ရုရှားက ပုံမှန်မေလမှာ V day လို့ခေါ်တဲ့ နာဇီဂျာမနီကို အောင်မြင်တဲ့နေ့ကို မေလမှာ ကျင်းပလေ့ရှိပါတယ်။ ဒီနှစ် ၂၀၂၀ မှာ ၇၅ နှစ် စိန်ရတုပါ။ ဒါပေမယ့် ကိုဗစ်ကြောင့် ဇွန် ၂၄ ကို ရွှေ့လိုက်ရပါတယ်။၁၈ နိုင်ငံက တပ်တွေ စစ်ရေးပြပါမယ်။ ပထမက ဒီပွဲအပြီး သမ္မတပူတင်သက်တမ်းတိုးဖို့ ဆန္ဒခံယူပွဲလုပ်ဖို့ ပြင်ထားခဲ့တာပါ။ ယခုကတော့ ကိုဗစ်က မွှေလိုက်ပုံပါ။
ဒီပွဲကို ပထမက ထရမ့်၊ ပြင်သစ်သမ္မတ မာကွန်းနဲ့ တရုတ်သမ္မတရှီ၊ အင်္ဂလိပ်ဝကခ ဂျွန်ဆင်တို့ကို ဖိတ်ခဲ့ပါတယ်။ အများစုက ကိုဗစ်ကြောင့် ငြင်းခဲ့ပါတယ်။ အိန္ဒိယက ကာကွယ်ရေးဝန်ကြီးကိုလွှတ်လိုက်ပါတယ်။ ဆာဘီးယား၊ ကာဇစတ္တန်စတဲ့ ရုရှားဩဇာမလွတ်တဲ့ နိုင်ငံအချို့ကတော့ လာတက်ပါမယ်။ မကြာခင်က ဖိုက်ခဲ့တဲ့ တရုတ်နဲ့ အိန္ဒိယတပ်တွေလဲ စစ်ရေးပြရာမှာ ပါပါမယ်။
အဘက ပွဲတွေတက်ချင်တာကြာပါပြီ။ ရုရှားဟာ ကမ္ဘာပေါ်မှာ တတိယအများဆုံးရောဂါဖြစ်နေတဲ့တိုင်းပြည်ပါ။ အမှန်တကယ်ဆို ကာကွယ်ရေးဝန်ကြီးကို လွှတ်လိုက်ရင်ရပါတယ်။ ဒါဆိုဘာကြောင့်သွားရလဲ? အဘမှာ မိတ်ဆွေရှားနေပါတယ်။ မိတ်ဆွေမရှိ ရန်သူသာရှိ၏ ဖြစ်နေပါတယ်။ အကယ်၍တရုတ်က ကုလမှာ မကယ်ရင် ရုရှားက ကယ်နိုင်အောင်လို့ ကပ်ထားရတာပါ။ ဒီကြားထဲ မှာထားတဲ့လေယဉ်အချို့က ပြီးလို့ ငွေချေရမှာပါ။ အဘပွဲပေါ့။ အဘနဲ့ပါသွားသူက များပါတယ်။ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီးမိုးအောင်တို့လဲ သူနဲ့အတူပါသွားပါတယ်။
ရုရှားက မြန်မာပြည်ကို ကံကောင်းခြင်း လက်ဆောင်များပေးနိုင်မလား မျှော်လင့်မိပါတယ်။
Photo source: တပ်မတော်ဦးစီးချုပ်ရုံး၊ RUPTLY
တပ်မတော် ရဲ့ သိက္ခါ ကို ငရဲ
ရော က်အောင်ဆွဲချနေသူ