top of page
Search
Writer's pictureMyat Tun Oo

အဘတစ်ယောက်သက်တမ်းတိုးခြင်း


အားလုံးသိတဲ့အတိုင်း DSA 22 ဆင်း ဒုဗိုလ်ချုပ်ကြီးကျော်ဆွေကို ၆၀ ပြည့်လို့ အငြိမ်းစားပေးသလိုနဲ့ပြန်ခေါ်ပြီး တပ်ထဲမှာလဲ ရှာမရဖြစ်နေတာ ကြာခဲ့ပါပြီ။ သူက အလုပ်မဆင်းဘဲ ဘာလို့အပြင်မထွက်ရတာလဲတော့ စာရေးသူလဲမသိပါ။

ယခုသိတာကတော့ အဘက သူကြိုက်သူတစ်ယောက်ကိုတော့ သက်တမ်းတိုးပေးလိုက်တယ်ဆိုတာပါ။ လေတပ်မှာတော့ အဘခင်အောင်မြင့်က ၆၀ ပြည့်ချိန်မှာ မအလက သက်တမ်းတိုးဖို့ပြောပေမယ့်မတိုးဘဲ ထွက်သွားခဲ့ပါတယ်။ သူက ဘင်္ဂါလီကိစ္စမဖြစ်ခင် လွတ်သွားတာပါ။ ဒါကြောင့်သူက sanction မထိဘဲ ကမ္ဘာပတ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကာကွယ်ရေးဦးစီးချုပ် ရေ ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းကတော့ DSA 23 ဆင်းဖြစ်ပြီး ဒီနှစ်မှာ ၆၀ ပြည့်မှာကို အဘအဖွဲ့က သက်တမ်းတိုးပေးလိုက်ပါတယ်။

အဘက သေဖော်ညှိတဲ့သဘောပါ။ ရေတပ်ကလူတွေတော့ တက်လမ်းပိတ်ပါပြီ။

ဥပဒေက အောက်တမျိုး အထက်တမျိုး ဖြစ်လို့မရပါ။

သက်တမ်းတိုးရဖို့က ဘာအရည်အချင်းတွေရှိရမယ်ဆိုတာ အဘအနေနဲ့ အောက်ကလူတွေကို ပြောပြထားသင့်ပါတယ်။

10,269 views0 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

Comments


bottom of page