ကလေးတစ်ယောက်က လမ်းလျှောက်တယ်။ ပုံမှန်ဆိုရင် တစ်နှစ်နဲ့လေးလလောက်မှာ လမ်းလျှောက်တယ်။ ကလေးက တစ်နှစ်မှာ ထလမ်းလျှောက်တယ်ဆိုပါစို့။ အကောင်းမြင်သူက ကလေးကတော်လိုက်တာ လမ်းတောင်လျှောက်နေပြီ။ ဒါပေမယ့်အဆိုးမြင်ဝါဒီက ဒီကလေးက လမ်းကို တည့်တည့်မလျှောက်တတ်သေးဘူး။ ခဏခဏ ချော်လဲနေတယ် ဘာညာဝေဖန်ကြမှာပါ။ ထိုဝေဖန်သူရဲ့ ကလေးကတော့ သုံးနှစ်ပြည့်တာတောင် လမ်းမလျှောက်ဘဲ နေပေမယ့် သူ့ကလေးကိုတော့ လမ်းမလျှောက်တတ်တာ မပြောလိုတော့ ငါ့ကလေးက တစ်ခါမှ ချော်မလဲသေးဘူးလို့ ပြောမှာပါ။ သူပြောတာလဲအမှန်ဖြစ်ပြီး သူကလေးက လမ်းကိုမလျှောက်သေးတာပါ။
ဥပမာ YBS ဆိုရင် ယခင်အဘအာဏာသိမ်းချိန် ၁၉၆၂ ထဲက အဘတို့ မလုပ်နိုင်မပြောင်းနိုင်ခဲ့တာပါ။ယခု YBS ဟာ ယခင် မထသထက် အများကြီးကောင်းလာခဲ့ပါတယ်။ ဒီနေရာမှာ ရန်သူဟာ ဒီအောင်မြင်မှုကို လူတွေမရိပ်မိအောင် YBS ဖြစ်ပေမယ့် ဟိုဟာမဖြစ်သေးဘူး ဘာညာဆိုပြီး မကောင်းပြောတာပါ။ မိမိကလေးက ငါးနှစ်ပြည့်လို့ လမ်းမလျှောက်တာကိုမပြောဘဲ သူများကလေး တစ်နှစ်ခွဲလမ်းလျှောက်တာကို ဝေဖန်တာပေါ့။ သူ့အဘက ဘာမှမပေါင်းခဲ့လို့ ပြောင်းတာကြောင့်ဖြစ်တဲ့ပြဿနာတွေ မဖြစ်ခဲ့တာပါ။
စာရေးသူတို့အနေနဲ့လဲ ဝေဖန်ရေးစာတွေရေးရင် သတိထားရပါမယ်။ အချို့အဘက ဘကျော်ဆွေကိုဖြုတ်ဖို့ V ကိစ္စမှာ အဘသုံးခဲ့တဲ့ ဖွတ်မိုးညိုတို့ဟာ NLD ဒီလှိုင်းမှာ ဆောင်းပါးရေးနိုင်ပြီး အဲ့ဒီမကောင်းကြောင်းရေးတာတွေပါနိုင်အောင် အချို့လူတွေက စနစိတကျ ကူညီခဲ့ပုံပါ။ ဒီလူတွေဟာ အဘနဲ့လဲအိုကေ NLD နဲ့လဲ အိုကေပုံပါ။ ဟို YMBA ဥက္ကဌလိုပေါ့။
အချို့ကိစ္စတွေမှာ စာရေးသူက တကယ့်ခရိုနီကြီးကို မဆဲဘူးလို့ တော်သွားခဲ့ပါတယ်။ သူ့သားမင်္ဂလာဆောင်ကိုလဲ မဆဲခဲ့ပါ။ မသိတာလဲ ပါပါတယ်။ ကိုယ်ကသူ့ကိုဆဲခဲ့ပြီး သူ့တပည့်ကို NLD ကဝန်ကြီးတွေ ဝန်ကြီးချုပ်တွေ ပေးလိုက်ရင် ကိုယ်က ထောက်ခံရမှာလား ကန့်ကွက်ရမှာလား ဇဝေဇဝါဖြစ်သွားနိုင်ပါတယ်။
မြန်မာပြည်ဟာ ၂၀၂၁ မှာ လမ်းတစ်ခုကို ရွေးရမှာပါ။ ဆိပ်ကမ်းက X ray စက်က ဦးပိုင်က နှစ်လုံးဆိုတာ ကမ္ဘာက သိသွားလို့ ပိတ်ဆို့မှုတွေက လာမှာပါ။ ဒီစက်တွေ ငှါးတယ်ဆိုတာကို သိတာကအရပ်သားစာရင်းစစ်ချုပ်ကြောင့်ပါ။ စာရင်းစစ်ချုပ်က အဘနဲ့ ခရိုနီနဲ့ နွယ်သူမဟုတ်ပါ။
စာရေးသူကတော့ ဘုန်းကြီးဆိုရင် ရှစ်ပါးသီလအနည်းဆုံးလုံပြီးမှ အပြောကောင်းတာကို ကြည့်ပါမယ်။ ဘွဲ့ကိုကြည့်ပါမယ်။ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေလဲ ထို့အတူပါဘဲ။
Kommentare