ဘာသာ၊သာသနာ
စီးပွားရေး
စစ်ရေး
Unicode version
အဘဘာမှမသိဘူး
အဘနဲ့သူ့အသိုင်းအဝိုင်း၂၃ပါတီကဒီမိုအစိုးရစတက်ကထဲကတိုင်းပြည်ဘဲမနက်ဖြန်ပျက်တော့မလိုစီးပွားရေးကျတော့မလိုပြောလေ့ရှိပါတယ်။အထူးသဖြင့်အကောင့်တုတွေကနေပါ။စိတ်ဓာတ်စစ်ဆင်ရေးရဲ့အဓိကအချက်ကမဟုတ်တာကိုခဏခဏပြောပေးရင်လူတွေအမှန်ထင်လာအောင်ပါ။
ဘာသာ၊သာသနာ
ယခုဒီမိုအစိုးရကိုမကျေနပ်လို့ဆန္ဒပြတဲ့ဘုန်းကြီးအရေအတွက်ဟာမြန်မာနိုင်ငံဘုန်းကြီးအရေအတွက်ရဲ့၀.၀၀၁% တောင်မရှိပါဘူး။ဘုန်းကြီးအရေအတွက်ကသိန်းကျော်ပါတယ်။ယခုဆန္ဒပြဘုန်းကြီးက၁၀၀တောင်မကျော်ပါ။
တရားပွဲကြီးတွေကိုကွီးဖြိုးကရန်ကုန်မှာနှစ်ကူးတိုင်း၁၉၆၂ထဲကစစ်အစိုးရလက်ထက်တစ်သက်လုံးမကျင်းပခဲ့တာကိုလူသိန်းချီတက်လို့ရအောင်အောင်မြင်စွာကျင်းပခဲ့ပါတယ်။ရွှေတိဂုံဘုရားကပွဲဆိုတစ်သက်မှာတစ်ခါပါ။ဖွတ်အစိုးရလက်ထက်လုပ်ဖို့အိမ်မက်တောင်မမက်ခဲ့ပါ။၁၉၈၈လို၂၀၀၇မှာလိုဘုန်းကြီးတွေကိုလဲသတ်မနေပါ။
ငြိမ်းချမ်းရေးဘုရားကြီးလဲအစိုးရကတည်နေပါတယ်။
ယခုပုဂံဟာနေဝင်း၊ဘရွှေ၊ဘစိန်လက်ထက်ယူနက်စကိုမဝင်တာယခုဝင်သွားပါပြီ။
ဦးနှောက်ရှိသူနဲ့မရှိသူအုပ်ချုပ်တာကွာတာပါ။
စီးပွားရေး
ယခင်ဘစိန်လက်ထက်ကဘိန်းရောင်းတဲ့စီးပွားရေးပါ။ဓာတ်ငွေ့ရောင်း၊သစ်ခုတ်ရောင်း၊ကျောက်ရောင်းပါ။တရားမဝင်ဘိန်းရောင်း၊ဆေးပြားရောင်းသူတွေကိုလွှတ်ထားပြီးသူတို့တွေကအိမ်ခြံမြေစျေးကွက်ကိုစျေးကစား။စျေးတွေတက်။သာမန်လူကမဝယ်နိုင်။ဆောက်လုပ်ရေးကန်ထရိုက်တွေကိုဇီးသီးဗန်းမှောက်ပေး။ဒါကြောင့်အရည်အသွေးမပြည့်။ဆောက်လုပ်ရေးသမားတွေကတော့အမြတ်အများကြီးကျန်တာပေါ့။
ယခုအစိုးရလက်ထက်မှာငွေကိုခြိုးခြံချွေတာတယ်။မလိုတာမသုံးဘူး။သစ်ကိုအစပိုင်းမရောင်းဘူး။ကျောက်ကိုလိုင်စင်အသစ်မထုတ်ပေးဘူး။ဆေးပြား၊ဘိန်းသမားကိုတတ်နိုင်သလောက်ဖမ်းဖို့လုပ်တယ်။လိုငွေပြတာ(Budget deficit)ကျလာတယ်။ဖွင့်ဖြိုးမှုဆက်တက်တယ်။ငွေကြေးဖောင်းပွနှုန်းကျလာတယ်။ဒီလောက်တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲကြားထဲကပြည်ပထုတ်ကုန်များလာတယ်။အမှန်အကန်ကားစက်ရုံတွေရောက်လာတယ်။
အဘနဲ့ဘာကွာလဲခေါင်းရှိတာနဲ့မရှိတာကွာတယ်။အဘကခိုးတယ်။အမကမခိုးဘူး။မသိရင်သိသူကိုမေးတယ်။အဘလိုဒေါက်တာတုတွေ၊ကြက်ခန်းဖွင့်သူတွေကိုအကြံပေးမခန့်ဘူး။
စစ်ရေး
လက်နက်ကိုင်တပ်ကိုအမိန့်ပေးလို့မရတယ့်အခြေခံဥပဒေကြားထဲကရခိုင်ကလွဲရင်အပစ်ရပ်နိုင်ခဲ့တယ်။ဒါတောင်ခြေဥကသာလက်ရှိအစိုးရကိုအာဏာကုန်ပေးပြီးတပ်နဲ့ရဲကအစိုးရအောက်မှာဆိုယခုငြိမ်းချမ်းရေးရပြီ။
အမကဘင်္ဂါလီကိစ္စမှာအဘရဲ့ဒေသခံတွေကိုစစ်ပညာသင်ပေးပြီးလက်နက်တပ်ပေးမယ့်အကြံကိုအမျှော်အမြင်ကြီးစွာပယ်ဖျက်ခဲ့လို့ယခုအချိန်မှာတပ်မတော်သားတွေရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တယ်။
တိုင်းပြည်ကြီးဆင်းရဲခဲ့တာအဘဘာမှမသိဘဲနဲ့သိသရောင်အုပ်ချုပ်ခဲ့လို့ပါ။ယခုဒီမိုအစိုးရလက်ထက်မှာအဘ၁၉၆၂ထဲက၂၀၁၆အထိ၅၄နှစ်အဘမလုပ်နိုင်ခဲ့တာတွေကိုသုံးနှစ်အတွင်းစလုပ်နိုင်တာတွေ့ရပါတယ်။
အဘဘာမှမသိရင်အေးဆေးနေပါအဘ။
Comentarios