ထရမ့်က အာဏာလွှဲပြောင်းရေးအဖွဲ့ကို စကားပြောဖို့ မနေ့က သဘောတူလိုက်ပါပြီ။ တချိန်ထဲမှာဘဲရွေးကောက်ခံထားရတဲ့ သမ္မတ ဂျိုးဘိုင်ဒင်က အင်တိုနီဘလင်ကန်(Antony Blinken)ကို နိုင်ငံခြားရေးဝန်ကြီးခန့်ဖို့ ပြင်ထားတယ်ဆိုတာ သိလိုက်ရပါပြီ။ သူကဘယ်လိုလူလဲ?
သူဟာ သမ္မတလောင်း ဘိုင်ဒင်ရဲ့ အကြံပေးအဖြစ် ဆယ်စုနှစ်ပေါင်းများစွာလုပ်ခဲ့သူပါ။ သူဟာ ငယ်စဉ်က ပြင်သစ်မှာ ကျောင်းတက်ခဲ့ပြီး ပြင်သစ်ဘာသာစကားကိုလဲ ပြောတတ်ပါတယ်။ သူဟာ သမ္မတကလင်တန်ရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့မှာ စပါခဲ့ပြီး အဲ့ဒီနောက်မှာ အထက်လွှတ်တော်အမတ် ဘိုင်ဒင်ကို နိုင်ငံခြားရေးရာတွေကို အကြံပေးခဲ့သူပါ။ သူဟာ ကုလလို ကမ္ဘာ့အဖွဲ့အစည်းတွေကို အားကိုးသူပါ။
အမေရိကန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပုံမှန်မှာဆို မြန်မာပြည်ဘယ်နားမှာလဲဆိုတာကအစ ရှင်းပြရပါတယ်။ ဒါပေမယ့် စာရေးသူတို့ ကံကောင်းသွားတာက သူဟာ မြန်မာပြည်ကို ရောက်ဖူးခဲ့သူပါ။DASSK နဲ့လဲ သူနိုင်ငံခြားရေး ဒုဝန်ကြီးဘဝက တွေ့ခဲ့ဖူးပါတယ်။ သူဟာ မြန်မာနိုင်ငံအရေးကို အခြားသူထက်တော့ ပိုသိမှာပါ။ အိုဘားမားလက်ထက်က ဘာတွေလုပ်ခဲ့တယ် တရုတ်နိုင်ငံ၊ အာဆီယံနဲ့မြန်မာတို့ရဲ့ အရေးပါမှုကိုလဲ အခြားလူထက် ပိုနားလည်နိုင်ပါတယ်။
ဒါပေမယ့်သူဟာ သူ့သမ္မတရဲ့ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရမှာပါ။ သူတို့မှာကလဲ စံတွေ အမျိုးသား အကျိုးစီးပွါးတွေရှိပါတယ်။ ဘိုင်ဒင်သာမန်အရပ်သားအချိန်က ဘင်ကိစ္စကို အော်ထားခဲ့ပါတယ်။ သူ့စံအရပါ။ ယခုအချိန်မှာ သူသမ္မတဖြစ်လာမှာမိုလို့ အမျိုးသားအကျိုးစီးပွါးကပါလာမှာပါ။ အကျိုးစီးပွါးအတွက်ဆို အမေရိကန်ဟာ မူကိုပြင်ပါတယ်။ ဥပမာ ဆော်ဒီ၊ အီဂျစ်၊ ထိုင်း၊အစ္စရေး၊ ဂျော်ဒန်၊ ဗီယက်နမ်နဲ့ ဘာရိန်းတို့မှာပါ။
မြန်မာပြည်အနေနဲ့က အမေရိကန်မှာ သူတို့နဲ့တွေ့ပြီး ရှင်းပြနိုင်ဖို့ လူလိုပါမယ်။ အဆိုပါလူဟာ သူတို့အသိုင်းအဝိုင်းကို ဝင်ဆန့်ပြီး သူတို့ရဲ့ စံတွေကို နားလည်သူဖြစ်ရပါမယ်။ အင်္ဂလိပ်စကားပြောလဲကျွမ်းကျင်ရပါမယ်။ မီဒီယာတွေနဲ့လဲ ရင်းနှီးသူ လေးစားသူဖြစ်ရပါမယ်။ နောက်အပေးအယူတွေရှိရပါမယ်။ သူတို့ကို ပြောပြ ရှင်းပြနိုင်ရင်တော့ အဆင်ပြေမှာပါ။ မြန်မာပြည်မှာက ဘင်ပြဿနာအပြင်သာဝက ဂျစ်ကန်ကန်နဲ့ မဆင်းရင်လဲ ကိုင်ဖို့ ပြင်ထားရပါမယ်လို့ ပြောပါရစေ။
Photo and News Credit: VOA, The Guardian, CNBC, Mizzima
ဦးမြတ်!! ဆောင်းပါး၂ပုဒ်အတွက်
**ကိုယ်ကျိုးစီးပွား**အမြင်ပေါ် ဉာဏ်မီသမျှ တင်ပြအပ်ပါသည်။
အကျိုးစီးပွားသည် လူ ယူသော၊ အယူ မူ အပေါ် ရာနူန်းပြည့် မူတည်ပါသည်။
လူအသေများလွန်းခဲ့တဲ့(နာဂစ်အလွန်မှာ)သေခြင်းတရားနှင့်စပ်ယှဥ်ပြီး မြင်လွယ်ရောက်လွယ်အောင် ကြံတောသင်္ချိုင်း ၊ နာနတ်တောလမ်း ဘုန်းတော်ကြီးကျောင်းနောက် ဘာသာခြားသင်္ချိုင်း၊ တာမွေသင်္ချိုင်းတို့ ပြောင်းရွှေ့ခံရပုံကိုဥပမာပေးဖြင့် ရေးသားသော သာသနာဆိုင်ရာ ဆောင်းပါး**တရားအလင်း**မဂ္ဂဇင်းမှာ စိစစ်ရေးက
ဖယ်ချလို့ စာမူ အပါယ်ခံ ခဲ့ရပါသည်။ ဗုဒ္ဓဘုရားရှင်ရဲ့ ကောင်းကျိုးစီးပွား ပေါ်စေမည့် အယူဝါဒသည် အဲဒီခေတ်က စာပေစိစစ်ရေး **မူ**နဲ့ မကိုက်ညီခဲ့သောကြောင့်။
တရားစခန်းမှာ အလှု့ရှင်အလိုကျ
ကျွေးလိုသော်လည်း*ကြ် ငှက်တုပ်ကွေးရောဂါဖြစ်နေချိန်မို့
ကြ က်သား ဝယ်မရ ၊ မကျွေးနိုင်ခဲ့***။ဆောင်းပါးမှာ ဖော်ပြခံရသော်လည်း ထိုစာပိုဒ် မပါဝင်ခဲ့တော့ပါ။ မူ ကြောင့်ပါ။
*****************************
ခုလည်း အမေရိကန် နိုင်ဝန်သည် အကျိုးစီးပွား ကာကွယ်သော မူ ကို လက်ကိုင်ကျင့်သုံးမှာ သေချာပါသည်။ အမေရိကန်သည် အထီးကျန်နိုင်ငံ မဟုတ်။ခြွေရံသင်းပင်း အခင်းအကျင်း ကြွယ်ဝသောနိုင်ငံဖြစ်ပါသည်။ မူ တူသူများနှင့် လက်တွဲမှာ သေချာပါသည်။ ကိုရီးယား ဂျပန် အိန္ဒိယတို့၏ မိတ်ဆွေသည် သူ့မိတ်ဆွေဖြစ်ပါသည်။ မိတ်ဆွေရဲ့ မိတ်ဆွေကို အလေးမထားရင် မိတ် ပျက် သွားနိုင်ပါသည်။မိတ်ပေါမှ လိုရာဆောင် အကျိုးအောင်ပါမည်။
ခုရက်ပိုင်း ပြစ်သစ် အင်္ဂလန်တို့နှင့် ကုန်စည်ပို့ဆောင်မှုလုပ်နိုင်လာသလို နယ်သာလန်ကလည်း အထည်များ ဖြန့်ဝေမှု အကူအညီပေးမည်ဖြစ်ကြောင်း သတင်းများအရ သိ ရပါသည်။ ဖွားစု လက်ထက်မှာ ပွဲလယ် တင့် ခဲ့ပါပြီ။ အထီးကျန်နိုင်ငံမှ လွတ်မြောက်လာအောင် ဆွဲထုတ်ယူခဲ့ပါပြီ။
ဦးမြတ်!!!နိုင်ငံခြားသားတယောက်က ဗမာစာ/စကားတတ်ကျွမ်းရင် **အဲ ဗမာစကားတတ်တယ်တော့**ဆိုပြီး ခင်ပြ မင်ကြတာ နယ်သာလန်သူ မာယာက သက်သေခံနေပါသည်။
ပြင်သစ်စာ ပြင်သစ်စကားတတ်ကျွမ်းတဲ့ နိုင်ငံခြားသားတယောက် ပြင်သစ်ပြည်သူနဲ့ စာစကားတတ်ကျွမ်းသူအဝန်းအဝိုင်းက မလွဲမသွေ လေးစားကြပါမည်။ သီချင်းလေးဆိုပြရုံ…
အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒ က သူ့ပြည်တွင်းက အမေရိကန် နိုင်ငံ သား ကို ပထမ ဦးစားပေးတဲ့ ပေါ်လစီပါ ကမ္ဘာကို မျက်နှာမူတဲ့ အကျိုးစီးပွား ကလည်း သူ့နိုင်ငံသားတွေအတွက် ပထမ ပါ သူတို့ဆီမှာ ရှိတဲ့ ဘီလီယံနာ သူဌေးကြီးတွေဟာ အမေရိကန် အစိုးရ အုပ်ချုပ်ရေး ယန္တရား ကို ထဲထဲ ဝင်ဝင် ကိုင်တွယ်နိုင်တဲ့ သဘောရှိပါတယ် ဒီတော့ မြန်မာ ပြည်အတွက် စဥ်းစားရင် သူတို အမေရိကန် နိုင်ငံသား သူဌေးကြီးတွေ အတွက် ဘယ်လောက် အကျိုးအမြတ် ရှိနိုင်မလဲ ဆိုတာ နဲ့ တွက်ကြရမှာပါ အဲ့ဒီအပေါ်မှာ မူတည်ပြီး ပထဝီ နိုင်ငံရေး အတိုးအလျှော့ လုပ်ပါမယ် အခုလည်း ဒေါ်နယ်ထရန့် အဓိက တရုပ်ကို ဖြိုနေတဲ့ ရည်ရွယ်ချက်က တရုပ် ရဲ့ BRI စနစ်ကိုပါ တရုပ်က ဒေါ်လာရိုက်ဇေးရှင်း ကို ယင်မင်ဘီ ရိုက်ဇေးရှင်း လုပ်တော့မှာမို့လို့ တရုပ်ကို ရအောင် ဖြိုနေတာပါ သူတို့ တရုပ်ကို အထင်သေးလို့ ခုလို ဖြစ်သွားတာပါ မြန်မာပြည်အတွက်ကတော့ ဒေါ်အောင်ဆန်းစုကြည် လိမ်မာ ပါးနပ်စွာနဲ့ ကိုင်တွယ်နိုင်မယ် ထင်ပါတယ် နိုင်ငံခြားရေး ဝန်ကြီးကတော့ အပြောင်းအလဲ ရှိနိုင်ပါတယ် အမေရိကန် ရဲ့ပေါ်လစီရော တရုပ်နဲ့ အိန္ဒိယ ရဲ့ ပေါ်လစီရော ကျွမ်းကျင် နားလည်တဲ့လူ လိုအပ်ပါတယ် လာမဲ့ အစိုရ အစပိုင်းမှာတော့ နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည် ဘဲ ဖြစ်မယ်ထင်ပါတယ် နောက်ထပ် အတိုင်ပင်ခံ ရာထူး မယူခင်အထိပေါ့ ကျွန်တော် တွေးမိတာပါ အမေစုက နိုင်ငံရေး တချပ်မှောက်တော့ ကစားတဲ့ နေရာမှာ လူတိုင်းကို ဟာကနဲ ဟင်ကနဲ လုပ်နိုင်တဲ့ ပညာရှိပါတယ်