top of page
Search
Writer's pictureMyat Tun Oo

အဘသားများ စကားဝိုင်း



အဘထံကို သတင်းပို့တာက အသံတိတ်သပိတ်မှာ စျေးတွေလဲဖွင့်တယ်။ လူတွေလဲ လမ်းပေါ်ထွက်တယ်။ တပ်ထောက်ခံပွဲတွေလဲ ကျင်းပနေပါသည်ပေါ့။ ဓာတ်ပုံတွေနဲ့ကို အစီရင်ခံစာတင်တာ။ မြဝတီနဲ့အတွင်းသတင်းက အတူတူပါဘဲ။ ဒါက သပိတ်ကိစ္စပါ။

နောက် တပ်ကိစ္စ။ လုံခြုံရေးကောင်းလား? သတင်းပို့တာက ဒီနေ့နေပြည်တော်မှာ ထောက်ခံပွဲလုပ်တာဘာမှပေါက်ကွဲမှုမဖြစ်လို့ ၁၂ ရက်နေ့ ဗိုလ်ရှုခံလုံခြုံရေးက ကောင်းပါတယ်လို့ သတင်းပို့ထားပါတယ်။တွက်ချက်မှုက နေပြည်တော်ထဲမှာ လုံခြုံရေးမတင်းကျပ်တဲ့နေရာမှာတောင် သူတို့ကို ဘာမှမလုပ်နိုင်ခဲ့လို့ လုံခြုံရေးကောင်းတဲ့နေရာမှာဆို အဆင်ပြေပြီလို့ မှတ်ချက်ဆွဲသုံးသပ်ထားတာပါ။

နောက်တင်ပြင်ပ တပ်မိသားစုများ၏ လုံခြုံရေးကိစ္စပါ။ စစ်တပ်ရဲ့သုံးသပ်ချက်က လိုင်းပေါ်မှာသာရေးနေ ပြောနေပေမယ့် ပြည်သူတွေက သူတို့ကို သိပ်မမုန်းဘူးလို့ သုံးသပ်ပါတယ်။ အထောက်အထားအနေနဲ့ စစ်ဆေးဆရာဝန်တွေ အရပ်သားရပ်ကွက်ထဲမှာ ဆေးခန်းထိုင်ပေမယ့် သူတို့ကို စစ်သားမှန်းသိသော်လဲ ပြည်သူတွေက ဘာမှလာမလုပ်ကြောင်း ကိုးကားရေးသားပါတယ်။ ဒါကြောင့် တပ်ပြင်မှာနေတဲ့ တပ်မိသားစုအိမ်တွေကို ဒုက္ခပေးမှာမဟုတ်လို့ သုံးသပ်ထားပါတယ်။ နောက် NUG အောက်က PDF တွေဟာ ဂျနီဗာကွန်ဗန်းရှင်းအရ ကျောင်းတွေ၊ ဆေးရုံတွေကို တိုက်မှာမဟုတ်လို့ အဆိုပါနေရာတွေမှာအခိုင်အမာတပ်စွဲထားဖို့ ညွှန်ကြားထားပါတယ်။ ဒါ့အပြင် အဆိုပါစည်းကမ်းကြောင့် သူတို့တပ်ကအရာရှိပိုင်အိမ်တွေကို မပစ်နိုင် မဖျက်ဆီးနိုင်လို့ သုံးသပ်ထားပါတယ်။

နောက်တပ်ရိက္ခာတွေ၊ ဆီတွေကို အရပ်သားကားတွေနဲ့သာ တင်ဖို့ကိုလဲ ညွှန်ကြားထားပါတယ်။ ဒါမှPDF ကတိုက်ရင် အရပ်သားပစ်မှတ်တိုက်တယ်ဆိုပြီး ပြောလို့ရအောင်နဲ့ မတိုက်ရင်လဲ စစ်တပ်ထောက်ပို့က မထိခိုက်ဘဲလွတ်အောင်လို့ ဆိုပါတယ်။ ဒီကိစ္စအတွက် နီးစပ်ရာကုမ္ပဏီတွေကို ကန်ထရိုက်ပေးထားပါတယ်။

နောက်တပ်တွေကို အဝိုင်းခံရရင် ဖြစ်နိုင်ရင် လေကြောင်းပစ်ကူပေးနိုင်အောင် အချိန်ဆွဲထားဖို့ မှာထားပါတယ်။

ပြန်သုံးသပ်ရတာက မအလတပ်ရဲ့ အဘသားများ စကားဝိုင်းဟာ မိမိက လုံခြုံရေးတော်လို့မဟုတ်ဘဲPDF ရဲ့ လူသားဆန်မှုအပေါ် အခွင့်အရေးယူထားတာ တွေ့ရပါတယ်။ ဒါတွေက ဆောင်းပါးမဟုတ်ဘဲအထဲမှာပြောတဲ့စကားများကို သိနိုင်အောင်သာ ရေးပြထားတာပါ။

1,300 views3 comments

3 commentaires


Ato Sonny
Ato Sonny
02 févr. 2022

ဆရာ့ကိုမေးချင်တာလေးတခုရှိပါတယ်။ ယာယီသမတဒူဝါလရှိးက icj Genocide case မှာ မြန်မာက objection ကို withdraw လုပ်တယ်ဆိုတာ ဘယ်လိုသုံးသပ်ပါသလဲ။ Law နားမလည်ပေမဲ့ မြန်မာနိုင်ငံကို စွဲထားတဲာဆိုတော့ စိတ်ပူစရာပါလား။ မြန်မာနိုင်ငံရေးရှေ့ရေး ဘယ်လိုဖြစ်နိုင်ပါလဲ။

J'aime
Myat Tun Oo
Myat Tun Oo
03 févr. 2022
En réponse à

ဒါတွေကို သိပ်မပူပါနဲ့။ စာရေးသူတို့ မအလက ပြစ်မှ,ကျူးလွန်ခဲ့လို့ ပြဿနာက ရှင်းရမှာပါ။

J'aime

Myint Soe Oo
Myint Soe Oo
02 févr. 2022

ဦးမြတ်!!!ငယ်စဉ်က ကြားခဲ့ဖူး၍ နားရည် ဝ နေသော အရပ်စကားများကို သတိရမိပါတော့သည်။

•‌•ဖားပြုတ် ကိုက်တာကို ၊ ခလုတ် တိုက်တာ။

အမှာစကား အကြား မှားလို့၊ ရွာတောင်ပိုင်းနဲ့ မြောက်ပိုင်း မိသားစုအချင်းချင်း အချင်းများခဲ့ပုံ။

•••စကောချပ်ကြီး လွင့်လာတာကို ၊

စက္ကော တပ်ကြီး လာလေပြီ။

မဆင်မဆင် အမြင်သရမ်းပြီး ပြောလို့

ပြည်တလွှားမှာ ဝရုန်းသုန်းကားဖြစ်ခဲ့ရတာတွေကို (ဆောင်းပါး ဖတ်အပြီးမှာ )ချက်ချင်း သတိရမိပါတော့သည်။

စကား စကား အပြောများက

အမှား ပါတတ်သည် ။(လောကီဆရာများ၏ အဆို)။

ပြောတတ် နားထောင် တတ်သောအတတ်(ပညာ)ရှိလျှင် (ပြော)စကားသည်

အကျိုးများပါ၏။

နား နှစ်ဖက် မထား ၊ တဖက် ပြောစကားသာ အားပြုအားထားခဲ့လျှင် စ ကားဆိုသည့်အတိုင်း လိုရာအတိုင်းကြား၍ နောက်ဆုံးမှာ ကား ထွက်၊ စည်းချက်နရီမမှန် လုပ်ကြံစကားသာ မှတ်မြင်ရပါမည်။

လုပ်ကြံပြောသည်ဆိုကတည်းက အဟုတ် မမှန်၊ အယုတ်ဉာဏ်နှင့်ပြော

လက်တွေ့သဘောတွေနှင့် ကွဲလွဲတတ်ပါသည်။

သူတို့ စကား မှန် မမှန်၊ ဖြစ်စဉ်များကို ဖော်ပြနေသော သတင်းများက သက်သေခံနေပါသည်။

~တာချီလိတ် ထောက်ခံပွဲ ပေါက်ကွဲမှု

~မြဝတီမြို့၊ ကံ သီပေလို့သာ။

~မုံရွာမှာ စုန်လာသော ထောက်ခံပွဲလာ မော်တော်ကား မှန်ပြူတင်းများမှာက အစိတ်စိတ်အမွှာမွှာ

~အသံမတိတ်ချင်လို့ မကွေးမြို့စွန် မြသလွန်စေတီမှာ ဌာနဆိုင်ရာ ထမနဲထိုးပွဲ

စည်ကားစွာနဲ့ ထိုးပြိုင်မယ့်အကြံ။ အမျိုးမမှန်တော့ အစောင့်ရဲသားအချင်းချင်း အချင်းများကာ သေနတ်တွေနဲ့ ပစ်ခတ်ကြလို့ ရဲ ၂ ဦး သေ။

***အောက်ခြေသတင်းကတော့

ဖားပြုတ် ကိုက်နေပါသည်။

***အပေါ်မှာတော့

ခလုတ် တိုက်တာပါကွာ လို့ပဲ

ပြောကြလေမလား???


အနီးစပ်ဆုံးဖြစ်စဉ်။

လင်းကတော ရဲစခန်းကျဆုံးမှု။ ရဲများရဲ့ မိသားစုဝင်များကို ပြန်လွှတ်ပေးလိုက်ပါသည်။ လူသားဆန်သော ပီဒီအက်ဖ်များ၏…


J'aime
bottom of page