မနေ့က NLD CEC အချို့နဲ့ ထင်ရှားတဲ့ အနုပညရှင်များကို ထောင်ဒဏ်နှစ်ရှည်ချလိုက်တာ အားလုံးသိမှာပါ။ ဒီကနေ ဘာထူးမလဲ?
ပထမက NLD CEC ကိစ္စပါ။ မအလဟာ အငြိုးနဲ့ NLD လူကြီးတွေကို ထောင်ချမှာပါ။ ပထမက ပါတီဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံ DASSK၊ ပြီးရင် ဒုဥက္ကဌ (၁) သမ္မတကြီး ဦးဝင်းမြင့်၊ ဒုဥက္ကဌ (၂) ဒေါက်ဇော်တို့ကို နှစ်ရှည်ချပါမယ်။ ဒေါက်ဇော်၊ မကွေးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုနဲ့ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့ဟာ DASSK နဲ့ အလွန်ရင်းနှီးပြီး DASSK ကအားကိုးသူတွေမိုလို့ ထောင်ဒဏ်နှစ်ရှည်ချပါမယ်။ သူပြုတ်မှသာ လွတ်မှာပါ။ ကွီးဖြိုးကတော့ မပလရဲ့ နံပတ် (၁) ရန်သူဖြစ်လို့ သူတင်မက သူ့မိန်းမကိုပါ ဖမ်းထားပြီး နိုင်ငံရေးပါ သတ်ပါမယ်။ လူကိုမသတ်သေးတာက မအလသမီးနဲ့ မြေးမတွေကို ရန်မူမှာစိုးလို့ပါ။ မအလနဲ့ သူ့စရဖသိပါတယ်။ ဒီကောင်အရူးပါးပါ။ ကွီးဖြိုးကို ဖောင်းထုသူ ကျပ်မပြည့်သူအချို့ကို ပြောလိုတာက သူ့ကိုဘာအမှုနဲ့မှ မဖမ်းထားရင် သူက မအလအလိုကျ လိုက်ထွက်နေတာတောင် ဘာလို့မလွှတ်တာလဲ သူ့မိန်းမကို ဘာလို့ဖမ်းထားလဲဆိုတာ ပုံမှန်နိုင်ငံရေးဦးနှောက်နဲ့ စဉ်းစားရင် သိပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် သူ့နိုင်ငံရေးက ခေါင်းဖော်ရခက်သွားမှာပါ။ ဒီနေရာမှာ ကွီးဖြိုးတင်မဟုတ်ဘဲ ယခင်သမ္မတဦးထင်ကျော်ကတော်ကိုပါ မအလက အစိုးရသက်သေအဖြစ် ထွက်ခိုင်းတယ်ဆိုတာ မမေ့ပါနဲ့။ ဝေဖန်ရေးသမားတွေက မပြောကြလို့ပါ။ ဒါပေမယ့် NUG ပေါ်လာလို့ စာရေးသူတို့က မပူတော့ပါ။
နောက်ကျန်တဲ့ NLD CEC အချို့ပါ။ မနေ့က သုံးယောက်ပါ။ သူတို့ကို အာဆီယံနဲ့ အပေးအယူလုပ်တဲ့အနေနဲ့ ဒီနှစ်ထဲမှာ ပြန်လွှတ်ပေးပါလိမ့်မယ်။ သူတို့ဟာ NLD ရဲ့ အဓိက ပေါ်လစီလုပ်တဲ့အထဲ မပါဘူးဆိုတာ မအလသိပါတယ်။ သူတို့ဟာ တရုတ်ကဖိလာရင် မအလအတွက် ကစားဖို့ဖြစ်လာမှာပါ။ အပြင်မှာကျန်နေတဲ့ CEC အချို့ CC အချို့ရောပေါ့။ ဒါပေမယ့် CRPH နဲ့ NUG က အားကောင်းနေလို့ သူတို့ရဲ့လုပ်ဆောင်ချက်ဟာ အကန့်အသတ် ရှိမှာပါ။
ဝန်ကြီးတွေထဲမှာ DASSK အိမ်ကို အာဏာမသိမ်းခင် တစ်နှစ်လောက် ဘယ်အခြား NLD ကိုမှ အဝင်မခံခဲ့တဲ့ DASSK အားကိုးခဲ့တဲ့ မိုးကျဝန်ကြီးကိုတော့ ခဏသာခေါ်ထားပြီး နောက်ပိုင်းပြန်လွှတ်မှာပါ။သူက NLD ပါတီဝင်မဟုတ်လို့ မအလအတွက် ပြဿနာမရှိပါ။ သူ့ကို လူတွေသိပ်မပြောတဲ့ မဲကိစ္စမှာအစိုးရသက်သေ ထွက်ခိုင်းမှာပါ။ ကွီးဖြိုးလုပ်သလိုပေါ့။
နောက်အနုပညာသမားတွေကိစ္စ။ သူတို့ထဲမှာ NLD အမာခံဆိုသူနဲ့ ဘာကားမှမရိုက်ဘဲ ဆန္ဒပြပွဲမှပါလာသူဆိုပြီး ခွဲထားပါတယ်။ သူတို့က ဧပြီလနောက်ဆုံးလောက် ဒါမှမဟုတ် ၂၀၂၂ အာဆီယံထိပ်သီးမတိုင်မှီ အပေးအယူအနေနဲ့ လွှတ်ပါမယ်။ ဟွန်ဆန်နဲ့ သိပ်အဆင်ပြေရင်လဲ စောလွှတ်ပြနိုင်ပါတယ်။ ဒီအတွက် ယခုအမိန့်ချထားတာပါ။
အကျဉ်းချုပ်ရရင် မအလဟာ ပိုင်တံခွန်တို့၊ ပိုပိုတို့၊ ဝင်းမင်းသန်းတို့ကိုတောင် ထောင်သုံးနှစ်ချလို့ လူတွေကို ပြန်လမ်းမရှိ တွန်းလှန်ချင်စိတ်သာ ပိုဖြစ်စေတယ်ဆိုတာ ထင်ရှားပါတယ်။ နောက်နိုင်ငံရေးသမားတွေကို ထောက်ဒဏ်တွေချနေလို့ ဒီပြဿနာဟာ နိုင်ငံရေးအရ ဖြေရှင်းလို့မရဘဲလက်နက်ကိုင်မှသာ ဖြေရှင်းလို့ရမယ်ဆိုတာကို ပိုထင်ရှားသွားစေပါတယ်။ ပြည်သူတွေကို PDF ဖြစ်အောင် အဓိကစည်းရုံးပေးသူက မအလသာဖြစ်တယ်ဆိုတာ ပြောပါရစေ။
Comments