top of page
Search
Writer's pictureMyat Tun Oo

အဘနှင့်အစိုးရထောက်ခံသူတပ်မတော်သားအချို့ အဘႏွင့္အစိုးရေထာက္ခံသူတပ္မေတာ္သားအခ်ိဳ႕



၂၀၁၆မတိုင္ခင္ကNLD ကအတိုက္အခံပါ။ဒါေၾကာင့္ေျခဥျပင္ဖို႔လက္မွတ္ထိုးရင္ဖမ္းျပရတာလြယ္ပါတယ္။ဖမ္းၿပီးပုဒ္မတစ္ခုေကာက္တတ္လိုက္ရင္အဆင္ေျပပါတယ္။

၂၀၁၆မွာNLD အစိုးရဟာေရြးေကာက္ပြဲႏိုင္ၿပီးတရားဝင္အစိုးရျဖစ္လာပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ဟာလဲႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံအေနနဲ႔သတင္းစာေတြ၊တီဗီေတြထဲမွာပါလာေတြ႕လာရပါတယ္။ဒီအခ်ိန္မွာအေကာင့္တုအခ်ိဳ႕ကအစိုးရမေကာင္းေၾကာင္းပံုမွန္ေရးၿပီးဂန္ဒူးႏိုင္ငံေရးလုပ္တာေတာ့စာဖတ္သူမ်ားသိၿပီးသားျဖစ္မွာပါ။

ဘာကထူးျခားလဲဆိုေတာ့အဲ့ဒီFacebook မွာဘဲအစိုးရေကာင္းေၾကာင္းေရးလာတဲ့စစ္သားေတြရွိလာတာပါ။သူတို႔က ဘယ္ပါတီေထာက္ခံေၾကာင္းေျပာတာမဟုတ္သလိုေျခဥျပင္တာကိုေထာက္ခံတာလဲမဟုတ္ပါ။ဒါေပမယ့္သူတို႔ဟာအစိုးရလုပ္တာကိုေကာင္းတာေျပာတာေတြကိုေထာက္ခံတာ၊ေရးတာ၊ရွယ္တာေတြလုပ္လာၾကပါတယ္။အခ်ိဳ႕ကလဲငါတို႔ဘဝေတြအရပ္သားသာဝန္ႀကီးျဖစ္ရင္ပိုေကာင္းမွာလို႔ေရးသူမ်ားလဲရွိပါတယ္။ထိုသူမ်ားမွာလက္ရွိတပ္သားမွဗိုလ္မႉးအဆင့္ေလာက္အထိရွိတာေတြ႕ရပါတယ္။

ဒီအုပ္စုကိုစရဖကေတြ႕ေပမယ့္သူတို႔ဟာဘာျပစ္မႈမွတကယ္မက်ဴးလြန္လို႔ဘာနဲ႔ကိုင္ရမွန္းမသိျဖစ္ေနပါတယ္။အထက္ကိုေျပာထားတာေတာ့ဒီလူေတြဟာတပ္ကထြက္ခ်င္သူေတြျဖစ္ေၾကာင္းတင္ျပထားပါတယ္။အဘရဲ႕ျပႆနာကသူတို႔ကိုတပ္ကထုတ္လိုက္ရင္ေနာက္တပ္ကထြက္ခ်င္သူကဒီလိုလိုက္လုပ္ရင္ဘယ္လိုလုပ္မလဲစဥ္းစားရပါတယ္။တပ္သား၊တပ္ၾကပ္ႀကီးအဆင့္ေတြကတပ္ထဲမွာလိုေနပါတယ္။

ေနာက္ျပႆနာကသူတို႔ဟာအစိုးရကိုေထာက္ခံတယ္ဆိုတာေပၚတင္အေကာင့္စစ္နဲ႔ေရးထားလို႔ဘာမွမလုပ္ရင္လဲေနာက္လူေတြကအတုယူလိုက္ေရးၿပီးတကယ္စိတ္ေျပာင္းသြားမွာကလဲရွိပါတယ္။ဒါကဘာကိုျပလာလဲဆိုေတာ့၂၀၂၀မွာတပ္မဲေတာင္ယခင္လို၁၀၀% ရဖို႔ခက္တယ္ဆိုတာကိုျပလာေနတာပါ။

အဘမွာလဲအဘျပႆနာနဲ႔ပါ။

Unicode version

အဘနှင့်အစိုးရထောက်ခံသူတပ်မတော်သားအချို့

၂၀၁၆မတိုင်ခင်ကNLD ကအတိုက်အခံပါ။ဒါကြောင့်ခြေဥပြင်ဖို့လက်မှတ်ထိုးရင်ဖမ်းပြရတာလွယ်ပါတယ်။ဖမ်းပြီးပုဒ်မတစ်ခုကောက်တတ်လိုက်ရင်အဆင်ပြေပါတယ်။

၂၀၁၆မှာNLD အစိုးရဟာရွေးကောက်ပွဲနိုင်ပြီးတရားဝင်အစိုးရဖြစ်လာပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာလဲနိုင်ငံတော်ရဲ့အတိုင်ပင်ခံအနေနဲ့သတင်းစာတွေ၊တီဗီတွေထဲမှာပါလာတွေ့လာရပါတယ်။ဒီအချိန်မှာအကောင့်တုအချို့ကအစိုးရမကောင်းကြောင်းပုံမှန်ရေးပြီးဂန်ဒူးနိုင်ငံရေးလုပ်တာတော့စာဖတ်သူများသိပြီးသားဖြစ်မှာပါ။

ဘာကထူးခြားလဲဆိုတော့အဲ့ဒီFacebook မှာဘဲအစိုးရကောင်းကြောင်းရေးလာတဲ့စစ်သားတွေရှိလာတာပါ။သူတို့က ဘယ်ပါတီထောက်ခံကြောင်းပြောတာမဟုတ်သလိုခြေဥပြင်တာကိုထောက်ခံတာလဲမဟုတ်ပါ။ဒါပေမယ့်သူတို့ဟာအစိုးရလုပ်တာကိုကောင်းတာပြောတာတွေကိုထောက်ခံတာ၊ရေးတာ၊ရှယ်တာတွေလုပ်လာကြပါတယ်။အချို့ကလဲငါတို့ဘဝတွေအရပ်သားသာဝန်ကြီးဖြစ်ရင်ပိုကောင်းမှာလို့ရေးသူများလဲရှိပါတယ်။ထိုသူများမှာလက်ရှိတပ်သားမှဗိုလ်မှူးအဆင့်လောက်အထိရှိတာတွေ့ရပါတယ်။

ဒီအုပ်စုကိုစရဖကတွေ့ပေမယ့်သူတို့ဟာဘာပြစ်မှုမှတကယ်မကျူးလွန်လို့ဘာနဲ့ကိုင်ရမှန်းမသိဖြစ်နေပါတယ်။အထက်ကိုပြောထားတာတော့ဒီလူတွေဟာတပ်ကထွက်ချင်သူတွေဖြစ်ကြောင်းတင်ပြထားပါတယ်။အဘရဲ့ပြဿနာကသူတို့ကိုတပ်ကထုတ်လိုက်ရင်နောက်တပ်ကထွက်ချင်သူကဒီလိုလိုက်လုပ်ရင်ဘယ်လိုလုပ်မလဲစဉ်းစားရပါတယ်။တပ်သား၊တပ်ကြပ်ကြီးအဆင့်တွေကတပ်ထဲမှာလိုနေပါတယ်။

နောက်ပြဿနာကသူတို့ဟာအစိုးရကိုထောက်ခံတယ်ဆိုတာပေါ်တင်အကောင့်စစ်နဲ့ရေးထားလို့ဘာမှမလုပ်ရင်လဲနောက်လူတွေကအတုယူလိုက်ရေးပြီးတကယ်စိတ်ပြောင်းသွားမှာကလဲရှိပါတယ်။ဒါကဘာကိုပြလာလဲဆိုတော့၂၀၂၀မှာတပ်မဲတောင်ယခင်လို၁၀၀% ရဖို့ခက်တယ်ဆိုတာကိုပြလာနေတာပါ။

အဘမှာလဲအဘပြဿနာနဲ့ပါ။

1,162 views0 comments

Comments


bottom of page