Unicode version
အမျိုးသားရေးနဲ့အဘတခရိုနီများ
မနေ့ကဟိုလက်ရှိအစိုးရဖောင်းထုဟိုတယ်ပိုင်ရှင်ခရိုနီအသေးစားစာရေးစရာဌေးအောင်ကမနေ့ကပွဲထွက်တဲ့ဝါဝါတပ်ပါတီကိုရေးထားတာဖတ်လိုက်ရပါတယ်။သူကယခင်အစိုးရလက်ထက်မှာသူကတိုင်စာပို့တယ်။ဒုဗိုလ်ချုပ်ကြီးစိုးမောင်ယခုပါတီထောင်သူကရှင်းပေးခဲ့တယ်။ဒါပေမယ့်ဒီအစိုးရလက်ထက်မှာတိုင်စာမရှင်းပေးဘူး။သူ့ဟာပြန်အသိမ်းခံရတယ်။သူအဂတိကိုတိုင်တာလဲမဖမ်းဘူူ။ဒါကြောင့်အဘကတော်တယ်ပေါ့။သူကသူNLD ကိုယခင်ကမဲပေးခဲ့တယ်လို့လဲရေးထားပါသေးတယ်။
သူဟာသမ္မတ၊အတိုင်ပင်ခံတို့ကိုကျန်းမာရေးစစ်ဖို့ဟာဝယ်ပို့သလိုနဲ့လာဘ်ထိုးရန်ကြိုးစားခဲ့သူပါ။ဟိုကပြန်ပို့ပြီးထုတ်ကြေညာခဲ့ပါတယ်။အားလုံးမှတ်မိမှာပါ။ဒါဟာမကောင်းတဲ့အကျင့်တရားမဝင်ဘူးဆိုတာသူလိုသတင်းသမား၊ဟိုတယ်ပိုင်ရှင်လုပ်ငန်းရှင်တစ်ယောက်အနေနဲ့သိရပါမယ်။ကျင့်ဝတ်ရှိသူဆိုရင်ပေါ့။ယခုဒီမိုလက်ထက်မှာတောင်ဒီလိုလုပ်ရင်ယခင်အဘလက်ထက်ဆိုဘာလုပ်ခဲ့မလဲစဉ်းစားသာကြည့်ပါ။
သူကခရီးသွားလာရေးဝန်ကြီးကိုအဂတိတိုင်တယ်။အဂတိဟာမိုးကျများနဲ့ဖွဲ့ထားတာပါ။သူတိုင်တာမှန်ရင်အရေးယူလိုက်တာကြာပါပြီ။သူတိုင်တန်းအမှန်လို့ဘယ်သူကမှမပြောထားပါ။သူ့ရဲ့အပြုအမူကနဂိုထဲကသံသယဖြစ်စရာရှိပြီးသားပါ။ဒီဟိုတယ်တွေဘယ်လိုရခဲ့လဲတင်ဒါကတရားမျှတလားအစုံပါဘဲ။
သူ့ဟိုတယ်လူမလာတာလဲဘင်္ဂါလီကိစ္စအပြီးမှာသူ့အဘတွေလုပ်လို့ပါ။ဝန်ကြီးကသပိတ်မှောက်တဲ့အနောက်နိုင်ငံကလူတွေကိုအတင်းလာခိုင်းလို့မရပါ။
သူ့ကသူ့ပြဿနာကိုဒုဗိ်ုလ်ချုပ်ကြီးစိုးမောင်ကရှင်းပေးခဲ့တာကြောင့်အဲ့ဒီပါတီကိုမဲပေးမလိုအဆုံးသတ်သွားပါတယ်။ဒီလိုအပြောနဲ့လူဟာအစကထဲကNLD ကိုမဲပေးတယ်ဆိုတာယုံရခက်ကြီးပါ။
ယခုသူ့ရေးသားမှုကနေသိလိုက်တာကဒီလိုခရိုနီတွေအဘတတွေဟာသတင်းလောကဂျာနယ်လောကမှာရှိနေတယ်ဆိုတာပါ။စာဖတ်သူများလဲသူတို့ကိုရှောင်နိုင်ပါစေ။
Комментарии