အဘ အမြင် ၅ မြင်နဲ့ အုပ်ချုပ်ခဲ့ရာဝယ်
ဘပုက နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှာ နိုင်ငံတော်အဆင့် မူဝါဒချမှတ်ရာမှာ နိုင်ငံရေး၊ စီးပွါးရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးနဲ့ နိုင်ငံတကာအမြင်တို့ကို ထည့်သွင်းစဉ်းစားမှ အောင်မြင်မယ်ဘာညာဆိုပြီး မိန့်ခွန်းပြောသွားပါတယ်။ ဒါမျိုးက အစိုးရအောက်မှာသာတပ်ရှိရင် မပြောရဲပါ။ ဒါကပထမအချက်။ ယခုလို ICJ ရော ICC ကပါ ဝိုင်းနေချိန် ပါးစပ်မပိတ်ထားတာကလဲ ဘာပြောရမှန်းတောင်မသိပါ။
ဒီနေရာမှာ အဲ့ဒီအမြင် ငါးမြင်နဲ့ နေဝင်းမှသည် ဘစိန်အထိခအုပ်ချုပ်ခဲ့လို့ မြန်မာပြည်ကို စစ်မတိုက်ဘဲတရုတ်က သိမ်းသွားခဲ့သလို မြန်မာပြည်ကလဲ အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားခဲ့ပါတယ်။ အကယ်၍မြန်မာပြည်သာ စင်ကာပူလို ဒါမှမဟုတ် လက်ရှိတရုတ်ပြည်လောက် တိုးတက်ခဲ့ရင်တောင် ငါတို့ကအမြင် ငါးမြင်နဲ့ အုပ်ချုပ်လို့ဆိုရင် လက်ခံပေးလို့ရပါတယ်။
ဒီနေရာမှာ အဲ့ဒီအမြင်တွေဟာ နိုင်ငံရေးသမားကို အကြံပေးသူမှာသာ ရှိရမှာပါ။ နောက်ဆုံးမှာ ပြည်သူတင်ထားတဲ့ နိုင်ငံရေးသမားကသာ ဆုံးဖြတ်ရပါတယ်။ အဲ့ဒီနိုင်ငံရေးသမား ဆုံးဖြတ်တာကို မလိုက်နာတဲ့ တပ်ချုပ်ရှိတဲ့တိုင်းပြည်ဟာ မတိုးတက်နိုင်ပါလို့သာ ပြောပါရစေ။ ကလင်တန်ရော အိုဘားမားရောထရမ့်ပါ စစ်မှုမထမ်းဖူးပါ။ မိုဒီလဲ စစ်ထဲမဝင်ဖူးပါ။ အိုဘားမားက ဘင်လာဒင်ကို အထူးတပ်ဖွဲ့နဲ့ ဝင်ဖမ်းဆိုရင် တပ်က လိုက်လုပ်ရပါတယ်။ ထို့အတူ ထရမ့်က အယ်ဘဂဒီကို ဝင်ဖမ်းသတ်ဆိုရင် တပ်ကလုပ်ရပါတယ်။ မိုဒီက ကက်ရှမီးယားမှာ အစွန်းရောက်ကို ရှင်းမယ် တပ်ရွှေ့ဆို တပ်ကလုပ်ရပါတယ်။
မြန်မာပြည်ရဲ့ ပြဿနာတွေက လက်ရှိအစိုးရက အမြင်မရှိတာမဟုတ်ဘဲ တပ်က အစိုးရပြောတာကိုမလုပ်လို့ ဖြစ်နေတာလို့ အဘကို ပြောပါရစေ။
Comments