top of page
Search
  • Writer's pictureMyat Tun Oo

အဘ၏ မီးနီဖြတ်မောင်းသော တရုတ်


အဘ၏ မီးနီဖြတ်မောင်းသော တရုတ်

ယခုရှမ်းမြောက်မှာ အတိုက်ခံရတာကို ဘောမတွေက တရုတ်ကို မဝံ့မရဲလေး အပြစ်တင်နေကြတာ အားလုံးသတိထားမိမှာပါ။ အဆိုပါကိစ္စ မတိုင်ခင်ကတော့ ဒီမိုတွေက မအလကို သင်္ဘောလှူလို့ တရုတ်ကို ဆဲခဲ့ပြီးပါပြီ။ တရုတ်ကတော့ ဒါက DASSK လက်ထက်က စာချုပ်ချုပ်တာကို လှူတယ်ဆိုပြီး ပြောပါတယ်။ ဒီမိုတွေက ပေါ်တင်ဆဲရဲခဲ့ပါတယ်။ ယခုက တရုတ်ဟာ ဘောမတွေရဲ့ ခိုးဆဲတာ ခံရတာပါ။ ဒါဆို ဘောမတွေက ဘာကြောင့် တရုတ်ကို ဆဲတာလဲ?

အားလုံးသိတဲ့အတိုင်း တရုတ်သံလာတာက DASSK မွေးနေ့မတိုင်ခင်ပါ။ တမင်လာတာလားတိုက်ဆိုင်တာလား စာရေးသူ သေချာမသိပါ။ သိတာက အနောက်နိုင်ငံ သံရုံးအချို့က Facebook မှာ DASSK မွေးနေ့မှာ ပန်းတင်တာလောက်နဲ့သာ မျက်နှာယူနေချိန်မှာ တရုတ်က DASSK နဲ့ တွေ့ဖို့ ထပ်တောင်းဆိုတာပါ။ ဘယ်အနောက်နိုင်ငံကမှ သူမမွေးနေ့မှာ သူမနဲ့ တွေ့ခွင့်ရဖို့ မတောင်းဆိုခဲ့ပါ။ ဒါက အရှိတရားပါ။  မတွေ့ခင်ကလဲ တွေ့လိုကြောင်း သံရုံးကတဆင့် ပြောခဲ့ပါတယ်။ သူက မအလရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ချိန် ထပ်တောင်းဆိုခဲ့တာပါ။ ထုံးစံ DASSK ရဲ့ ကျန်းမာရေးကို စိုးရိမ်ကြောင်း သူမက မြန်မာ့နိုင်ငံရေးမှာ အရေးပါသူဖြစ်ကြောင်း ပြောလေ့ရှိပါတယ်။ တရုတ်က ဝင်မစွက်ရေးမူအရ အသံအကျယ်ကြီး မအော်ပေမယ့် အာရှသဘောအရ ပြင်းထန်ပါတယ်။ မအလဟာ အဆိုပါကိစ္စမတိုင်ခင်ကထဲက တရုတ်မှာလုပ်မယ့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးညီလာခံကို သူ့မဖိတ်လို့ စိတ်ခုနေသူပါ။ နောက် တရုတ်ကြောင့် သူစစ်ရှုံးလို့လဲ တင်းနေတာပါ။ မအလက တရုတ်ကိုမုန်းကြောင်း တရုတ်ကြောင့် သူစစ်ရှုံးကြောင်းကိုတော့ တပ်တွင်း အစည်းအဝေးမှာ ခဏခဏ ပြောလေ့ရှိပါတယ်။ဒါကြောင့် တရုတ်ကို DASSK နဲ့ ပေးမတွေ့ဘဲ လုံခြုံတဲ့နေရာမှာရှိကြောင်း ကျန်းမာကြောင်းလောက်သာ ပြောပြီး ပြန်လွှတ်ခဲ့ပါတယ်။

မအလဟာ ရေရှည်မူဝါဒကိုချရာမှာ ရုရှားနဲ့ စစ်ရေးအရ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှသာ တရုတ်ကို တန်ပြန်နိုင်လိမ့်မယ်လို့ သုံးသပ်ထားပါတယ်။ ရုရှားထံက ဆီးရီးယားပြန် စစ်ရေးကျွမ်းကင်သူတွေက နေပြည်တော်မှာ အနီးကပ်သင်တန်းပေး ပံ့ပိုးပေးနေပါတယ်။ ဒါပေမယ့် မအလမှာ မရှိတာက ဆီးရီးယားမှာလို အာဆတ်ဘက်က ဝင်တိုက်ပေးမယ့် ဟစ်စဘိုလာတွေ မရှိတာပါ။ ဒါကို ပျူတွေ၊ တပ်သားသစ်တွေနဲ့ သွေးသစ်လောင်းဖို့ ကြိုးစားနေတာပါ။ ယခုလဲ အီရန်ထံ လေ့လာရေးလွှတ်ဖို့ ပြင်နေပါတယ်။

ဒါတွေမဖြစ်ခင် တရုတ်ကိုယ်စားလှယ် လက်ဗလာနဲ့ ပြန်အပြီးမှာ ရှမ်းမြောက်စစ်က တိုက်တိုက်ဆိုင်ဆိုင်ထဖြစ်လို့ ဘောမများက တရုတ်ကို တိုးတိုးလေးဆဲနေကြတာပါ။ သူတို့က ယခုလိုတိုက်တာဟာ သူတို့က တရုတ်ကိုယ်စားလှယ်ကို DASSK နဲ့ ပေးမတွေ့လို့ ဖိအားပေးတယ်ဆိုတာကို ပြောလိုပေမယ့် ပေါ်တင် မပြောရဲကြပါ။ ဒီကိစ္စက တကယ်ဟုတ် မဟုတ် စာရေးသူမသိပေမယ့် တရုတ်ကို ဒါကြောင့်ဖိအားပေးတိုက်တယ်ဆိုပြီး မအလအတွင်းကနေ ကောလဟာလဖြန့်နေတာကတော့ တပ်တွင်းမှာ အသေအချာပါ။

ဒါ့အပြင် တရုတ်ဟာ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ပေါ်တင်မြှောက်ပေးတာ၊ ဒုဗိုလ်ချုပ်ကြီးရာပြည့်ကို ဆုပေးပြီး မြှောက်ပေးတာ၊ မအလဆရာတွေနဲ့တွေ့ပြီး မြန်မာ့အရေးမှာ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ လက်ရှိလမ်းကြောင်းကနေပြောင်းဖို့ ဖိအားပေးတာတွေက မအလကို အင်မတန် ဒေါသဖြစ်စေခဲ့ပါတယ်။

ဒါဆို တရုတ်က ဘာတွေ တောင်းဆိုနေလဲ? ဖယ်ဒရယ် ဒီမိုကရေစီတွေဘာတွေ တောင်းဆိုနေတာ မဟုတ်ပါ။ အမေရိကန်လို ဒီမိုကရေစီပေးဖို့ တောင်းဆိုနေတာမဟုတ်ပါ။ သူကလာရင် DASSK နဲ့ တွေ့ခွင့်တောင်းတာ၊ မြန်မာ့အရေးကို သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ သူ့ကို အကူအညီတောင်းရင် ကူပေးမယ်လို့ မအလကို ပြောတာ၊ DASSK ကျန်းမာရေးကို စိုးရိမ်တယ်ပြောတာ၊ မအလဆရာတွေကတဆင့် လက်ရှိမအလသွားနေတဲ့ လမ်းကြောင်းကို ပြောင်းဖို့တိုက်ရိုက်ပြောတာတွေက မအလအတွက် မီးနီတွေကို တရုတ်က ဖြတ်လာနေတာပါ။ မအလက တရုတ်ကပြောတဲ့ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံရာမှာ ကူညီမယ်ဆိုတာကို DASSK အတွက်မသုံးဘဲ မြောက်ပိုင်းနဲ့သာ အကူအညီတောင်းပြီး အသုံးချတာပါ။ ယခင်က တရုတ်ဖိအားကြောင့် မအလတပ်ထဲက ခေါင်းဆောင်ပိုင်းကို ဖမ်းရတာတွေရှိလာနေပြီး ယခု မြှားဦးက မအလထံ မရည်ရွယ်လဲ ရောက်လာနေသလိုပါ။

ယခုရက်ပိုင်းမှာ မအလတုန့်ပြန်တဲ့အပေါ်မူတည်ပြီး တရုတ်က မြောက်ပိုင်းသုံးဖွဲ့ကို ဖိအားက ရှိလာနိုင်ပါတယ်။ မအလက သိန်းစိန်ကတဆင့် ဘာပြောသလဲမသိပေမယ့် DASSK ကို သမ္မတ ဦးဝင်းမြင့်နဲ့ ပေးတွေ့မလား ပြီးရင် NLD CEC နဲ့ ပေးတွေ့မလားဆိုတာကနေ မအလဘယ်လမ်းဆက်သွားမလဲ မှန်းဆနိုင်မှာပါ။

စာရေးသူအထင်ကတော့ မြောက်ပိုင်းကတိုက်ပွဲတွေက တရုတ်နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ မထင်ပါ။ တရုတ်က ဖိအားပေးလို့ အတိုင်းအတာတစ်ခုအထိ ရနိုင်ပေမယ့် တရုတ်အနေနဲ့လဲ သူတောင်းထားတာကို မအလက တစ်ခုမှမလုပ်ရင် ဖိအားပေးမယ်မထင်ပါ။ ဒီနေရာမှာ မအလက ကျောက်ဖြူထိုးကျွေးတာ ဘာညာနဲ့ တရုတ်ကို မျက်နှာလုပ်ရင်တောင် အဆိုပါဒေသတွေက မအလထိန်းချုပ်မှုအောက်မရှိလို့ တရုတ်ဟာ သက်ဆိုင်ရာအဖွဲ့တွေနဲ့ စကားပြောရမှာပါ။ မအလကလဲ တရုတ်တောင်းတဲ့ သယံဇာတ ပေးနိုင်ပေမယ့် DASSK နဲ့တွေ့ဖို့ သူဆင်းဖို့ကတော့ မီးနီပါ။ ယခုက အဆိုပါမီးနီကို တရုတ်က ဖြတ်ဖို့ ကြိုးစားနေပါတယ်။ မြန််မာပြည်မှာ မတည်ငြိမ်ရင် အပေါ်ယံမှာ တရုတ်အမြတ်ထွက်နိုင်ပေမယ့် ယခုလောက် ဇတ်မျောနဲ့ ဆီးရီးယားလိုဖြစ်ရင်တော့ တရုတ်အိမ်နောက်ဖက်ကို အမေရိကန်ကရောက်လာနိုင်သလို သူ့ရင်းနှီးမြုပ်နှံမှုတွေလဲ စိတ်မချရလို့ သူမကြိုက်တာ သေချာပါတယ်။ ဟိုသီပေါမင်းကြီးလဲ အင်္ဂလိပ်တောင်းဆိုတာမပေးဘဲ သူ့ကျွန်မခံပြီဆိုပြီး ခံချခဲ့သလို မအလကလဲ ခံချချင် ခံချမှာပါ။

ပြည်သူတွေက ချင်းနဲ့ ရှမ်းကို သင်ခန်းစာယူပါ။ စစ်ကိုင်းနဲ့ မကွေးမှာ NUG ကလွဲလို့ အခြားအဖွဲ့တွေကို မထောက်ခံမိပါစေမဲ့။ မဟုတ်ရင် ဗိုလ်များပြီး ၁၉၄၉၈ သံသရာလည်နိုင်လို့ပါ။ သတင်းတွေကို နှစ်ဖက်နားထောင်ပါ။ ပြည်သူတွေ၊ NUG နဲ့ PDF ကတော့ လက်ရှိ အခြေအနေကို မိမိအကျိုးရှိအောင် အသုံးချပြီး နယ်မြေချဲ့ထွင်ရမှာပါ။ နောက်ဆုံးကတော့ ပြည်သူကသာ ဆုံးဖြတ်သွားမှာပါ။

1,670 views0 comments

Comentários


bottom of page