top of page
Search
Writer's pictureMyat Tun Oo

၂၀၂၁ လွတ်လပ်ရေးနှင့် အာဏာသိမ်းလိုသူများသို့


ဒီနေ့ ၂၀၂၁ ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေးရတာ ၇၃ နှစ်ပြည့်ခဲ့သလို ဒီမိုအစိုးရသက်တမ်းငါးနှစ်ပြည့်ပြီး နောက်ဒုတိယသက်တမ်းကို ဧပြီလမှာ စပါတော့မယ်။ ဒီနေ့မှာ အာဏာကို ဘယ်သူတွေက လိုချင်နေလဲဆိုတာနဲ့ အာဏာသိမ်းရင် ဘာတွေဖြစ်နိုင်လဲဆိုတာကို ထပ်ရေးပြပါ့မယ်။

ပထမက ဇန်နဝါရီ ၃ ရက် အာဏာသိမ်းမယ်ဆိုတဲ့ ဂျင်းသတင်းကို အားလုံးမှတ်မိမှာပါ။ ထိုသတင်းကဂျင်းမှန်းသိပါတယ်။ ဘာလို့လဲဆိုတော့ တပ်ထဲက ဗိုလ်မှူးချုပ်အထက် အဆင့်တွေကို ဘာနုတ်မိန့်မှ မလာလို့ပါ။ ဒါဆိုဘယ်သူတွေက အာဏာသိမ်းစေချင်နေတာလဲ?

အုပ်စုတွေထဲမှာ ယခင်ကနေဝင်းမြေးနဲ့ ပတ်သက်သူများဟာ သူတို့အာဏာရလာမယ်ထင်ပြီးအာဏာသိမ်းတာကို နှပ်ကြောင်းပေးသူများ ရှိပါတယ်။ ဒါပေမယ့် နေဝင်းနဲ့ တိုက်ရိုက်သိသူဟာ တပ်ထဲမှာ မကျန်တော့ပါ။ သူတို့က အဓိကအုပ်စုမဟုတ်ပါ။

အဓိကအုပ်စုက ယခင်က ရထားသံလမ်းတွေခိုး၊ ပါမစ်တွေခိုးပြီး ခိုးလို့ကောင်းစဉ် NLD က အာဏာရသွားတာကို မကျေနပ်တဲ့ ဖွတ်အုပ်စုက အဓိက အင်အားပါ။ သူတို့ဟာ ငွေကြေးခိုင်မာသလို တပ်ထဲမှာလဲ အဆက်အသွယ်ရှိပါတယ်။ နောက်တပ်ထဲက တပ်ထဲဝင်ရင် သူဌေးဖြစ်မယ်ထင်ပြီး ဝင်လာခဲ့သူယခု ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်အဆင့်ရောက်နေသူ အချို့ကလဲ သိမ်းရမလား တကဲကဲပါ။ ထို့အတူပါဘဲရာထူးကနေ ပင်စင်ယူရခါနီးနေတဲ့ သာဝကလဲ အဖော်ကောင်းရင် ဘရွှေကြီးကသာ ကောင်းချီးပေးရင်သိမ်းချင်မှာပါ။

ဒါဆို ဘယ်သူတွေက မသိမ်းချင်ဘူးလဲ?

ဘရွှေဟာ လက်ရှိခြေဥအရ အေးဆေးပါ။ ICJ နဲ့ ICC မှာလဲ အမှုတွဲမပါပါ။ NLD က ပြင်လိုတဲ့ ခြေဥကသူ့ကိုဘာမှ ဒုက္ခမပေးထားပါ။ နောက်ပြီး လက်ရှိမှာ သူ့အစီအစဉ်အရ အောက်ကသူ့လူတွေက တပ်ထဲမှာ ရာထူးဆက်တက်ရမှာမိုလို့ ဘာမှသိမ်းခိုင်းစရာမရှိပါ။ ဒါ့ကြောင့် သူ့သားမက်ဟောင်းနဲ့ မြေးလေးက ပြောင်းလော်နေတာပါ။

နောက်ဒုတပ်ချုပ်နဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးတို့ဟာ လက်ရှိတပ်ချုပ် အငြိမ်းစားယူရင် ရာထူးတက်လာမယ့်သူတွေမိုလို့ အာဏာသိမ်းတာဟာ သူတို့အတွက် အဆင်မပြေပါ။ ဒါက တပ်ပိုင်းနဲ့ ထိပ်ပိုင်းကအခြေအနေပါ။

၂၀၂၁ ရဲ့ အခြေအနေကို လေ့လာရအောင်။ ဟို အဘတ နိုင်ငံရေးပညာရှင်အများစုဟာ တပ်ကိုဘယ်လိုတည့်အောင်ပေါင်းရမယ် ဒီမိုကရေစီက တပ်ကပေးလို့ရတာဘာညာဆိုပြီး ပြည်သူကိုအထင်သေးသလို ပြောလေ့ရှိပါတယ်။ ဒါဟာ ၂၀၁၅ ရှေ့ပိုင်းက မှန်သလိုရှိပေမယ့် လူထုအားကိုနောက်ပိုင်းမှာ တွေ့လာခဲ့ရပါတယ်။

ဘင်္ဂါလီနဲ့ ရခိုင်ကလူထုအခြေပြု တိုက်ခိုက်မှုဟာ တကယ်အာဏာသိမ်းခဲ့ရင် အာဏာသိမ်းတပ်ရင်ဆိုင်ရမှာရဲ့ ရှေ့ပြေးနိမိတ်ပါ။ ဗမာတွေနေတဲ့ အညာဒေသဟာ ရခိုင်ထက် လူဦးရေပိုများပါတယ်။ရွှေဘိုက အာဏာရှင်တွေကို မောင်းထုတ်တဲ့နေရာမှာ နာမည်ကြီးတဲ့ ဗမာတို့ရဲ့ အောင်မြေပါ။

အာဏာသိမ်းရင် DASSK နဲ့ သမ္မတကိုဖမ်းတာက အချိန်မကြာဘူးဆိုတာ လက်ခံပါတယ်။ နေပကည်တော်ဟာလဲ နာရီပိုင်းအတွင်း ထိန်းနိုင်မှာ သေချာပါတယ်။ ဒါပေမယ့် ရန်ကုန်ကိုတော့ လွယ်လွယ်နဲ့သိမ်းမရမှာ သေချာပါတယ်။ ၂၀၂၀ မှာ ပြည်သူတွေက ကိုဗစ်ကို မကြောက်ဘဲ မဲပေးခဲ့တာက ပြည်သူရဲ့ စစ်အာဏာရှင်ပြန်လာမှာကို ဘယ်လောက် မလိုလားဘူးဆိုတာ ပြလိုက်တာပါ။ ဒါ့အပြင် တပ်မဲက၁၀% လောက်ရခဲ့ပါတယ်။ ၅% နဲ့ လျှော့တွက်ရင်တောင် NLD ကိုထောက်ခံတဲ့ စစ်သားဟာ နှစ်သောင်းခွဲအနည်းဆုံးရှိပါတယ်။ ဒါဟာ ရန်ကုန်ကိုအခြေပြုပြီး အာဏာသိမ်းတပ်တွေကို ပြန်ချလို့ ရနိုင်တဲ့လူအင်အားပါ။ အဆိုပါ နှစ်သောင်းခွဲနဲ့ ရန်ကုန်ကပြည်သူ ၈ သန်းပေါင်းရင် အာဏာသိမ်း သူပုန်တပ်တွေကို အကုန်တိုက်ထုတ်ပြီး အာဏာသိမ်းခေါင်းဆောင်ကို ဖမ်းနိုင်မှာပါ။ ဒါက နိုင်ငံခြားကနေ လာကယ်တဲ့တပ် မပါသေးပါ။ ပြည်တွင်းက ပြည်သူ့အင်အားသာ အားကိုးပြီး ပြောတာပါ။ တချိန်ထဲမှာ ဝ၊ရခိုင်၊ ကရင်၊ မွန်၊ ကယားနဲ့ ရှမ်းနယ်က ပြည်ထောင်စုတပ်တွေ မပါသေးပါ။ ကရင်ပြည်နယ်ကဆန္ဒပြပွဲက တိုင်းရင်းသားတွေကလဲ လိုအပ်ရင် ပြည်မနဲ့အတူ အာဏာသိမ်းသူပုန်တပ်တွေကို ပြန်ချမယ်ဆိုတဲ့ နိမိတ်ပါ။

အကျဉ်းချုပ်ရရင် အာဏာသိမ်းခဲ့ရင် နေပြည်တော်ကို ရနိုင်ပေမယ့်လဲ မြန်မာပြည်ကို ယခုမြေပုံအတိုင်းမြင်ရတာ နောက်ဆုံးဖြစ်သွားမှာပါလို့ ကြိုပြောထားပါရစေ။ NLD ဟာ လက်ရှိတရားဝင်အစိုးရဖြစ်ပြီး သူပုန်ထ အာဏာသိမ်းမယ့် တပ်တွေကို ဘယ်လို ပြည်သူနဲ့ပေါင်းပြီး တိုက်ရမလဲဆိုတာအစီအစဉ်ရှိပါတယ်။ ထိုအချိန်မှာ DASSK ကိုဖမ်းရင် ကျန်သူများက ဦးဆောင်ပြီး သူပုန်အာဏာသိမ်းတပ်ကို တိုက်သွားမှာပါ။ အစိုးရအနေနဲ့လဲ အာဏာသိမ်းဖို့ တောင်းဆိုတဲ့ပါတီ၊ လူပုဂ္ဂိုလ်၊ အာဏာထိန်းလို့ရတယ်ပြောသူများကို နိုင်ငံတော်အား ပုန်ကန်ရန်ကြိုးစားမှု၊ အားပေးမှု၊ စွဲဆောင်မှုတွေနဲ့ ဖမ်းပြီးထောင်ထဲထည့်ထားနိုင်ရင် အာခြောင်သူတွေ နည်းသွားပြီး တိုင်းပြည်ပိုတည်ငြိမ်လာပါမယ်လို့ ပြောပါရစေ။

ပြည်သူအများ အမှန်တကယ်လွတ်လပ်ရေး ရကြပါစေလို့ ဆုတောင်းလျက်။

448 views1 comment

1 commentaire


Myint Soe Oo
Myint Soe Oo
04 janv. 2021

ဦးမြတ်!!! တည်ရန်အတွက် မှီရန်လိုပါသည်။ အမှီကောင်းလိုပါသည်။ လူသားတို့ သဘာဝ သက်တောင့်သက်သာ နေလိုကြပါသည်။ အများစုသည် ထိုင်ခြင်း နှင့် လျောင်းခြင်း ဣရိယာပုတ်ကို လွန်စွာနှစ်ခြိုက်ကြပါသည်။ ရပ်ခြင်းနှင့် သွားလာလှုပ်ရှားရသော ဣရိယာပုတ်များ မကြိုက်ကြပါပင်ပန်း ဆင်းရဲသောကြောင့်။သက်သာချမ်းသာပြီး ဇိမ်ခံ နှပ် နေနိုင်သောကြောင့် ထိုင်ခြင်းနှင့် လျောင်းခြင်းကို အထူးကြိုက်နှစ်သက်ကြခြင်းဖြစ်ပါသည်။

သို့ပါ၍ ထိုင်ခုံများနှင့် အိပ်ယာညောင်စောင်း ကုတင်ကောင်းများ တီထွင်ဖန်တီးယူကြခြင်းဖြစ်ပါသည်။

ခုံ ပေါ်သို့တက်ရာတွင်၊ အရည်အချင်း မီသူများက၊(စံမီသောကြောင့်) ခုန် တက်ရန်မလိုပါ။ မမီသူများက ခုန်ရပါသည်။ သို့ခုန်ငြားလည်း မမီသူများက ခုန်ပြီးတက်နိုင်အောင် ထောက်ကန်ပေးသည့် အထောက်အခံမျးာ၏

အကူအညီကို ရယူကြခြင်းဖြစ်ပါသည်။

အမြင် အဟောင်းမှာ မနစ်

လွတ်လပ်သော အမြင်အသစ်ဖြင့် လျှောက်လှမ်း နိုင်ပါစေရန်။

J'aime
bottom of page