top of page
Search

အမေရိကန်က မအလကို ဘာပြောခဲ့သလဲ?

Writer's picture: Myat Tun OoMyat Tun Oo


အမေရိကန်က မအလကို ဘာပြောခဲ့သလဲ?

ဒီကိစ္စက ရေးသင့် မသင့်၊ မိမိရရှိတဲ့ သတင်းက မှန် မမှန်၊ တိုင်းပြည်အတွက် အကျိုးရှိ မရှိ စဉ်းစားပြီးမှ ယခုဖြစ်နေတာတွေက မြန်နေလို့ ရေးသင့်တာကို ရေးလိုက်ပါတယ်။


ပထမမေးခွန်းက အမေရိကန်က ဘာလို့ တိတ်တိတ်လေး တွေ့တာဘာလဲ? အမေစုနဲ့ တွေ့ချင်လို့တောင်းဆိုတာ၊ အမေစု လွှတ်ပေးဖို့ တောင်းဆိုတာ၊ ဒီမိုကရေစီတောင်းဆိုတာကို ထိရောက်အောင် နှစ်ကိုယ်ကြားတွေ့တာလား ဆိုတာက မေးစရာရှိပါတယ်။ ဒါတွေက အမေရိကန်က သတင်းစာရှင်းလင်းပွဲမှာ ပြောနေကြစကားမိုလို့ ဒီစကားပြောဖို့ နှစ်ကိုယ်ကြားတွေ့စရာမလိုပါ။ နောက်ထူးဆန်းတာက အမေရိကန်-မအလကြား ဘာပြောလဲဆိုတာကို ဒီမိုအမေရိကန်က မပေါက်ကြားပဲ တရုတ်နဲ့သိန်းစိန်ပြောတာကို တရုတ်ကွန်မြူနစ်က ပေါက်ကြားလာတာပါ။ အစပိုင်းမှာ အဆက်အစပ်မရှိသလိုထင်ရပေမယ့် ယခုသတင်းအရ ဆက်စပ်နိုင်လို့ သိတဲ့သတင်းကို သတင်းအတိုင်းသာ လုံခြုံရေးမကြိုးပေါက်အောင် ဖြတ်တောက်ပြီး တင်ပါပြီ။


ရေတပ်မှာ အမေရိကန်က စကားပြောလိုသူက ကိုမိုးအောင်ပါ။ သူက အင်္ဂလိပ်စကားတတ်ပြီး အမေရိကန်နဲ့ စကားပြောတဲ့ အတွေ့အကြုံရှိသလို သူ့သမီးကလဲ အမေရိကန်နဲ့ ယူထားသူပါ။ ဒါကြောင့် မအလက သူ့ကို ပေးမသွားခဲ့ဘဲ ကျော်လင်းဇော်ကိုသာ ပေးသွားခဲ့တာပါ။ ဘာတွေပြောလိုက်လဲ?


“အမေရိကန်က မအလကို နိုင်ငံကြီးတစ်နိုင်ငံက အလယ်လူကတဆင့် ရှမ်းမြောက်မှာ လက်နက်တွေ သွယ်ဝှိက်ထောက်ပံ့ခဲ့တဲ့ အထောက်အထားကို မအလထံပေးအပ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ မအလကို မကူညီနိုင်ဘူးဆိုတာကိုလဲ ရှင်းပြခဲ့ပါတယ်။ သူတို့ပြောတဲ့ ကြားခံနဲ့ မြောက်ပိုင်းသုံးဖွဲ့အကြား ဩဇာရှိသူရဲ့ပုံကို အပေါ်မှာ တင်ထားပါတယ်။ မအလအနေနဲ့ ထိုနိုင်ငံပြောတာမလုပ်ရင် စစ်ပွဲတွေပိုများလာပြီး မအလဒုက္ခရောက်မယ်ဆိုတာကို ပြောခဲ့ပါတယ်။ ဒီမိုနိုင်ငံဆိုရင်တော့ သူကူနိုင်တယ်ဆိုတာကိုလဲ အမေရိကန်က ပြောခဲ့ပါတယ်။

နောက်ပြီး မအလကို

မြောက်ကိုရီးယား၊ အီရန်တို့နဲ့ ဆက်သွယ်နေတာ၊ လက်နက်ရောင်းဝယ်နေတာတွေကိုရပ်ဖို့ မရပ်ရင် အမေရိကန်က ပိုမိုပြင်းထန်စွာ အရေးယူမယ်ဆိုတာကို ပြောခဲ့ပါတယ်။

နောက်သတိပေးတာက ပိုထူးဆန်းပါတယ်။ မအလလက်နက်ထောက်ပံ့၊ သင်ကြားပေးနေတဲ့ ရိုဟင်ဂျာ ARSA ဟာ Jamaat-ul Mujahideen of Bangladesh (JMB)၊ Hamas, Hezbollah, Muslim Brotherhood, and Hizb Ut Tahrirတို့နဲ့ အဆက်အသွယ်ရှိလို့ မအလက လက်နက်ထောက်ပံ့ရာမှာ ဓာတုလက်နက်မျိုးတွေ၊ အနောက်နိုင်ငံမှာ အကြမ်းဖက်နိုင်နဲ့ လက်နက်မျိုးတွေ မပေးမိစေဖို့၊ လေယာဉ်ပစ်လက်နက်တွေ မပေးမိစေဖို့ ပြင်းထန်စွာ သတိပေးခဲ့တာပါ။”

ဒါက စာရေးသူသိတာပါ။ မအလဘက်က ဘာပြောခဲ့လဲ စာရေးသူ မသိသေးပါ။ စာရေးသူရေးတာ မမှန်ဘူးထင်ရင် ရန်ကုန်က အမေရိကန် သံရုံးအနေနဲ့ ကြေညာချက်ထုတ်ပြီး ငြင်းလို့ရပါတယ်။ ဒါတွေဟာ အစပိုင်းမှာ မှန် မမှန် စာရေးသူကိုယ်တိုင် မရေရာပေမယ့် ယခုဖြစ်နေတာတွေကနေ ချပြသင့်တယ်ထင်လို့ ချပြလိုက်ပါတယ်။ မအလကတော့ ငြင်းဖို့များပါတယ်။ ဘာလို့လဲဆိုတော့ သူဒီအထောက်အထားကိုရပြီး အဲ့ဒီအဖွဲ့ကို မတိုက်ရဲ ဗုံးမကျဲရဲရင် ဘောမများရဲ့ ဆဲတာခံရနိုင်ပြီး ဖြုတ်ချခံရဖို့ ပိုများလာနိုင်လို့ပါ။


စာရေးသူတို့က ဘာလုပ်ရမလဲ? တရုတ်ဟာ မအလကို ဖယ်ဒရယ်ဒီမိုကရေစီပေးဖို့ တောင်းဆိုထားတာမဟုတ်ပါ။ တရုတ်တောင်းဆိုတဲ့အတိုင်း မအလက လိုက်လုပ်ရင်တောင် ဒီမိုတွေကလဲ လက်ခံမှာ မဟုတ်ပါ။ မအလကလဲ ဒီလောက်ကိုတောင် လိုက်လျောမှာ မဟုတ်ပါ။ သိန်းစိန်ဟာ ဘရွှေနဲ့တွေ့ခဲ့သလို မအလကိုလဲ တွေ့ခဲ့ပါတယ်။ စိုးဝင်းက နောက်ပိုင်းပြန်လာမှ တွေ့တာပါ။ CNA ကတဆင့် သတင်းတက်လာတာက သိန်းစိန် မအလကို ပြန်မပြောရဲမှာစိုးလို့ တမင် စင်ကာပူနဲ့ ရင်းနှီးတဲ့နိုင်ငံကြီးက တမင်ရည်ရွယ်ချက်ရှိရှိ (deliberate leak) သတင်းပေးလိုက်တာပါ။

မအလတပ်ဟာ လက်နက်တွေကို ရုရှား၊ အိန္ဒိယ၊ တရုတ်၊ အီရန်၊ ပါက္ကစတန်၊ ဘီလာရုစ်၊ မြောက်ကိုရီးယားတို့ကနေ ဝယ်ပါတယ်။ ဒီနိုင်ငံတွေက ငွေရရင် ဘာမဆိုလုပ်တဲ့ နိုင်ငံတွေပါ။ ငွေပေးချေမှုကို တရုတ်နဲ့ ထိုင်းဘဏ်တွေက အဓိကလုပ်ပါတယ်။ ဒါကြောင့် သူဝယ်ထားတဲ့ လက်နက်တွေဟာ ကျင့်ဝတ်မရှိတဲ့ နိုင်ငံတွေက ဆက်ဝင်လာနေမှာပါ။

ဒီနေရာမှာ သာမန်ပြည်သူတွေရဲ့ ခံစားချက်ကို စာရေးသူအနေနဲ့ ဘာမှ မပြောလိုပါ။ NUGနဲ့ PDF အနေနဲ့ အဆိုပါနိုင်ငံက ဘာရည်ရွယ်ချက်နဲ့လုပ်လုပ် မိမိရလာတဲ့ အခွင့်အရေးကို အသုံးချပြီး မိမိနယ်မြေကို ရနိုင်သလောက်ချဲ့ရပါမယ်။ ပြည်သူအနေနဲ့ကလဲ ယခုလို အခွင့်အရေးတွေပေါ်လာတိုင်း မိမိတပ်မတော် NUG အောက်က PDF က အားကောင်းနေအောင် ထောက်ပံ့ထားပြီး ရလာတဲ့အခွင့်အရေးကို သုံးနိုင်အောင် လုပ်ပေးထားပါ။ ပြည်သူက စစ်မတိုက်တဲ့ မမဆောင်းအဖွဲ့နဲ့ NUG အမိန့်မနာခံတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့တာ ရှောင်ပါ။ ဘယ်နိုင်ငံမဆို ဘယ်အဖွဲ့မဆို မိမိအကျိုးစီးပွါးမရရင် ခြင်တောင် မရိုက်ပါဘူး။ ပြည်သူက မိမိနယ်မြေမှာ မိမိတပ်ခြေချနိုင်အောင် ခိုင်မာအောင်သာ ဆက်ထောက်ပံ့ပေးပါ။ ပြည်သူညီရင် အရာအားလုံးကို ကျော်ဖြတ်သွားနိုင်မှာပါ။ ပြည်သူသာ အဓိကပါ။

(ဓာတ်ပုံ- အမေရိကန်မှ လက်နက်များအတွက် နိုင်ငံကြီးနှင့် သုံးဖွဲ့အကြား ဆက်သွယ်ပေးသူ၊ အဖွဲ့တစ်ခုမှ တာဝန်ရှိသူ)

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

留言


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page