စာရေးသူကICCPR ကိုဘာမှန်းမသိခဲ့ပါ။မနေ့ကလွှတ်တော်မှာဆွေးနွေးမှလေ့လာမိပါတယ်။သူကပြည်သူလူထုတွေရဲ့နိုင်ငံရေးဆိုင်ရာအခွင့်အရေးတွေကိုကာကွယ်ပေးမယ့်ကုလစာချုပ်တစ်ခုပါ။အဲ့ဒါကိုလက်မှတ်ထိုးလို့နိုင်ငံပျောက်သွားမယ်ဆိုပြီးထဆွေးနွေးတာကတော့ပေါပါတယ်။ဒီကြားထဲဖွတ်အမတ်ကမိမိသားသမီးကိုအိမ်ထဲမဆုံးမဘဲအပြင်လူခေါ်ဆုံးမခိုင်းတာသင့်တော်ပါ့မလားလို့မေးတော့သူကမိမိကလေးဆိုးတာကိုတော့သဘောတူတဲ့သဘောဖြစ်နေပါတယ်။
ဒီနေရာမှာလက်နက်ကိုင်များအားလုံးသတိထားရမှာလေးတွေရှိပါတယ်။အများစုကလောလောဆယ်မှာဘာဖြစ်ဖြစ်တပ်ကိုအပြစ်ပုံချပြီးတပ်ကလဲလွှတ်တော်မှာလူမုန်းစကားပြောတော့လူတွေကသူတို့အပြစ်ပုံချတာကိုပြန်မေးခွန်းမထုတ်လို့လွတ်နေခဲ့ပါတယ်။
ဒါပေမယ့်ရခိုင်မှာလူသတ်ခေါင်းဖြတ်တာဟာလူမျိုးရေးဆန်လာနေသလိုရှမ်းမှာလူမျိုးအချင်းချင်းသတ်တာကလဲလူမျိုးတုန်းမဟုတ်ရင်တောင်တိုက်ဆိုင်တာတော့မဟုတ်ပါ။အချို့လက်နက်ကိုင်များကနိုင်ငံရေးပါတီတွေနဲ့မြေပါ်မြေအောက်ဆက်သွယ်မှုရှိသလိုအချို့ကတော့မရှိပါ။လက်နက်ကိုင်များအနေနဲ့စဉ်းစားရမှာကဒီမိုအစိုးရကိုကန့်လန့်တိုက်ရင်းနဲ့လက်နက်ကိုင်တပ်ဖွဲ့ရဲ့ခေါင်းဆောင်တွေနိုင်ငံတကာခုံရုံးရောက်သွားနိုင်တယ်ဆိုတာပါ။
ယူဂိုဆလပ်မှာဆာဘီးယားစစ်ခေါင်းဆောင်တင်မဟုတ်ဘဲသူပုန်ကိုဆိုဗိုခေါင်းဆောင်လဲခုံရုံးရောက်ခဲ့ပါတယ်။ခရိုအေးရှားသူပုန်လဲခုံရုံးရောက်ခဲ့ပါတယ်။စစ်သဘောအရပါ။သူတို့ရဲ့နိုင်ငံရေးခေါင်းဆောင်တွေလဲယူဂိုဆလပ်ဆိုင်ရာနိုင်ငံတကာတရားရုံးကိုရောက်ခဲ့ပါတယ်။
ဒါရဲ့ကောင်းကွက်ကတိုင်းပြည်ဆူပူအောင်လုပ်၊လူသတ်မီးရိှု့သူများကိုကုလကအရေးယူရင်အကုန်လုံးကိုအရေးယူရတာပါ။ကောင်းတဲ့အချက်ကတပ်နဲ့အဘကိုဘင်္ဂါလီနဲ့အတူချောက်တွန်းရင်းကမိမိပါICC ရောက်သွားနိုင်တာပါ။ဒါဟာမြန်မာပြည်အတွက်ကောင်းလားဆိုတော့ဒီလက်နက်ကိုင်တွေဟာအလွန်ဆိုးတဲ့အဆင့်ကိုရောက်ရင်အဲ့ဒီလိုဖြစ်သွားတာကပိုကောင်းမယ်လို့လူတွေကထင်လာမှာပါ။လူတွေကိုခေါင်းဖြတ်သတ်တာ၊နေအိမ်မှာလာသတ်တာဟာတော်လှန်ရေးအတွက်သတ်တယ်ဆိုပြီးလိုင်စင်မပေးထားပါ။
ဒီနေရာမှာအစ္စရေးနဲ့ပါလက်စတိုင်းတိုက်တော့ပါလက်စတိုင်းကလဲသူအကြမ်းဖက်တာကိုသူ့နိုင်ငံလွတ်လပ်ရေးအတွက်လိုအပ်ချက်လို့ထောက်ပြပါတယ်။အဲ့ဒီမှာအစ္စရေးကပြောတာကကျွန်တော်တို့မနက်ကင်းလှည့်ထွက်တဲ့အခါအကြမ်းဖက်မှုကျူးလွန်မယ်ဆိုပြီးထွက်တာမဟုတ်ပါ။မတော်တဆသူပစ်ကိုယ်ပစ်ပြန်ပစ်ရင်းထိမိတာပါ။ပါလက်စတိုင်းကတော့အကြမ်းဖက်မှုကျူးလွန်မယ်ဆိုပြီးစိတ်ကူးနဲ့တိုက်တာပါ။စိတ်ဓာတ်ချင်း(moral authority) ယှဉ်လို့မရပါလို့ပြောသွားခဲ့ပါတယ်။အစ္စရေးကအမေရိကန်တပည့်ပါ။ဘာဖြစ်ဖြစ်အန်ကယ်ဆမ်ကကာကွယ်မှာပါ။မြန်မာပြည်မှာတော့တကွက်မှားရင်အားလုံးကိုICC ကကြိုဆိုပါတယ်ဖြစ်သွားပါမယ်။
အကြမ်းဖက်လိုသောအစွမ်းကုန်မိုက်လိုသောလက်နက်ကိုင်များအားလုံးစဉ်းစားနိုင်အောင်ပါ။
Zawgyi version
အဘ၊ လက္နက္ကိုင္မ်ား ႏွင့္ ICC
စာေရးသူက ICCPR ကို ဘာမွန္းမသိခဲ့ပါ။ မေန႔က လႊတ္ေတာ္မွာေဆြးေႏြးမွ ေလ့လာမိပါတယ္။ သူက ျပည္သူလူထုေတြရဲ့ နိုင္ငံေရးဆိုင္ရာအခြင့္အေရးေတြကို ကာကြယ္ေပးမယ့္ ကုလစာခ်ဳပ္တစ္ခုပါ။ အဲ့ဒါကို လက္မွတ္ထိုးလို႔ နိုင္ငံေပ်ာက္သြားမယ္ဆိုၿပီး ထေဆြးေႏြးတာကေတာ့ ေပါပါတယ္။ ဒီၾကားထဲ ဖြတ္အမတ္က မိမိသားသမီးကို အိမ္ထဲမဆုံးမဘဲ အျပင္လူေခၚဆုံးမခိုင္းတာ သင့္ေတာ္ပါ့မလားလို႔ေမးေတာ့ သူက မိမိကေလး ဆိုးတာကိုေတာ့ သေဘာတူတဲ့သေဘာျဖစ္ေနပါတယ္။
ဒီေနရာမွာ လက္နက္ကိုင္မ်ားအားလုံး သတိထားရမွာေလးေတြရွိပါတယ္။ အမ်ားစုက ေလာေလာဆယ္မွာ ဘာျဖစ္ျဖစ္ တပ္ကိုအျပစ္ပုံခ်ၿပီး တပ္ကလဲ လႊတ္ေတာ္မွာ လူမုန္းစကားေျပာေတာ့ လူေတြက သူတို႔အျပစ္ပုံခ်တာကို ျပန္ေမးခြန္းမထုတ္လို႔ လြတ္ေနခဲ့ပါတယ္။
ဒါေပမယ့္ ရခိုင္မွာ လူသတ္ေခါင္းျဖတ္တာဟာ လူမ်ိဳးေရးဆန္လာေနသလို ရွမ္းမွာ လူမ်ိဳးအခ်င္းခ်င္းသတ္တာကလဲ လူမ်ိဳးတုန္းမဟုတ္ရင္ေတာင္ တိုက္ဆိုင္တာေတာ့မဟုတ္ပါ။ အခ်ိဳ႕လက္နက္ကိုင္မ်ားက နိုင္ငံေရးပါတီေတြနဲ႔ ေျမပၚေျမေအာက္ဆက္သြယ္မွုရွိသလို အခ်ိဳ႕ကေတာ့ မရွိပါ။ လက္နက္ကိုင္မ်ားအေနနဲ႔ စဥ္းစားရမွာက ဒီမိုအစိုးရကို ကန႔္လန႔္တိုက္ရင္းနဲ႔ လက္နက္ကိုင္တပ္ဖြဲ႕ရဲ့ေခါင္းေဆာင္ေတြ နိုင္ငံတကာခုံ႐ုံးေရာက္သြားနိုင္တယ္ဆိုတာပါ။
ယူဂိုဆလပ္မွာ ဆာဘီးယားစစ္ေခါင္းေဆာင္တင္မဟုတ္ဘဲ သူပုန္ကိုဆိုဗိုေခါင္းေဆာင္လဲ ခုံ႐ုံးေရာက္ခဲ့ပါတယ္။ ခရိုေအးရွားသူပုန္လဲ ခုံ႐ုံးေရာက္ခဲ့ပါတယ္။ စစ္သေဘာအရပါ။ သူတို႔ရဲ့နိုင္ငံေရးေခါင္းေဆာင္ေတြလဲ ယူဂိုဆလပ္ဆိုင္ရာ နိုင္ငံတကာတရား႐ုံးကို ေရာက္ခဲ့ပါတယ္။
ဒါရဲ့ေကာင္းကြက္က တိုင္းျပည္ဆူပူေအာင္လုပ္၊ လူသတ္မီးရိွု႔သူမ်ားကို ကုလကအေရးယူရင္ အကုန္လုံးကို အေရးယူရတာပါ။ ေကာင္းတဲ့အခ်က္က တပ္နဲ႔အဘကို ဘဂၤါလီနဲ႔အတူ ေခ်ာက္တြန္းရင္းက မိမိပါ ICC ေရာက္သြားနိုင္တာပါ။ ဒါဟာ ျမန္မာျပည္အတြက္ေကာင္းလားဆိုေတာ့ ဒီလက္နက္ကိုင္ေတြဟာ အလြန္ဆိုးတဲ့အဆင့္ကိုေရာက္ရင္ အဲ့ဒီလိုျဖစ္သြားတာက ပိုေကာင္းမယ္လို႔ လူေတြကထင္လာမွာပါ။ လူေတြကိုေခါင္းျဖတ္သတ္တာ၊ ေနအိမ္မွာ လာသတ္တာဟာ ေတာ္လွန္ေရးအတြက္ သတ္တယ္ဆိုၿပီး လိုင္စင္မေပးထားပါ။
ဒီေနရာမွာ အစၥေရးနဲ႔ ပါလက္စတိုင္းတိုက္ေတာ့ ပါလက္စတိုင္းကလဲ သူအၾကမ္းဖက္တာကို သူ႔နိုင္ငံလြတ္လပ္ေရးအတြက္ လိုအပ္ခ်က္လို႔ ေထာက္ျပပါတယ္။ အဲ့ဒီမွာအစၥေရးကေျပာတာက ကၽြန္ေတာ္တို႔ မနက္ကင္းလွည့္ထြက္တဲ့အခါ အၾကမ္းဖက္မွုက်ဴးလြန္မယ္ဆိုၿပီး ထြက္တာမဟုတ္ပါ။ မေတာ္တဆ သူပစ္ကိုယ္ပစ္ ျပန္ပစ္ရင္း ထိမိတာပါ။ ပါလက္စတိုင္းကေတာ့ အၾကမ္းဖက္မွုက်ဴးလြန္မယ္ဆိုၿပီး စိတ္ကူးနဲ႔ တိုက္တာပါ။ စိတ္ဓာတ္ခ်င္း (moral authority) ယွဥ္လို႔မရပါလို႔ ေျပာသြားခဲ့ပါတယ္။ အစၥေရးက အေမရိကန္တပည့္ပါ။ ဘာျဖစ္ျဖစ္ အန္ကယ္ဆမ္က ကာကြယ္မွာပါ။ ျမန္မာျပည္မွာေတာ့ တကြက္မွားရင္ အားလုံးကို ICC က ႀကိဳဆိုပါတယ္ ျဖစ္သြားပါမယ္။
အၾကမ္းဖက္လိုေသာ အစြမ္းကုန္ မိုက္လိုေသာ လက္နက္ကိုင္မ်ားအားလုံး စဥ္းစားနိုင္ေအာင္ပါ။
ความคิดเห็น