top of page
Search
Writer's pictureMyat Tun Oo

အမနဲ့ ကာလုံမဟုတ်ဘဲ ဘယ်လိုတွေ့မလဲ


အမနဲ့ ကာလုံမဟုတ်ဘဲ ဘယ်လိုတွေ့မလဲ

ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲပေးမလဲလို့စဉ်းစားရင် သူတို့ဟာ ယခင်တပ်နဲ့ ဖွတ်နဲ့ ဘယ်လောက်ဆက်သွယ်ပတ်သက်မှုရှိလဲ လေ့လာပြီးမှ မဲပေးကြပါလို့ပြောလိုပါတယ်။ အချို့က ပင်စင်လေးနဲ့ ပါတီထောင်တာ ပင်စင်ရဲ့ အဆတစ်သောင်းလောက် ပိုက်ဆံတွေသုံးထားရင် သင်စဉ်းစားပါ။ အချို့ကတော့ ယခင်အစိုးရလက်ထက် ရိုးသားတယ်ဘာညာနဲ့ ရွှေရောင်အင်္ကျီဖိုးကတင် သူတို့ရတဲ့ ပင်စင်လခထက် ပိုများနေတာသွားတွေ့ရပါလိမ့်မယ်။ ယခင်အစိုးရလက်ထက် မခိုးဘူးဆိုရင် ပြည်သူက ဘစိန်နွားတွေကို သွားမြင်မိကြမှာပါ။

ဒီနေ့ ကျောင်းသားခေါင်းဆောင်ဟောင်း ယခုပါတီရဲ့ခေါင်းဆောင် ကိုကိုကြီးက အဘမနေ့ကချပေးခဲ့တဲ့ ကာလုံခေါ်ဖို့ နှပ်ကြောင်းပေးလာတာ တွေ့ရပြန်ပါတယ်။ ပါတီထောင်တယ်ဆိုတာ ပိုက်ဆံကုန်ပါတယ်။ ကိုကိုကြီးပါတီ ဘယ်ကရန်ပုံငွေရလဲတော့ စာရေးသူမသိပါ။ ယခု လက်တွေ့ကျတဲ့ ကာလုံအကြောင်း ရှင်းပြပါ့မယ်။

DASSK အစိုးရတက်လာအပြီးမှာ မအလနဲ့ DASSK အလွတ်သဘောတွေ့တာတွေ ရှိခဲ့ပါတယ်။ သိသလောက်တော့ နိုဝင်ဘာ ၂၀၁၆ မုန်းကိုးအတိုက်မခံရချိန်အထိပါ။ နောက် သူ့သက်တမ်းတိုးတာကိုသမ္မတက လက်မှတ်မထိုးပေးချိန်မှာ ကာလုံခေါ်ပါဆိုပြီး ဖြစ်လာပါတယ်။ မခေါ်ချိန်မှာ မန္တလေးက မဘသဘုန်းကြီးဆန္ဒပြပွဲတွေနဲ့ မီးမွှေးလိုက်တာ နောက်ဆုံး ဘင်္ဂါလီကိစ္စမှာ လာဆုံးပါတယ်။

နိုင်ငံခြားက ကာလုံကို လေ့လာကြည့်ရအောင်။ အမေရိကန်မှာ ကာလုံကို ၁၉၄၆ မှာ စဖွဲ့ခဲ့ပြီး အစပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ရေတပ်ဝန်ကြီးနဲ့ စစ်ဦးစီးအရာရှိတို့ ပါပါတယ်။ အမေရိကန်မှာ တပ်ချုပ်က သမ္မတပါ။ နောက်ပိုင်း အိုဘားမားနဲ့ ထရမ့်လက်ထက်မှာ သမ္မတ၊ ဒုသမ္မတ၊နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ စွမ်းအင်ဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးတို့ဟာ ဥပဒေအရကာလုံတက်ရသူများဖြစ်ပြီး စစ်ဦးစီးအဖွဲ့များရဲ့ ဥက္ကဌ (မြန်မာပြည်မှာက စစ်ဦးစီးအရာရှိချုပ်) ဟာထူးဆန်းစွာဘဲ အကြံပေးအနေနဲ့သာ တက်ရပါတယ်။ နောက် ထောက်လှမ်းရေးညွှန်ချုပ်တွေကလဲဥပဒေအရမဟုတ်ဘဲ ခေါ်မှတက်ရတဲ့အဆင့်သာ ရှိပါတယ်။ အမေရိကန်မှာ သမ္မတကသာ ဆုံးဖြတ်တာပါ။ မဲခွဲစရာမလိုပါ။ တပ်ချုပ်ဟာ သမ္မတဖြစ်ပြီး စစ်ဦးစီးအရာရှိချုပ်ဟာ ညွှန်ချုပ်ပါ။ ဥပမာ ဘင်လာဒင်ဘယ်မှာရှိလဲ စုံစမ်းရတာက ထောက်လှမ်းရေးအလုပ်ပါ။ တွေ့ရင်သမ္မတကိုတင်ပြ။ သမ္မတကတပ်ကိုမေး၊ တပ်ကဒုံးနဲ့ပစ်မလား၊ ပါက္ကစတန်ထဲဝင်ဖမ်းမလား နည်းလမ်းတွေပြောပြပြီး သမ္မတကနိုင်ငံရေးအရ အကျိုးအပြစ်ကို ချင့်ချိန်ဆုံးဖြတ်ရတာပါ။ ဥပမာ ကလင်တန်က ဘင်လာဒင်ကို ယီမင်မှာ ဒုံးနဲ့ပစ်ဖို့သာ ဆုံးဖြတ်ခဲ့တာပါ။ အိုဘားမားက ဝင်ဖမ်းဖို့ ဆုံးဖြတ်ပြီး ပြည်သူကို ရုပ်သံက မိန့်ခွန်းပြောပါတယ်။ အိုဘားမားက သူ့ညွှန်ချုပ် စစ်ဦးစီးအရာရှိချုပ်ကို ပြောတဲ့အတိုင်းမလုပ်ရင် ဖြုတ်ခွင့်ရှိပါတယ်။

မြန်မာပြည်လာပါပြီ။ ကာလုံခေါ်ပြီဆိုပါစို့။ သူက အာဏာထသိမ်းမလားမသိ။ နောက် အထဲမှာပြောတာကို သူ့တပည့်က ဟုတ်တာရော မဟုတ်တာပါပြောပြီး သိက္ခာချရင် မခက်ဘူးလား။ ပြီးတော့ ဒီလိုထွန်းထွန်းညီလိုကောင်က မဟုတ်တာပြောရင်လဲ သမ္မတက အရေးယူလို့မရနဲ့ ဂွကျပါတယ်။ ဘင်္ဂါလီကိစ္စ မတိုင်ခင်ကသာ ကာလုံခေါ်မိခဲ့ရင် ယခုအချိန် သမ္မတရော၊ အတိုင်ပင်ခံပါ အမှုပတ်နေလောက်ပါပြီ။ သူမ မခေါ်လိုက်တာက ကံကောင်းသွားတာပါ။

ဒါဆို ကိုကိုကြီးပြောတိုင်း ကာလုံခေါ်ရမှာလား? အဖြေက တပ်ချုပ်မအလအနေနဲ့ အမနဲ့တွေ့ပြီးဆွေးနွေးတိုင်ပင်လိုရင် အမကို ကာလုံကတဆင့်သာ မတွေ့ဘဲ ဒီအတိုင်းနှစ်ယောက်ထဲသာ အတိုင်ပင်ခံရာထူးကို အသိအမှတ်ပြုပြီး သွားတွေ့ပါ။ သူမနဲ့မတွေ့ချင်လဲ သမ္မတကို ခွင့်တောင်းပြီး သွားတွေ့ပါ။ဒါမှမဟုတ် သမ္မတနဲ့ ခြင်းသွားခတ်ရင်း အလွတ်သဘော သွားတွေ့ပါ။ ဒါက လက်တွေ့ကျပါတယ်။သမ္မတက ဂေါက်ရိုက်တတ်ရင်တော့ ကောင်းပါတယ်။ သူကခြင်းခတ်လို့ တပ်ချုပ်ကြီးလဲ ခြင်းခတ်ရင်း အလွတ်သဘောတွေ့ကြည့်ပါ။ ဒါမှမဟုတ်လဲ အန်တီကြူ့ကို အမထံလွတ်ပြီး ရင်းနှီးအောင်လုပ်ပါ။

မြန်မာ့နိုင်ငံရေးဟာ လူပုဂ္ဂိုလ်အချင်းချင်း အဆင်ပြေရင် ပြေလည်နိုင်ပါတယ်။ အမဟာ ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်ပါ။ တပ်ချုပ်ဟာ ပြည်သူ့ဝန်ထမ်းဖြစ်လို့ အလျှော့ပေးပြီးတွေ့လိုက်ပါ။ အဆင်ပြေသွားမှာပါ။ ဆွေးနွေးညှိနှိုင်းတာဟာ တိုင်းပြည်အတွက် ကောင်းပါတယ်။ပြေလည်အောင် ပြောပြတာပါ။


zawgyi version

အမနဲ႔ ကာလုံမဟုတ္ဘဲ ဘယ္လိုေတြ႕မလဲ


ေရြးေကာက္ပြဲမွာ ဘယ္ပါတီကို မဲေပးမလဲလို႔စဥ္းစားရင္ သူတို႔ဟာ ယခင္တပ္နဲ႔ ဖြတ္နဲ႔ ဘယ္ေလာက္ ဆက္သြယ္ပတ္သက္မွုရွိလဲ ေလ့လာၿပီးမွ မဲေပးၾကပါလို႔ေျပာလိုပါတယ္။ အခ်ိဳ႕က ပင္စင္ေလးနဲ႔ ပါတီေထာင္တာ ပင္စင္ရဲ့ အဆတစ္ေသာင္းေလာက္ ပိုက္ဆံေတြသုံးထားရင္ သင္စဥ္းစားပါ။ အခ်ိဳ႕ကေတာ့ ယခင္အစိုးရလက္ထက္ ရိုးသားတယ္ဘာညာနဲ႔ ေရႊေရာင္အကၤ်ီဖိုးကတင္ သူတို႔ရတဲ့ ပင္စင္လခထက္ ပိုမ်ားေနတာသြားေတြ႕ရပါလိမ့္မယ္။ ယခင္အစိုးရလက္ထက္ မခိုးဘူးဆိုရင္ ျပည္သူက ဘစိန္ႏြားေတြကို သြားျမင္မိၾကမွာပါ။


ဒီေန႔ ေက်ာင္းသားေခါင္းေဆာင္ေဟာင္း ယခုပါတီရဲ့ေခါင္းေဆာင္ ကိုကိုႀကီးက အဘမေန႔ကခ်ေပးခဲ့တဲ့ ကာလုံေခၚဖို႔ ႏွပ္ေၾကာင္းေပးလာတာ ေတြ႕ရျပန္ပါတယ္။ ပါတီေထာင္တယ္ဆိုတာ ပိုက္ဆံကုန္ပါတယ္။ ကိုကိုႀကီးပါတီ ဘယ္ကရန္ပုံေငြရလဲေတာ့ စာေရးသူမသိပါ။ ယခု လက္ေတြ႕က်တဲ့ ကာလုံအေၾကာင္း ရွင္းျပပါ့မယ္။


DASSK အစိုးရတက္လာအၿပီးမွာ မအလနဲ႔ DASSK အလြတ္သေဘာေတြ႕တာေတြ ရွိခဲ့ပါတယ္။ သိသေလာက္ေတာ့ နိုဝင္ဘာ ၂၀၁၆ မုန္းကိုးအတိုက္မခံရခ်ိန္အထိပါ။ ေနာက္ သူ႔သက္တမ္းတိုးတာကို သမၼတက လက္မွတ္မထိုးေပးခ်ိန္မွာ ကာလုံေခၚပါဆိုၿပီး ျဖစ္လာပါတယ္။ မေခၚခ်ိန္မွာ မႏၲေလးက မဘသဘုန္းႀကီးဆႏၵျပပြဲေတြနဲ႔ မီးေမႊးလိုက္တာ ေနာက္ဆုံး ဘဂၤါလီကိစၥမွာ လာဆုံးပါတယ္။


နိုင္ငံျခားက ကာလုံကို ေလ့လာၾကည့္ရေအာင္။ အေမရိကန္မွာ ကာလုံကို ၁၉၄၆ မွာ စဖြဲ႕ခဲ့ၿပီး အစပိုင္းမွာ နိုင္ငံျခားေရးဝန္ႀကီး၊ ကာကြယ္ေရးဝန္ႀကီး၊ ေရတပ္ဝန္ႀကီးနဲ႔ စစ္ဦးစီးအရာရွိတို႔ ပါပါတယ္။ အေမရိကန္မွာ တပ္ခ်ဳပ္က သမၼတပါ။ ေနာက္ပိုင္း အိုဘားမားနဲ႔ ထရမ့္လက္ထက္မွာ သမၼတ၊ ဒုသမၼတ၊ နိုင္ငံျခားေရးဝန္ႀကီး၊ ကာကြယ္ေရးဝန္ႀကီး၊ စြမ္းအင္ဝန္ႀကီးနဲ႔ ဘ႑ာေရးဝန္ႀကီးတို႔ဟာ ဥပေဒအရ ကာလုံတက္ရသူမ်ားျဖစ္ၿပီး စစ္ဦးစီးအဖြဲ႕မ်ားရဲ့ ဥကၠဌ (ျမန္မာျပည္မွာက စစ္ဦးစီးအရာရွိခ်ဳပ္) ဟာ ထူးဆန္းစြာဘဲ အႀကံေပးအေနနဲ႔သာ တက္ရပါတယ္။ ေနာက္ ေထာက္လွမ္းေရးညႊန္ခ်ဳပ္ေတြကလဲ ဥပေဒအရမဟုတ္ဘဲ ေခၚမွတက္ရတဲ့အဆင့္သာ ရွိပါတယ္။ အေမရိကန္မွာ သမၼတကသာ ဆုံးျဖတ္တာပါ။ မဲခြဲစရာမလိုပါ။ တပ္ခ်ဳပ္ဟာ သမၼတျဖစ္ၿပီး စစ္ဦးစီးအရာရွိခ်ဳပ္ဟာ ညႊန္ခ်ဳပ္ပါ။ ဥပမာ ဘင္လာဒင္ဘယ္မွာရွိလဲ စုံစမ္းရတာက ေထာက္လွမ္းေရးအလုပ္ပါ။ ေတြ႕ရင္သမၼတကိုတင္ျပ။ သမၼတက တပ္ကိုေမး၊ တပ္ကဒုံးနဲ႔ပစ္မလား၊ ပါကၠစတန္ထဲဝင္ဖမ္းမလား နည္းလမ္းေတြေျပာျပၿပီး သမၼတက နိုင္ငံေရးအရ အက်ိဳးအျပစ္ကို ခ်င့္ခ်ိန္ဆုံးျဖတ္ရတာပါ။ ဥပမာ ကလင္တန္က ဘင္လာဒင္ကို ယီမင္မွာ ဒုံးနဲ႔ပစ္ဖို႔သာ ဆုံးျဖတ္ခဲ့တာပါ။ အိုဘားမားက ဝင္ဖမ္းဖို႔ ဆုံးျဖတ္ၿပီး ျပည္သူကို ႐ုပ္သံက မိန္႔ခြန္းေျပာပါတယ္။ အိုဘားမားက သူ႔ညႊန္ခ်ဳပ္ စစ္ဦးစီးအရာရွိခ်ဳပ္ကို ေျပာတဲ့အတိုင္းမလုပ္ရင္ ျဖဳတ္ခြင့္ရွိပါတယ္။


ျမန္မာျပည္လာပါၿပီ။ ကာလုံေခၚၿပီဆိုပါစို႔။ သူက အာဏာထသိမ္းမလားမသိ။ ေနာက္ အထဲမွာေျပာတာကို သူ႔တပည့္က ဟုတ္တာေရာ မဟုတ္တာပါေျပာၿပီး သိကၡာခ်ရင္ မခက္ဘူးလား။ ၿပီးေတာ့ ဒီလိုထြန္းထြန္းညီလိုေကာင္က မဟုတ္တာေျပာရင္လဲ သမၼတက အေရးယူလို႔မရနဲ႔ ဂြက်ပါတယ္။ ဘဂၤါလီကိစၥ မတိုင္ခင္ကသာ ကာလုံေခၚမိခဲ့ရင္ ယခုအခ်ိန္ သမၼတေရာ၊ အတိုင္ပင္ခံပါ အမွုပတ္ေနေလာက္ပါၿပီ။ သူမ မေခၚလိုက္တာက ကံေကာင္းသြားတာပါ။


ဒါဆို ကိုကိုႀကီးေျပာတိုင္း ကာလုံေခၚရမွာလား? အေျဖက တပ္ခ်ဳပ္မအလအေနနဲ႔ အမနဲ႔ေတြ႕ၿပီး ေဆြးေႏြးတိုင္ပင္လိုရင္ အမကို ကာလုံကတဆင့္သာ မေတြ႕ဘဲ ဒီအတိုင္းႏွစ္ေယာက္ထဲသာ အတိုင္ပင္ခံရာထူးကို အသိအမွတ္ျပဳၿပီး သြားေတြ႕ပါ။ သူမနဲ႔မေတြ႕ခ်င္လဲ သမၼတကို ခြင့္ေတာင္းၿပီး သြားေတြ႕ပါ။ ဒါမွမဟုတ္ သမၼတနဲ႔ ျခင္းသြားခတ္ရင္း အလြတ္သေဘာ သြားေတြ႕ပါ။ ဒါက လက္ေတြ႕က်ပါတယ္။ သမၼတက ေဂါက္ရိုက္တတ္ရင္ေတာ့ ေကာင္းပါတယ္။ သူကျခင္းခတ္လို႔ တပ္ခ်ဳပ္ႀကီးလဲ ျခင္းခတ္ရင္း အလြတ္သေဘာေတြ႕ၾကည့္ပါ။ ဒါမွမဟုတ္လဲ အန္တီၾကဴ႕ကို အမထံလြတ္ၿပီး ရင္းႏွီးေအာင္လုပ္ပါ။


ျမန္မာ့နိုင္ငံေရးဟာ လူပုဂၢိဳလ္အခ်င္းခ်င္း အဆင္ေျပရင္ ေျပလည္နိုင္ပါတယ္။ အမဟာ ျပည္သူက ေရြးေကာက္တင္ေျမႇာက္ထားတဲ့ ေခါင္းေဆာင္ပါ။ တပ္ခ်ဳပ္ဟာ ျပည္သူ႔ဝန္ထမ္းျဖစ္လို႔ အေလၽွာ့ေပးၿပီးေတြ႕လိုက္ပါ။ အဆင္ေျပသြားမွာပါ။ ေဆြးေႏြးညႇိႏွိုင္းတာဟာ တိုင္းျပည္အတြက္ ေကာင္းပါတယ္။ ေျပလည္ေအာင္ ေျပာျပတာပါ။

152 views0 comments

Comments


bottom of page