မနေ့ကအဘကတပ်တွေလိုက်စစ်တယ်။ဦးရွှေမန်းပြောခဲ့သလိုအဘကလဲတပ်တွင်းမှာဒီမိုကရေစီရှိတယ်ဆိုပြီးပြောပါတယ်။သူကဒါဘားကိုအခြေခံပြောပုံပါ။ဒါဟာယခင်ကနေ၁၉၉၀လောက်အထိတော့ရှိခဲ့မှာပါ။ဒါပေမယ့်နောက်ပိုင်းမှာဒါဘားဟာလဲတပ်ထောက်ခံပွဲလိုလုပ်ပွဲတွေဖြစ်လာပါတယ်။ဒါဘားမှာပြောသူများရင်စီမံခန့်ခွဲတာညံ့လိုဆိုပြီးရာထူးမတက်ပေးတာတွေရှိလာပါတယ်။ဒါကြောင့်နောက်ပိုင်းမှာဒါဘားဟာသမအစည်းအဝေးလိုအားလုံးကောင်းပါသည်နေရာဖြစ်လာပါတယ်။
တကယ်ကတပ်တွင်းမှာဒီမိုကရေစီရှိမရှိသိလိုလျင်စစ်သားများနဲ့သူတို့မိသားစုကို၂၀၂၀မှာလွတ်လပ်စွာမဲပေးခွင့်ကိုတပ်အပြင်မှာမဲပေးခိုင်းလိုက်ပါအဘ။ဒါဆိုရင်တောင်အဆင်ပြေသွားပါမယ်။နောက်တပ်မတော်သားတွေကိုခြေဥပြင်တာကိုထောက်ခံရင်မဖမ်းဘူး၊ထောင်မချဘူးဆိုပြီးအမိန့်ထုတ်လိုက်ပါ။
ဒါမှမဟုတ်Facebook ပေါ်မှာအဘနဲ့တပ်ကိုဝေဖန်လဲမဖမ်းဘူးလို့ကြေညာလိုက်ပါ။တရားဝင်အမိန့်စာနဲ့ပေါ့။ဟိုစည်းကမ်းပြည့်ဝသောဒီမိုကရေစီကြီးတော့တပ်ထဲမှာမပေးပါနဲ့အဘ။အဲ့ဒီလိုဆိုရင်တော့အဘရဲ့ဒီမိုကရေစီအောက်မှာစိုက်ပျိုးရေးတွေကလဲဖြစ်၊မွေးမြူရေးကလဲကောင်း၊လက်နက်တွေကလဲထုတ်နဲ့ အစီရင်ခံစာတွေကအဆင်ပြေနေမှာပါ။အချို့အစီရင်ခံစာတွေကဆိုအဘကိုပြည်သူလူထုကြီးကအမျိုး၊ဘာသာ၊သာသနာကိုစောင့်ရှောက်သူအဖြစ်တခဲနက်ထောက်ခံနေဆိုဘဲအဘ။ဒါမျိုးတွေကိုဒီမိုအသံလို့ထင်နေရင်တော့အဘမှားပါမယ်။
တခါတလေလူယုံသတ်ရင်သေတတ်ပါတယ်အဘ။
Comments