top of page
Search
Writer's pictureMyat Tun Oo

၂၀၂၀အတြက္ေခါင္းေလာင္းထိုးသံ



ယခုေျခဥကိုျပင္ဖို႔နီးလာခ်ိန္မွာမဘသအမည္ေျပာင္းကေခါင္းေထာင္လာသလိုစပြန္စာေတြကလဲေပၚတင္ျဖစ္လာပါၿပီ။ဒီေနရာမွာမေန႔ကျဖစ္ရပ္လိုျပည္သူေတြကိုေဒါသျဖစ္ေအာင္ဆြေပးတာေတြလာပါလိမ့္မယ္။ေျခဥကေလာေလာဆယ္မွာ၇၅% မေက်ာ္ရင္ျပင္မရေသးပါ။ဒီ၂၅% ကိုထိ္န္းခ်ဳပ္တာကတပ္ခ်ဳပ္ပါ။ဒါေၾကာင့္သူ႔ရာထူးကအေရးႀကီးပါတယ္။

၂၀၂၀မွာေရြးေကာက္ပြဲလုပ္ပါမယ္။၂၀၂၁မွာအစိုးရသစ္တက္ပါမယ္။ဇူလိုင္၂၀၂၁မွာလက္ရွိကာခ်ဳပ္သက္တမ္းကုန္ပါမယ္။အသစ္တက္ရပါမယ္။ဒီေနရာမွာဘယ္သူ႔ကိုေပးမလဲဆိုတာရွိပါတယ္။ပထမဆံုးစဥ္းစားရမွာကလက္ရွိကာခ်ဳပ္ကိုသက္တမ္းဆက္တိုးမလား?

DASSK ကေတာ့မူဝါဒအရ၆၀ဆိုအၿငိမ္းစားေပးပါတယ္။ခ်စ္ျခင္းမုန္းျခင္းမရွိပါ။၂၀၁၆သက္တမ္းတိုးစဥ္ကသူကိုယ္တိုင္၆၅နဲ႔ရပ္မယ္လို႔လဲလက္ရွိတပ္ခ်ဳပ္ကေျပာၿပီးသားပါ။

ဘေရႊဘက္ကၾကည့္ရေအာင္။တပ္ခ်ဳပ္ဟာအေရးႀကီးတဲ့တိုင္းမႉးေတြ၊တပ္မမႉးေတြကိုခန္႔ပိုင္ခြင့္ရွိပါတယ္။ထံုးစံအရယခင္ကဘေရႊနဲ႔ဘေအးတို႔လဲသူ႔လူကိုယ့္လူခန္႔ၾကပါတယ္။ဒါမွအာဏာခ်ိန္ခြင္လွ်ာညီမွာပါ။ယခုမအလက၂၀၂၁ဆို၁၀ႏွစ္နီးပါးတပ္ခ်ဳပ္ျဖစ္ၿပီးဘေရႊအေနနဲ႔ဆက္ခန္႔ထားရင္လက္ရွိတပ္ဟာမအလေအာက္လံုးလံုးေရာက္သြားမွာပါ။သူ၁၉၉၀ကေန၂၀၀၄ေလာက္မွာေနဝင္းတို႔ကိုဘာလုပ္ႏိုင္လဲသူသိပါတယ္။ယခုေတာင္သူ႔သားမက္ဆံုးတာမလာဘဲဟိုကေဘာလံုးပြဲသြားၾကည့္ေနပါၿပီ။ဒါမ်ိဳး၂၀၁၀ကလုပ္ၾကည့္ပါလား။ဒါေၾကာင့္NLD ကိုေစတနာရွိရွိမရွိရွိလက္ရွိတပ္ခ်ဳပ္ကိုေတာ့အခ်ိန္တန္ရင္အသစ္လဲရမွာပါ။ဒါကပကတိအရွိတရားပါ။

ဒုတိယအခ်က္ကလက္ရွိစစ္ပြဲေတြရဲ႕အႏိုင္အ႐ႈံးစီမံခန္႔ခြဲမႈအရဒီလိုလူမ်ိဳူကိုဆက္ခန္႔သင့္မသင့္စဥ္းစားရမွာပါ။အျခားအေၾကာင္းေတြလဲရွိပါေသးတယ္။စီးပြားရွာတဲ့ကိစၥေပါ့။စာရွည္မွာစိုးလို႔မေရးေတာ့ပါ။

ဒါဆိုရင္ျပည္သူေတြက၂၀၂၀မွာNLD ကိုမဲေပးလိုက္ရင္NLD သာ၂၀၁၅လိုအစိုးရဆက္ဖြဲ႕ႏိုင္ခဲ့ရင္ဘေရႊနဲ႔ေဆြးေႏြးတိုင္ပင္ၿပီးလူအသစ္ကိုခန္႔ႏိုင္လာပါမယ္။ပံုမွန္အရဒုတပ္ခ်ဳပ္ကတက္ရမွာျဖစ္ေပမယ့္သူ႔ကိုေက်ာ္ၿပီးခန္႔လိုသူေတြရွိပံုပါ။ဒါေၾကာင့္အေပးအယူေတာ့လုပ္ရမွာပါ။NLD သာဆက္ႏိုင္ၿပီးတပ္ခ်ဳပ္အသစ္ကိုညွိခန္႔ႏိုင္ရင္ျခံစည္း႐ိုးေပၚခြထိုင္သူမ်ားလဲေနရာေျပာင္းလာပါမယ္။NLD ကလဲပိုအေတြ႕အၾကံဳရေနလို႔ျပဳျပင္ေျပာင္းလဲေရးကိုေရွ႕တိုးလုပ္ႏိုင္မွာျဖစ္သလိုေျခဥျပင္ဖို႔လဲ၂၀၂၁ေနာက္ပိုင္းထပ္ႀကိဳးပမ္းရလြယ္သြားပါမယ္။

ဒီေနရာမွာDASSK ရဲ႕နည္းဗ်ဴဟာကိုမႀကိဳက္တဲ့ဒီမိုေတြတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြကိုေျပာခ်င္တာကသူ႔ထက္ေကာင္းတယ့္နည္းဗ်ဴဟာကဘာလဲလို႔ေမးခ်င္ပါတယ္။လက္နက္ကိုင္လာတာ၁၉၄၈ထဲကအလုပ္မျဖစ္ပါ။ယခုေကအိုင္ေအနဲ႔ဓာတ္ခဲရဲ႕DASSK ကိုနာမည္ပ်က္ေအာင္လုပ္တဲ့ဗ်ဴဟာကလဲသူမသာအစိုးရအဖြဲ႕မွာမရွိခဲ့ရင္အျခားေခါင္းေဆာင္ေတြနဲ႔အလုပ္မျဖစ္ႏိုင္ပါ။

ဒီေနရာမွာလက္ေတြ႕က်တာေျပာျပပါ့မယ္။ေနာက္ကာခ်ဳပ္ဟာျပည္သူေတြလိုလားေနတယ့္ဖိလစ္ပိုင္ကရားမို႔စ္လိုေတာ့မျဖစ္ႏိုင္ေသးပါ။အလြန္ဆံုးကသမၼတ႐ူးမ႐ူးဘဲဒီမိုအစိုးရလုပ္သမွ်ကန္႔လန္႔မတိုက္တဲ့လူေလာက္သာပါ။ဒီမိုေတြနဲ႔လက္ရွိတပ္ထဲကအႀကီးပိုင္ဒုဗိုလ္ခ်ဳပ္ႀကီးအဆင့္ေတြနဲ႔အယူအဆကပင္လယ္ႀကီးေလာက္ေဝးေနပါေသးတယ္။NLD ကအလယ္အလတ္ရွိတယ္လို႔ျမင္ပါတယ္။

ဒီေနရာမွာမဘသေျပာစကားနားေထာင္ရမလားဆိုၿပီးနားေယာင္သူေတြရွိႏိုင္ပါတယ္။ဘုန္းႀကီးျဖစ္ျဖစ္လူျဖစ္ျဖစ္မိမိႀကိဳက္တယ့္ပါတီလူမ်ိဳးရွိႏိုင္ပါတယ္။ဒါေပမယ့္ဓမၼကိုမဲမေပးနဲ႔လို႔ေျပာလာခဲ့ရင္ေတာ့ထိုသူဟာဘယ္ဘာသာဝင္ဘုန္းႀကီးျဖစ္ျဖစ္အဓမၼဝါဒီသာျဖစ္ပါလိမ့္မယ္။

ျပည္သူမ်ားအေနနဲ႔အဓမၼေတြရဲ႕ေျပာစကားကိုနားမေယာင္ဘဲ၂၀၂၀မွာNLD ကိုမဲေပးၿပီးတိုင္းျပည္ကိုေကာင္းေအာင္လုပ္ေဆာင္ႏိုင္ပါေစ။


Unicode version

၂၀၂၀အတွက်ခေါင်းလောင်းထိုးသံ

ယခုခြေဥကိုပြင်ဖို့နီးလာချိန်မှာမဘသအမည်ပြောင်းကခေါင်းထောင်လာသလိုစပွန်စာတွေကလဲပေါ်တင်ဖြစ်လာပါပြီ။ဒီနေရာမှာမနေ့ကဖြစ်ရပ်လိုပြည်သူတွေကိုဒေါသဖြစ်အောင်ဆွပေးတာတွေလာပါလိမ့်မယ်။ခြေဥကလောလောဆယ်မှာရ၅% မကျော်ရင်ပြင်မရသေးပါ။ဒီ၂၅% ကိုထိ်န်းချုပ်တာကတပ်ချုပ်ပါ။ဒါကြောင့်သူ့ရာထူးကအရေးကြီးပါတယ်။

၂၀၂၀မှာရွေးကောက်ပွဲလုပ်ပါမယ်။၂၀၂၁မှာအစိုးရသစ်တက်ပါမယ်။ဇူလိုင်၂၀၂၁မှာလက်ရှိကာချုပ်သက်တမ်းကုန်ပါမယ်။အသစ်တက်ရပါမယ်။ဒီနေရာမှာဘယ်သူ့ကိုပေးမလဲဆိုတာရှိပါတယ်။ပထမဆုံးစဉ်းစားရမှာကလက်ရှိကာချုပ်ကိုသက်တမ်းဆက်တိုးမလား?

DASSK ကတော့မူဝါဒအရ၆၀ဆိုအငြိမ်းစားပေးပါတယ်။ချစ်ခြင်းမုန်းခြင်းမရှိပါ။၂၀၁၆သက်တမ်းတိုးစဉ်ကသူကိုယ်တိုင်၆၅နဲ့ရပ်မယ်လို့လဲလက်ရှိတပ်ချုပ်ကပြောပြီးသားပါ။

ဘရွှေဘက်ကကြည့်ရအောင်။တပ်ချုပ်ဟာအရေးကြီးတဲ့တိုင်းမှူးတွေ၊တပ်မမှူးတွေကိုခန့်ပိုင်ခွင့်ရှိပါတယ်။ထုံးစံအရယခင်ကဘရွှေနဲ့ဘအေးတို့လဲသူ့လူကိုယ့်လူခန့်ကြပါတယ်။ဒါမှအာဏာချိန်ခွင်လျှာညီမှာပါ။ယခုမအလက၂၀၂၁ဆို၁၀နှစ်နီးပါးတပ်ချုပ်ဖြစ်ပြီးဘရွှေအနေနဲ့ဆက်ခန့်ထားရင်လက်ရှိတပ်ဟာမအလအောက်လုံးလုံးရောက်သွားမှာပါ။သူ၁၉၉၀ကနေ၂၀၀၄လောက်မှာနေဝင်းတို့ကိုဘာလုပ်နိုင်လဲသူသိပါတယ်။ယခုတောင်သူ့သားမက်ဆုံးတာမလာဘဲဟိုကဘောလုံးပွဲသွားကြည့်နေပါပြီ။ဒါမျိုး၂၀၁၀ကလုပ်ကြည့်ပါလား။ဒါကြောင့်NLD ကိုစေတနာရှိရှိမရှိရှိလက်ရှိတပ်ချုပ်ကိုတော့အချိန်တန်ရင်အသစ်လဲရမှာပါ။ဒါကပကတိအရှိတရားပါ။

ဒုတိယအချက်ကလက်ရှိစစ်ပွဲတွေရဲ့အနိုင်အရှုံးစီမံခန့်ခွဲမှုအရဒီလိုလူမျိုူကိုဆက်ခန့်သင့်မသင့်စဉ်းစားရမှာပါ။အခြားအကြောင်းတွေလဲရှိပါသေးတယ်။စီးပွားရှာတဲ့ကိစ္စပေါ့။စာရှည်မှာစိုးလို့မရေးတော့ပါ။

ဒါဆိုရင်ပြည်သူတွေက၂၀၂၀မှာNLD ကိုမဲပေးလိုက်ရင်NLD သာ၂၀၁၅လိုအစိုးရဆက်ဖွဲ့နိုင်ခဲ့ရင်ဘရွှေနဲ့ဆွေးနွေးတိုင်ပင်ပြီးလူအသစ်ကိုခန့်နိုင်လာပါမယ်။ပုံမှန်အရဒုတပ်ချုပ်ကတက်ရမှာဖြစ်ပေမယ့်သူ့ကိုကျော်ပြီးခန့်လိုသူတွေရှိပုံပါ။ဒါကြောင့်အပေးအယူတော့လုပ်ရမှာပါ။NLD သာဆက်နိုင်ပြီးတပ်ချုပ်အသစ်ကိုညှိခန့်နိုင်ရင်ခြံစည်းရိုးပေါ်ခွထိုင်သူများလဲနေရာပြောင်းလာပါမယ်။NLD ကလဲပိုအတွေ့အကြုံရနေလို့ပြုပြင်ပြောင်းလဲရေးကိုရှေ့တိုးလုပ်နိုင်မှာဖြစ်သလိုခြေဥပြင်ဖို့လဲ၂၀၂၁နောက်ပိုင်းထပ်ကြိုးပမ်းရလွယ်သွားပါမယ်။

ဒီနေရာမှာDASSK ရဲ့နည်းဗျူဟာကိုမကြိုက်တဲ့ဒီမိုတွေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုပြောချင်တာကသူ့ထက်ကောင်းတယ့်နည်းဗျူဟာကဘာလဲလို့မေးချင်ပါတယ်။လက်နက်ကိုင်လာတာ၁၉၄၈ထဲကအလုပ်မဖြစ်ပါ။ယခုကေအိုင်အေနဲ့ဓာတ်ခဲရဲ့DASSK ကိုနာမည်ပျက်အောင်လုပ်တဲ့ဗျူဟာကလဲသူမသာအစိုးရအဖွဲ့မှာမရှိခဲ့ရင်အခြားခေါင်းဆောင်တွေနဲ့အလုပ်မဖြစ်နိုင်ပါ။

ဒီနေရာမှာလက်တွေ့ကျတာပြောပြပါ့မယ်။နောက်ကာချုပ်ဟာပြည်သူတွေလိုလားနေတယ့်ဖိလစ်ပိုင်ကရားမို့စ်လိုတော့မဖြစ်နိုင်သေးပါ။အလွန်ဆုံးကသမ္မတရူးမရူးဘဲဒီမိုအစိုးရလုပ်သမျှကန့်လန့်မတိုက်တဲ့လူလောက်သာပါ။ဒီမိုတွေနဲ့လက်ရှိတပ်ထဲကအကြီးပိုင်ဒုဗိုလ်ချုပ်ကြီးအဆင့်တွေနဲ့အယူအဆကပင်လယ်ကြီးလောက်ဝေးနေပါသေးတယ်။NLD ကအလယ်အလတ်ရှိတယ်လို့မြင်ပါတယ်။

ဒီနေရာမှာမဘသပြောစကားနားထောင်ရမလားဆိုပြီးနားယောင်သူတွေရှိနိုင်ပါတယ်။ဘုန်းကြီးဖြစ်ဖြစ်လူဖြစ်ဖြစ်မိမိကြိုက်တယ့်ပါတီလူမျိုးရှိနိုင်ပါတယ်။ဒါပေမယ့်ဓမ္မကိုမဲမပေးနဲ့လို့ပြောလာခဲ့ရင်တော့ထိုသူဟာဘယ်ဘာသာဝင်ဘုန်းကြီးဖြစ်ဖြစ်အဓမ္မဝါဒီသာဖြစ်ပါလိမ့်မယ်။

ပြည်သူများအနေနဲ့အဓမ္မတွေရဲ့ပြောစကားကိုနားမယောင်ဘဲ၂၀၂၀မှာNLD ကိုမဲပေးပြီးတိုင်းပြည်ကိုကောင်းအောင်လုပ်ဆောင်နိုင်ပါစေ။

1,207 views0 comments

Comments


bottom of page