္ဘာ့ဥပမာအနေနဲ့ ဗဟုသုတပြောပြတာပါ။

ပြည်သူကမရွေးဘဲ မိမိဖာသာ မိမိတို့ရဲ့မိမိပါတီကခေါင်းဆောင်တင်ပြီးအုပ်ချုပ်နေတဲ့ တရုတ်နိုင်ငံကလဲတိုးတက်နေတာတွေ့ပါတယ်။ မြောက်ကိုရီးယားကတော့ မတိုးတက်ပါ။ ဗီယက်နမ်လဲ အတိုင်းအတာတစ်ခုအထိတိုးတက်နေတာတွေ့ရပါတယ်။ ဒါပေမယ့် အဆိုပါနိုင်ငံတွေက အနည်းစုပါ။

ဒါဆိုရင်NUG ကိုဝေဖန်တဲ့ စစ်ရေးနိုင်ငံရေးသုံးသပ်တဲ့သူတွေပြောတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက အောက်ခြေကနေအထက်ကိုတက်လာ(Bottom up)မိုလို့ အောင်မြင်တယ်ဆိုတဲ့ ဥပမာကို တစ်ဖွဲ့ချင်းစီကို ပေါ်တင်ဝေဖန်ပြီးလေ့လာကြည့်ရအောင်။ AA မှာ အစ်ကိုထွန်းက တပ်ထောင်ပြီးတော့ အထက်မှအောက်ကို အမိန့်ပေးအုပ်ချုပ်တာပါ။ သူကပါတီထောင်ပြီး သူ့စစ်တပ်က သူ့အောက်မှာပါ။ သူကအအောင်မြင်ဆုံးပါ။ သူကBottom up မဟုတ်ပါ။ အထက်မှအောက်(Top down)ပါ။ နောက်အောင်မြင်တဲ့ MNDAA လေ့လာကြည့်ရအောင်။ သူကလည်းသူ့ပါတီကနေပြီးတော့ အောက်ကိုဆင်းလာတာပါ။ သူ့အဖေသေတဲ့အချိန်မှာ သူ့သားကိုအာဏာပေးတာပါ။ အဲ့ဒါ အပေါ်ကနေ အောက်ကိုသွားတာမဟုတ်လို့ ဘာများပါလဲ? ဒါကဘယ်လိုလုပ်ပြီးအောက်ခြေကနေ အထက်တက် bottom up စနစ်လို့ ဝေဖန်သုံးသပ်သူက ပြောတာဘာလဲ။။ ထိုအတူပါဘဲ အအောင်မြင်ဆုံး ဝ က အပေါ်ကနေ အမိန့်ပေးတာလား အောက်ကတက်တာလား ပြည်သူအားလုံးသိမှာပါ။ သူ့ထက် ပိုပြီးသိသာတဲ့ဥပမာက ကရင်နီမှာပါ။။ ဘယ်ပြည်သူမှမရွေးထားဘဲ knpp party က အပေါ်ကနေသူ့ဖာသာသူ အုပ်ချုပ်ပြီးဖွဲ့ထားတာပါ။ ကရင်နီက လက်နက်ဝယ်ဖို့ ငွေအများစုက KNPP ကမဟုတ်ဘဲ နိုင်ငံခြားက အမေစုသားသမီးတွေက ထောက်ပံ့ထားတာပါ။ သူတို့က လူမျိုးစွဲကင်းပါတယ်။ အောက်ခြေက ရွေးကောက်တင်မြောက်ပြီးဖွဲ့ထားတဲ့အဖွဲ့ဆိုလို့ ကြံဖန်ပြောပါဆိုရင် KNU အဖွဲ့သာ ရှိပါတယ်။ KNU အောင်မြင်လား မအောင်မြင်နေလားက စာဖတ်သူတွေသာဆုံးဖြတ်ပါ။။

အကျဉ်းချုပ်ရရင် တော်လှန်ရေးအောင်ဖို့က NUG ဦးဆောင်မှုက သူလုပ်နိုင်တဲ့အတိုင်းအတာအထိ သူအစွမ်းကုန်လုပ်ပြီးပါပြီ။ အမေ့သားသမီးတွေကလည်း အစွမ်းကုန်အလျှော့ပေးပြီးပါပြီ။ ခင်ဗျားတို့ပြောသလို တိုင်းရင်းသားလက်နက်ကိုင်တွေက တိုက်နိုင်လို့တိုက်ကြတယ်ဆိုလို့ရှိရင် နှစ်ပေါင်း၆၀တောင်စောင့်နေစရာမလိုပါဘူး။ စစ်အစိုးရ စစ်အာဏာရှင်စနစ်ပြုတ်ကျသွားတာ ကြာခဲ့ပါပြီ။ အရူးထတဲ့စကားတွေ လေလှိုင်းပေါ်မှာ လျှောက်မပြောကြပါနဲ့။ ယခုအချိန်မှာက NLD ကထွက်တဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေက အတွေးအခေါ်ပြောင်းလဲပြီးလှုပ်ရှားနေကြပါပြီ။ အတွေးအခေါ်ပြောင်းရမှာကတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက NUG ကိုဘယ်လိုသဘောထားလဲ။ ဒီတော်လှန်ရေးကိုဘယ်လိုပုံနဲ့ အဆုံးသတ်ချင်လဲ? ဘာဖြစ်ချင်လဲဆိုတာပါ။ မိမိနေရာမှာမိမိဘယ်သူတွေနဲ့အုပ်ချုပ်ရုံမကလို့ ဘာစနစ်နဲ့အုပ်ချုပ်အုပ်ချုပ် သီးခြားနိုင်ငံထူထောင်တောင် ဘာမှပြဿနာမရှိပါ။။ ဗမာနယ်က အုပ်ချုပ်ရေးကိုတော့ ဗမာတွေအဖွဲ့ကွဲအောင် ဟိုအဖွဲ့မြှောက်ပေး ဒီအဖွဲ့မြှောက်ပေး ဟိုလက်နက်ကိုင်ကို ထောက်ခံစာပို့တဲ့ အချိုးတွေကတော့ပြင်ရပါလိမ့်မယ်။ အမေ့သားသမီးများလည်း အညာကိုမမေ့ပါနဲ့။ အညာကိုထောက်ပံ့ပေးပါ။ အညာကိုထောက်ပံ့ရာမှာ နဂါးလိုကောင်တွေကိုရှောင် ကွန်မြူနစ်တွေကိုရှောင်ပြီး NUG PRF ကတဆင့် ထောက်ပံ့ပေးပါး။ NUG PDF အင်အားရှိမှ တရုတ်ရန်၊ အမေရိကန်ရန်ကို တွန်းလှန်နိုင်မှာပါ။

(စာကြွင်း/Disclaimer: ယခုဆောင်းပါးသည် စာရေးသူရဲ့ အာဘော်သာဖြစ်ပြီး NLD/NUG နှင့်မသက်ဆိုင်ပါ။)

281 views0 comments

Comments


bottom of page