top of page
Search
Writer's pictureMyat Tun Oo

၁၉၆၂ ၊ ၁၉၈၈ နှင့် ၂၀၂၁ တို့ကို နှိုင်းယှဉ်လေ့လာခြင်း


၁၉၆၂ မှာ နေဝင်းက အာဏာသိမ်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ တည်မြဲနဲ့ သန့်ရှင်းကွဲခဲ့ပြီး နေဝင်းကတည်မြဲဘက်ကလိုနဲ့ အာဏာသိမ်းခဲ့တာပါ။ အဲ့ဒီအချိန်မှာ အမေရိကန်ဟာ ကွန်မြူနစ်ရန်ကို အဓိကကြောက်နေလို့ ကျန်တာကို လွှတ်ထားခဲ့ပါတယ်။ အဲ့ဒီအချိန်က အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ ဖိလစ်ပိုင်တို့မှာလဲ အာဏာသိမ်းခဲ့ကြပါတယ်။ ဒါတောင် ကျောင်းသားတွေက ဆန့်ကျင်ခဲ့ကြပါသေးတယ်။အဲ့ဒီအချိန်မှာ ကမ္ဘာကြီးက ဆက်သွယ်ရေးမတိုးတက်သေးပါ။ နေဝင်းဟာလဲ ကမ္ဘာ့တရားရုံးမရောက်နေခဲ့ပါ။ တိုင်းပြည်က ချမ်းသာချိန်မိုလို့ နေဝင်းဟာ သုံးနိုင်ဖြုန်းနိုင်ခဲ့ပါတယ်။ စီးပွါးရေးပြဿနာ သူအာဏာသိမ်းစမှာ မရှိခဲ့ပါ။

၁၉၈၈မှာ အာဏာသိမ်းတာက မဆလထံကပါ။ သိမ်းတာထက် လွှဲတယ်ဆိုရင် ပိုမှန်ပါတယ်။ ဘာမှ ခုခံမှုမရှိခဲ့ပါ။ ပြည်သူကသာ ဆန္ဒပြခဲ့တာပါ။ ပြည်သူတွေကို တရားဝင်ခေါင်းဆောင်သူက သေချာမရှိခဲ့ပါ။ နောက်အဲ့ဒီအချိန်က ကမ္ဘာကြီးမှာ ဝင်ရောက်စွက်ဖက်တာ ခေတ်မစားသေးသလို ဆက်သွယ်ရေးနည်းပညာဟာလဲ မထွန်းကားသေးပါ။ ဆန္ဒပြသူ သုံးထောင်လောက်ကို သတ်ခဲ့ပေမယ့် ဘာမှမဖြစ်ဘဲလွတ်သွားခဲ့ပါတယ်။ ၁၉၈၈ အာဏာသိမ်းစမှာက ဦးနုဟာ ယခင်ရွေးကောက်ပွဲအရ တရားဝင်သူဖြစ်ပြီး လူထုခေါင်းဆောင်တွေကလဲ များနေခဲ့ပါသေးတယ်။

၁၉၆၂နဲ့ ၁၉၈၈ နှစ်ခုတူတာက အဲ့ဒီအချိန်တွေမှာ လက်အောက်က တပ်သားတွေက သူတို့တပ်မှူးပြောတာကို နားထောင်နေသေးတဲ့ အချိန်ပါ။ သူတို့ စအာဏာသိမ်းချိန်မှာ လူတွေက တပ်ကို ယခုလောက် မမုန်သေးပါ။

မတူတာက ၂၀၂၁ မှာ အာဏာရအစိုးရဟာ လူထုက တောင်ပြိုကမ်းပြို မဲပေးထားတဲ့ DASSK ဦးဆောင်တဲ့ အစိုးရပါ။ မဆလလို ပြည်သူမကြိုက်တဲ့အစိုးရမဟုတ်ပါ။ ပြည်သူဟာ သူမကို ကိုဗစ်ကိစ္စကိုင်တွယ်ပုံကြောင့် အချစ်တွေတောင် ပိုနေခဲ့ပါသေးတယ်။ ဒါကပထမအချက်ပါ။

နောက်ရဲတပ်ရင်းတွေမှာ သူတို့လူကြီးတွေက တပ်ကလာပေမယ့် အောက်ခြေရဲတပ်သားတွေဟာ NLD အစိုးရလက်ထက် ဘာတွေ တိုးတက်လာလဲဆိုတာ သိပါတယ်။ ဒါ့ကြောင့် သူတို့ဟာ စစ်တပ်ဆန့်ကျင်ဆန္ဒပြတာတွေကို ၈၈ ကလို ပစ်မှာ မဟုတ်ဘဲ သာဝရဲ့လက်ရွေးစင်တပ်က ပစ်မှသာ ရမှာပါ။ မီးသတ်ကလဲ မပါပါ။ စာရေးသူထံ ပစ်မှတ်များကို သတင်းပို့တဲ့ ရဲတပ်သားတွေ၊ အရာရှိတွေအများကြီးပါ။ကျေးဇူးတင်ပါတယ်။ ဒီမိုကရေစီ စစ်စစ်ရရင် ယခုလို ကူညီဖို့ ကမ်းလှမ်းထားတဲ့ ပြည်သူ့ရဲနဲ့တပ်မတော်သားတွေကို ပြောပြပေးပါ့မယ်။

နောက်တပ်ထဲမှာက အများစုဟာ လက်ရှိတပ်ချုပ်ကို အလိုမရှိကြပါ။ ယခုလဲ အပတ်စဉ် အာဏာသိမ်းတယ်လို့ ကောလဟာလ ထုတ်နေပေမယ့် တပ်ထဲမှာ ဘာတရားဝင်အမိန့်မှ မထုတ်ထားပါ။ သူတို့ရဲ့တိုက်ရိုက်မွေးထားတဲ့ လက်ရွေးစင်တွေကသာ ဆူအောင်ဆွနေပုံပါ။ ပြည်သူဟာ အာဏာတကယ်မသိမ်းသေးသ၍ သီးခံပေးနေမှာပါ။

ဒါပေမယ့် အာဏာသိမ်းလို့ ပြည်သူက ရခိုင်မှာလို ခံချခဲ့ရင် တပ်ထဲမှာ သာဝကိုထောက်ခံသူဟာအလျှင်အမြန် လျော့နည်းသွားမှာပါ။ လေယဉ်တင်သင်္ဘောတစ်စီး လာရပ်လိုက်ရင် သာဝကိုတောင်ဖမ်းပြီး ပြန်အပ်ပေးကြမယ့် တပ်မတော်သားတွေ အများကြီးပါ။

နောက် ပြည်သူတွေကို ဖမ်းဆီးတာ၊ ပစ်သတ်တာတွေလုပ်ရင်လဲ မြို့ပေါ်မှာမိုလို့ အားလုံးဟာ လိုင်းပေါ်ရောက်ပြီး ကုလက သာဝကို ဖမ်းဝရမ်းထုတ်တဲ့အဆင့်အထိ ရောက်သွားမှာပါ။ ဒါနဲ့ ယခုမြို့ပေါ်မှာမောင်းပြနေတဲ့ တင့်ကားတွေကိုသာ တတကယ်သုံးပြီးပစ်ရင် သူဟာ ကုလထောင်မှာတစ်သက်တစ်ကျွန်းကျမှာပါ။

ဒီနေရာမှာ ယခင်အချိန်က မြန်မာပြည်ရဲ့တပ်ချုပ် နေဝင်းနဲ့စောမောင်တို့ဟာ အာဏာမသိမ်းခင်မှာ ကမ္ဘာ့ခုံရုံးက စစ်ရာဇဝတ်မှုကျူးလွန်ကြောင်း သံသယဖြစ်သူ တရားခံအဖြစ် စုံစမ်းတာ မခံနေခဲ့ရပါ။ယခု မြန်မာပြည်ရဲ့ အာဏာသိမ်းခေါင်းဆောင်ဟာ လူသားမျိုးနွယ်တုန်း သတ်ဖြတ်မှု ကျုးလွန်နိုင်သူလို့ သံသယဖြစ်ခံထားရလို့ သူက ဆန္ဒပြသူများကို ပစ်တာနဲ့ ကမ္ဘာကြီးက ကြည့်နေလို့ မရတော့ပါ။အနောက်နိုင်ငံတွေမှာ စိတ်ဓာတ်ရေးရာတာဝန်ယူမှု (moral responsibility) အရ ကူညီရမလိုဖြစ်သွားမှာပါ။

ဒါတွေဟာ အာဏာသိမ်းရင်ဖြစ်မယ့် စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ နိုင်ငံရေးဆိုးကျိုးတွေကို ထည့်မရေးထားသေးပါ။ ကမ္ဘာပေါ်မှာက တရားစွဲရင် ကဒါဖီရော သူ့သားရောပါ တရားစွဲခံရတယ်ဆိုတာမေ့မထားဖို့လိုပါတယ်။ ဘင်္ဂါလီအရေးမှာလဲ အန်တီကြူ စက်ပေါ်ကတက် အမိန့်ပေးခဲ့တာကို သိရှိသူတပ်မတော်သားများကလဲ လွန်လာရင် အန်တီကြူ့ကိုပါ နိုင်ငံတကာတရားရုံးပို့နိုင်ပါတယ်။ သတိကြိုပေးထားတာပါ။

အကျဉ်းချုပ်ရရင် မြန်မာပြည်ရဲ့ ပြဿနာတွေဟာ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး အဖြေရှာတာဟာအကောင်းဆုံးပါ။ ဒီနေရာမှာ ငါလိုချင်တာကိုပေး မပေးရင်ဓားမြတိုက်မယ်ဆိုသူ ဓားမြကိုလဲ အလျှော့ပေးလို့မရဘူးဆိုတာ အားလုံးသိထားကြရမှာပါ။ ဆွေးနွေးတာဟာ ဓားမြလိုတာပေးဖို့မဟုတ်ဘဲဓားမြကို လိမ္မာရင် ယခုကျူးလွန်မှုအတွက် ရဲလက်မအပ်ဖူးဆိုတာလောက်ပါ။

ဒါနဲ့ မနေ့ညက နေပြည်တော်မှာတော့ အေးဆေးပါလို့ ပြောထားပါရစေ။ ကွက်ကြားမိုးလေးသာ ရွာခဲ့ပါတယ်။ သာဝလဲ မသိမ်းခင်ကြိုပြောလို့ ကျေးဇူးပါ။ အမှိုက်တွေ သာဝသိမ်းချင်ရင် သိမ်းလို့ရအောင် စုထားပေးပါ့မယ်။

ယခုရေးပြတာက နိုင်ငံရေးအကဲခတ်အများစုက NLD ကိုသာ အလျှော့ပေးခိုင်းနေလို့ သာဝရဲ့ ရှေ့ရေးကို ရေးပြတာပါ။ သေချာတာတစ်ခုက သာဝကို ဩဇာခံတဲ့ သူရာထူးတိုးပေးထားသူအချို့က သူတို့နယ်က တပ်တွေကို ဖုန်းပေါ်က အမိန့်ပေးတာ၊ တင့်ကားမောင်းခိုင်းတာလို ကလေးအထာတွေ လုပ်နေတာရှိပေမယ့် တကယ်သိမ်းရင် ၁၉၈၈ ကလို သူကအမိန့်ပေးရင်တောင် အဖေကြီးဆီက အမိန့်ပါလားမေးမယ့်သူတွေ ရှိနေပါသေးတယ်။ ဘယ်သူမှ မိမိတပ်ချုပ်ဖြစ်ခါနီးလေးကို NLD က ခြေဥပြင်တာမဟုတ်ဘဲ မိမိတို့ထိပ်က ပင်စင်မယူလိုသူ အာဏာရူးအတွက် သိမ်းပေးမလားဆိုတာပါ။ သူတို့လဲ ယခုဆို ကုလမှသည် တောင်ကိုရီးယားအထိ စာထုတ်ပြီးလို့ သဘောပေါက်နေလောက်ပါပြီ။

နေပြည်တော်မှာ ကွက်ကြားမိုးသာ မနေ့ညက ရွာခဲ့တာပါ။

Cartoon Credit: ကလေး 2021

528 views2 comments

Recent Posts

See All

လူညီရင်

ဆီးရီးယားတပ်က တပ်သားတစ်ယောက် တစ်နေ့ ကြက်ဥတစ်လုံး၊ ပေါင်မုန့်တစ်ခု၊ လစာ ဒေါ်လာ ၅၀ (၂၃၀၀၀ ကျပ်) ပေးတယ်။ အာဆတ်က မပြုတ်ခင် ဒီဇင်ဘာ ၂၀၂၄ မှာ...

ကြေညာချက်က ရန်ဖြစ်စရာမဟုတ်

အချင်းချင်း ရန်မဖြစ်ပါနဲ့။ စာရေးသူက MNDAA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ TNLA က ဆွေးနွေးဖို့ ကြေညာချက်ထုတ်လဲ မဝေဖန်၊ AA က...

2 Kommentare


Myint Soe Oo
Myint Soe Oo
30. Jan. 2021

ဦးမြတ်! ခုမှ ဝင်၍ရသောကြောင့်

ရေးလိုက်ရပါသည်။

ကွာသွားပါပြီ။ အများကြီးကို ကွာသွားပါပြီ။နိုင်ငံသားတို့၏ စူးစမ်းစိစစ်နိုင်မှုအား၊ အသိဉာဏ်ချို့ယွင်းမှု ၊ အမှောင်အောက်မှာ ဉာဏ်အလင်းတွေ ပျောက်အောင်

ဖျောက်ခဲ့ကြသောကြောင့်!!!!!

~ဆန္ဒ ဖုတ် ထော်

~ ရွေး ကောက်တဲ့ ၊ ကြာလုံ တဲ့

စတဲ့ ဗီနိုင်းကိုင် ဆန္ဒပြသူများ။

ဝန်းရံသူတဦးက

~တကမ္ဘာလုံးက နိုဗယ်ဆု ပတ်ယူခဲ့သော ၊ ဘဘကြီး လို့ ပြောထွက်သူများ။

အသိတွေ အမြင်တွေ ဘယ်လောက်ထိတောင် နိမ့်ကျ ခမ်းခြောက်နေရပြီလဲ။

အသိတွေ မွဲလာတော့၊ စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားတွေပါ အောက်တန်းကျလာပါပြီ။

~မနေ့က ရွှေတိဂုံ ထုတ်ဖော်ပွဲမှာ

**လာကြစမ်း!!အလံ လာလုကြစမ်း**ဆိုတဲ့ ဗီဒီယိုဖိုင်ထဲက အသံကြားရတုန်းက ဘာမှန်းမသိခဲ့ဖူး။

ဒီမနက်ပို့စ်တွေကြည့်လိုက်တော့မှ အလံထိပ်ဝါးမှာက ချွန်မြနေအောင် စောင်းခုတ်ထားသော **ဝါးစူး**ဖြစ်နေပါသည်။ လခရယူထားသောရဲတွေလာလျှင် ပြန်ထိုးမည့် သဘော။

~အများစုက ဆေးမင်ကြောင် တက်တူးတွေနဲ့၊ ဘိနပ်ခါးကြားထိုး

ထားသူနဲ့၊ အံကြိတ်ပြသူတွေနဲ့။အမြင်မှာ တင့်တယ်ဖွယ် မဆောင်။

ဒါ ၈၈ နောက်ပိုင်းနော်။ အသိပညာ ၊ ကိုယ်ကျင့်စာရိတ္တ ၊

သစ္စာစောင့်သိမှု

အညွှန်းကိန်းကတော့???

ကျွန်အဖြစ်နှင့် အစေခံ နွံမှာ

နစ်သည်ထက် နစ် ၊ ကျွတ်လွတ်ခြင်း ရှိနိုင်တော့မည် မဟုတ်ပါ။


အမှန်သစ္စာဖြင့်

Gefällt mir

khinmaung myint
khinmaung myint
29. Jan. 2021

ရင်အေးသွားပါတယ်ဗျာကျေးဇူးပါဗျာ

Gefällt mir
bottom of page