top of page
Search
Writer's pictureMyat Tun Oo

အရေးကြီးတဲ့ တော်လှန်ရေးမိသားစု (သို့) PRF member



ယခုကမ္ဘာပေါ်မှာ စစ်ဖြစ်ဖို့ တာစူနေတဲ့ ရုရှား-ယူကရိန်းအရေး၊ တရုတ်နဲ့ အငြင်းပွါးနေတဲ့ ကျွန်းဆွယ်ကိစ္စတွေကို လေ့လာကြည့်ပါ။ ၁၉၉၉ မှာ အမေရိကန်က ရုရှားသစ္စာခံ ယူဂိုဆလပ်ကို ကိုဆိုဗိုကိစ္စနဲ့ဗုံးကြဲခဲ့ပါတယ်။ ယူဂိုဆလပ်မှာရှိတဲ့ တရုတ်သံရုံးကိုလဲ ဗုံးကြဲချခဲ့ပါတယ်။ ရုရှားရော တရုတ်ပါ စီးပွါးရေးမကောင်းချိန် သူတို့တပ်တွေကလဲ ခေတ်မမှီလို့ ဘာမှအသံကျယ်ကျယ်မထွက်ဘဲ အံကြိတ်ခံခဲ့ရပါတယ်။ ရုရှားနဲ့ တရုတ်ဟာ သူတို့တိုင်းပြည်စီးပွါးရေးကောင်းအောင် အမေရိကန်နဲ့ တည့်အောင်ပေါင်းပြီး နှစ် ၂၀ကျော် ငွေစု၊ သူတို့တပ်တွေကိုလဲ ခေတ်မှီအောင်လုပ်ပြီး လက်နက်တပ်ဆင်ခဲ့ကြပါတယ်။၂၀၂၁ နောက်ပိုင်းမှာ ရုရှားရော တရုတ်ပါ အမေရိကန်ကို စိန်ခေါ်ဖို့ ကြိုးစားလာတာ အားလုံးအသိပါ။ဘာလို့လဲဆိုတော့ ရုရှားရော တရုတ်ပါ သူတို့တပ်တွေကို ငွေကြေးထောက်ပံ့ပြီး လက်နက်အင်အားဖြည့်တင်းခဲ့လို့ပါ။ ဒါက ကြီးကျယ်တဲ့ ဥပမာပါ။ စစ်ပွဲတွေမှာ လက်နက်ကြီးသူက အမြဲနိုင်တာ မဟုတ်ပေမယ့် နိုင်ဖို့များပါတယ်။ ဥပမာ အာဖဂန်နဲ့ အီရတ် အစပိုင်းမှာ လက်နက်ကြီးသူက နိုင်ခဲ့ပါတယ်။နောက်ပိုင်းမှသာ တာလီဘန်က ပြန်တိုက်နိုင်တာပါ။

စာရေးသူတို့ ဒီမိုတွေက မအလအကြမ်းဖက် ဖက်ဆစ်တပ်ကို ပြန်တိုက်ဖို့ ပြည်သူ့တပ်မတော် PDF ကိုထူထောင်ခဲ့ပါတယ်။ စာရေးသူတို့မှာ ပြည်သူ့အစိုးရ NUG ရှိပါတယ်။ ဒါကြောင့် စာရေးသူတို့တပ်မတော် PDF အင်အားတောင့်လာအောင် လက်နက်ဝယ်ဖို့ ငွေထောက်ပံ့ဖို့လိုလာပါတယ်။ ဒီနေရာမှာ ယခင်က Gofundmeကို မအလက ဘယ်လိုနှောက်ယှက်လဲ NUG ငွေတိုက်စာချုပ်ရောင်းတာကိုစင်ကာပူဘဏ်တွေကတဆင့် ဘယ်လိုနှောက်ယှက်သလဲ၊ ထီလက်မှတ်ရောင်းတာကို ပြည်တွင်းမှာဘယ်လိုနှောက်ယှက်သလဲ ရေးပြပြီးပါပြီ။ click2donate တောင် မအလက အကောင့်တုထောင်တာနဲ့အခြားနည်းတွေနဲ့ နှောက်ယှက်ဖို့ ကြိုးစားနေပါတယ်။

ဒါဆို ဒီတော်လှန်ရေးမိသားစု PRF အစီအစဉ်က ဘာထူးမှာလဲ? သူ့ရဲ့ ငွေကောက်ပုံက မိမိနဲ့နီးစပ်ရာNUG ရဲ့ အသိအမှတ်ပြုသူကတဆင့် လှုတာမိုလို့ မိမိလုံခြုံရေးမထိခိုက်သလို လှူတဲ့ငွေတွေကိုလဲ မအလတပ်က ဒုက္ခပေးလို့မရပါ။ ဥပမာ သူက ဘောမတစ်ယောက်ကို ငွေလှူခိုင်းရင်တောင် ဘောမကအဆိုပါ အလှူငွေကောက်သူ ဒီမိုကို လူချင်းသိရပါမယ်။ ဘောမက သွားဆက်သွယ်ရင်လဲ ဒီမိုကိုယ်စားလှယ်က ဘောမမှန်း တန်းသိမှာပါ။ အကယ်၍ ဘောမက သွားတိုင်ရင်တောင် ထိုကိုယ်စားလှယ်က လူအနည်းစုသာ တာဝန်ယူထားလို့ NUG ရဲ့ ငွေကောက်ခံမှုကို လာမထိပါ။ ဒါကလုံခြုံရေးအရပါ။

နောက်ဒီတော်လှန်ရေးမိသားစုရဲ့ အားသာချက်က မိမိက မအလကိုတော်လှန်ချင်တယ်။ ဒါပေမယ့် မိမိက နိုင်ငံခြားမှာဆိုရင် အဖွဲ့ဝင်ငွေထည့်ချင်းဖြင့် ပြည်သူ့တပ်မတော်သားဖြစ်နိုင်တာပါ။ ဒါကြောင့်စာရေးသူရဲ့ တူ/တူမတွေ ဝင်ကြတာတွေ့ရပါတယ်။ ဒါကစိတ်ခွန်အားပါ။ ဒီထက်ပိုကောင်းတဲ့အကျိုးအမြတ်က NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အဆိုပါအဖွဲ့ဝင်တွေက လစဉ်ဘယ်လောက်ထောက်ပံ့မလဲဆိုတာသိလို့ စစ်အသုံးစာရိတ်ကို သတ်မှတ်ပြီး မှာစရာရှိတာကို ကြိုမှာလို့ရလာမှာပါ။ ဥပမာ လက်နက်ဆိုပါစို့။ ယခုပိုက်ဆံရပြီး မနက်ဖြန် စျေးသွားဝယ်သလို ဝယ်လို့မရပါ။အများကြီးမိုလို့ ဥပမာ လက်နက်တစ်ထောင် မှောင်ခိုမှာ ကြိုမှာရပါတယ်။ အမေရိကန်နဲ့ အင်္ဂလိပ်ကလာပေးတာမဟုတ်ပါ။ ပြည်သူ့ပိုက်ဆံနဲ့ ဝယ်ရတာပါ။ အချို့အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံအချို့ကမျက်နှာလိုမျက်နှာရ ဖမ်းပြလိုသူတောင်ရှိပါတယ်။

စာရေးသူကို မင်းမှာ ပိုက်ဆံ ဒေါ်လာတစ်ရာသာ တစ်လကိုလှူနိုင်ရင် ဘယ်ကိုလှူမလဲမေးရင် PRF တော်လှန်ရေးမိသားစုဝင်အနေနဲ့ NUG ကိုသာ လှူပါမယ်လို့ ပြောပါရစေ။ လက်ရှိမှာ နေရာတိုင်းငွေလိုနေတယ်ဆိုတာ စာရေးသူသိပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ စံနှုန်းအရ ပြည်သူ့ကိုယ်စားလှယ်များCRPH က ဖွဲ့စည်းပေးထားတဲ့ NUG ကိုသာ လှူပါမယ်။ NUG ကမှ စာရေးသူပိုက်ဆံကို ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့ စီမံခန့်ခွဲပါစေ။ PRF member ဖြစ်လိုသူများ မိမိတို့နိုင်ငံအလိုက်ကိုယ်စားလှယ်များကို ဆက်သွယ်ပေးပါ။ ကျေးဇူးအများကြီးတင်ပါတယ်။ စစ်တိုက်တယ်ဆိုတာပိုက်ဆံကုန်ပါတယ်။ မအလက လက်နက်ကိုင်လမ်းစဉ်ရွေးပြီး အာဏာသိမ်းလိုက်လို့ စာရေးသူတို့မှာပြန်တိုက်ရုံမှတစ်ပါး အခြားမရှိပါ။ ငွေရှိမှာ စစ်ပွဲတွေကို မြေပြင်မှာ ပြောင်းလဲနိုင်မှာပါ။ လေနဲ့က မြို့သိမ်းလို့မရပါ။ နောက်ယူကရိန်းရဲ့ သင်ခန်းစာက စာရေးသူတို့ ကိုယ့်အားကိုယ်ကိုးပြီးတိုက်ရမယ်ဆိုတာပါ။

787 views2 comments

2 Comments


Johnny JOE
Johnny JOE
Feb 19, 2022

4586 ဆို တာ တော့ တော္ တော္ ကို နဲ တာ ဘဲ ....မန်ဘာလုပ် ပြီးပိုက် ဆံ မထည့် သေး တဲ့သူ ‌တွေ ၇ှိ အုံး မယ်ထင် တယ်....

Like

Myint Soe Oo
Myint Soe Oo
Feb 19, 2022

ဦးမြတ်!!! အများစု နှစ်ခြိုက် သဘောကျသလို၊ အထင်တကြီးဖြင့် သုံးလည်းသုံးနေကြသောစကား နှစ်ရပ် ရှိပါသည်။

~ ပါရမီ

~ သတ္တဝါကို ကယ်တင်ခြင်း အလုပ်(ကံ)

•••ပါရမီက နုသေးတော့ သတ္တဝါ ကယ်တင်တဲ့အလုပ်က မလုပ်နိုင်သေးဘူးလေ။

••• ခုခေတ်ကလေးတွေများ ပါရမီ တကယ်ထူးပါတယ်။(GZ တို့ကို ရည်ညွှန်းခြင်း)

•••ပါရမီ ဆိုတာမျိုးက တစ တစ ဖြည့်ရတာ၊ ပြည့်ဖို့ရာ မလွယ်ပါဘူး။

***သတ္တဝါတွေ ကယ်တင်နေပြီး(အရောင်ကာလာဝတ် လူပုဂ္ဂိုလ်များ)သာသနာပြုသူများ***ဆိုလျှင် အထူးပြောဖွယ် မရှိ။ အဘ!!!ဘာလိုဘာသနည်း?ဖြည့်ဆည်းရန်အသင့်ဆိုများကိုလည်း တွေ့ကြုံမြင်ဖူးခဲ့ ၊ မြင်ဖူးဆဲမို့ နောင်လည်း ဆက်တွေ့နေရပါဦးမည်။

တလောက တင်ပြဖူးပါသည်။

လေလွင့်ခွေး ဂေဟာတစ်ခုကို ကျပ်ငွေ သိန်းချီ၍ လှူဒါန်းပြီး **သတ္တဝါ ကယ်တင်ရေး**ခေါင်းစည်း တပ်လိုက်ပါသည်။

ဘုရားများမှာ လှောင်အိမ်ထဲက ငှက် လွှတ်၍ ကယ်တင်ကြပါသည်။

လိပ် ငါးများ ရေထဲလွှတ်ပြီး ကယ်တင်ကြပါသည်။

•ှာ•• ပါရမီ နှင့် သတ္တဝါ ကယ်တင်ရေး။

အများစုက မဂ် ဖိုလ် နိဗ္ဗာန် ထက်ပင် အရေးထားကြသည်ကို တွေ့မြင်နိုင်ပါသည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~


စိတ်ထားဖြူစင်သူတို့၏ အများအတွက် ကောင်းကျိုးပြုမှု အလုပ်(ကံ)ကို

ပါရမီဟု ဆရာကြီးဦးရွှေအောင်မှ ဖွင့်ဆိုထားပါသည်။

ကာယ ဝစီ မနော (ကံ )များနှင့် လုပ်ဆောင်မှသာ ကျင့်ရာ ဖြည့်ရာ မြောက်ပါသည်။ တစ တစ ဖြည့်မှ ကြာသော် ရင့်ကျက် ပြည့်တက်ပါသည်။

ထိုင်နေလို့တော့ အညွန့်အဖူးပင် ထွက်မည်မဟုတ်ပါ။

ရှေးက ကောင်းလို့

အခု ကောင်း

နောင်လည်း ကောင်းပါမည်။(အာသေဝနပစ္စယော)

ခုကာလသည် ပါရမီဖြည့်ချင်လွန်းလိုသူ၊ တပါးသူမတရား ညဉ်းပမ်းနှိပ်စက်သတ်ဖြတ်ခံနေရသော လူသားများကို ကယ်တင်လိုလွန်းသူများအတွက် ကယ်တင်ရန် အချိန်ကာလကောင်းဖြစ်ပါသည်။အင်အား ဗလ စိုက်ရန် မလိုပါ။

အများစု နှစ်ခြိုက်သော ဒါန(လှူဒါန်းမှု)ကံ…


Like
bottom of page