top of page
Search
Writer's pictureMyat Tun Oo

၂၀၂၁ အစိုးရအတွက် စိန်ခေါ်မှုများ



စာရေးသူက NLD အစိုးရလုပ်တာကို ကာကွယ်ပြောရင်၊ ၂၀၁၉ စက်တင်ဘာလထဲက NLD ကအပြတ်အသတ်နိုင်မယ်လို့ အင်တာနက်စာမျက်နှာပေါ်တက်ရေးရင် ကွီးဖြိုးကိုကာကွယ်ရင် ဖွတ်များ၊အဘတများ၊ ဆရာကြီးများ၊ အချို့ NLD အမတ်များကိုယ်တိုင်က နီပေါလို့ခေါ်တာ နီပိန်းလို့ခေါ်တာတွေ့ရပါတယ်။ စာရေးသူက ကွန်မန့်ကို ကိုယ်တိုင်မဖတ်နိုင်ပေမယ့် အခြားသူများက လာပြရင်တော့သိပါတယ်။ ယခုပြောတဲ့အတိုင်း နိုင်ခဲ့ပါတယ်။ အဆိုပါနီပိန်းခေါ်သူများက စာရေးသူ အင်္ဂလိပ်လိုရေးရင်တော့ ဖတ် မဖတ်၊ ဖတ် တတ် မတတ် မသိပါ။ သူတို့ဖတ်ရင် ပိန်း မပိန်းသိပါလိမ့်မယ်။ ပြည်တွင်းကသတင်းဟာ ထောက်လှမ်ရေးအချက်ကို အခြေခံရေးတာပါ။ ယခုရေးတာကလဲ အရှိတရားကိုသာရေးပြမှာပါ။


၂၀၂၁ မှာ တိုင်းပြည်အတွက် ဖယ်ဒရယ်တည်ဆောက်ဖို့၊ တပ်ချုပ်အသစ်ပြောင်းဖို့၊ ခြေဥပြင်ဖို့ဆိုတဲ့၂၀၁၅ က စိန်ခေါ်မှုတွေက ထပ်ပါလာမှာပါ။ ဒါက ပုံမှန်စိန်ခေါ်မှုတွေပါ။


၂၀၂၁ မှာက ကိုဗစ်ကြောင့် စီးပွါးရေးအရ ကျဆင်းတာကို ကုစားဖို့အတွက် အစီအမံတွေလိုလာပါမယ်။ နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုတွေ လိုပါမယ်။ ဒီနေရာမှာ အမြင်ကျဉ်းသူများ၊ ခရိုနီနဲ့ ပေါင်းချမ်းသာခဲ့သူများက ကန်ထရိုက်တိုက်တွေ ရန်ကုန်မှာ ပိုပေးဆောက်လိုက်ရင် စီးပွါးရေး ပြန်အဆင်ပြေမယ်လို့ ထင်နေကြမှာပါ။ ဒါပေမယ့် ပြဿနာက ယခုထက်ပိုကြီးပါတယ်။

မြန်မာပြည်အနေနဲ့ တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံတာကို မလိုချင်ရင် ဂျပန်၊ တောင်ကိုရီးယား၊ အနောက်ဥရောပနဲ့ အမေရိကန်ကို မှီခိုရပါမယ်။ ဂျပန်နဲ့ တောင်ကိုရီးယားဟာ အမေရိကန်ရဲ့ တပည့်ပါ။ ဒါကြောင့် ဘိုင်ဒန်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အရေးပါလာပါမယ်။ လောလောဆယ်မှာ ဥရောပသမဂ္ဂက မြန်မာအတွက် အထည်ချုပ်ကို နှစ်စဉ်သက်တမ်းတိုးသဘောမျိုး သွားနေတာပါ။ ဥရောပဟာ ဘင်္ဂါလီအရေးနဲ့ မြန်မာကို ဖိအားပေးရအောင် အမြဲကြိုးစားနေတာပါ။ ပြင်သစ်နဲ့ အင်္ဂလန်ဟာ သူ့တိုင်းပြည်ထဲမှာအကြမ်းဖက်မှုတွေနဲ့ ပြဿနာပေါ်နေပေမယ့် မြန်မာပြည်ကိစ္စမှာတော့ လူ့အခွင့်အရေးရှုထောင့်ကကြည့်ပါတယ်။ ဒီနှစ်မှာ ကိုဗစ်ခံသွားလို့ သူတို့မလုပ်နိုင်ခဲ့တာပါ။ မြန်မာပြည်ကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဟာ အများကြီး သူဌေးဖြစ်လောက်အောင် မလာတာကလဲ ထိုကိစ္စကြောင့်ပါဘဲ။ ယခင်က ထရမ့်ခံနေလို့ပါ။

ပုံမှန်မှာက အနောက်က ကျပ်ရင် တရုတ်နိုင်ငံက ခံနေပေမယ့် ယခုအတောအတွင်းမှာ တရုတ်နိုင်ငံဆန့်ကျင်ရေးကို စနစ်တကျ ဝါဒဖြန့်ထားလို့ အစိုးရအနေနဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဟာ ခက်သွားနိုင်ပါတယ်။

နောက် ICJ က ဆုံးဖြတ်ချက်တစ်ခုထွက်ပြီး စာရေးသူတို့နိုင်ငံက မကြိုက်တာကို ဆုံးဖြတ်ခဲ့ရင် ဥရောပက အဲ့ဒါအပေါ်မူတည်ပြီး ကျပ်တာ ပိတ်ဆို့တာတွေကို လုပ်လာနိုင်ပါတယ်။ အင်္ဂလိပ်ဟာ ဇင်ဘာဘွေက လွတ်လပ်ရေးဖခင်ကြီး မူဂါဘီကိုတောင် သူ့မြေတွေကို ပြန်သိမ်းလို့ သူ့တိုင်းပြည်မှာ အာဏာရှင်ပြန်ဖြစ်အောင် စီးပွါးရေးပိတ်ဆို့ပြီး ဘီဘီစီက ဝါဒဖြန့်လုပ်သွားခဲ့တာပါ။ ဥရောပဟာ ရင်းနှီးမြုပ်နှံမှုကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ပို့ကုန်တွေအတွက် အရေးပါလို့ ဥရောပက လုပ်သမျှဟာ မြန်မာအတွက်သတိထားရမှာပါ။

ဒီကိစ္စတွေဟာ တိုင်းပြည်သာငြိမ်းချမ်းပြီး စည်းလုံးနေရင်တော့ မှုစရာမလိုပါ။ အဆိုးဆုံးအခြေအနေမှာတောင် အိန္ဒိယ-အာဆီယံ ကုန်စည်စီးဆင်းမှု၊ တရုတ်နိုင်ငံကို ပင်လယ်ထွက်ပေါက်ပေးထားတာတွေကနေ ဝင်ငွေရနိုင်ပါတယ်။

အဓိက စိန်ခေါ်မှုက ပြည်တွင်းမှာပါ။ မြန်မာပြည်ရဲ့ ဌာနတိုင်းက မိုးကျတွေနဲ့ ဘာမှမလုပ်တတ်ဘဲနေရာရထားတဲ့ အဘအမျိုးဝန်ထမ်းအချို့ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာက အဓိက စိန်ခေါ်မှုပါ။

နောက်ရဲတပ်ဖွဲ့၊ ရှေ့နေချုပ်ရုံးနဲ့ ထွေအုပ်တွေဟာ တရားဥပဒေစိုးမိုးမှုအတွက် အရေးပါပြီး အဆိုပါဌာနတွေမှာ မိုးကျလျော့ချရေးကို စနစ်တကျ ထင်သာမြင်သာအောင် လုပ်ပြရမှာပါ။ ဥပမာရှေ့နေချုပ်ကို ဦးသိန်းသန်းဦးလို ဦးကြီးမြင့်လိုလူကို ခန့်ပြလိုက်ပြီး ရဲချုပ်ကို ရဲစစ်စစ်၊ ထွေအုပ်ဝန်ကြီးကို ဒေါက်တာတင်မျိုးဝင်း/ဆရာဇော်/ဆရာအောင်မိုးညိုလို နိုင်ငံရေးသမားကို ခန့်လိုက်ရင်ပြည်သူတွေကလဲ ဒီအစိုးရဟာ တကယ်ကိုင်မယ်ဆိုတာ ယုံလာမှာဖြစ်သလို နိုင်ငံတကာကလဲ တရားဥပဒေစိုးမိုးရေး နီးလာပြီဆိုတာ လက်ခံလာနိုင်ပါတယ်။

707 views4 comments

4 Comments


Myat Tun Oo
Myat Tun Oo
Nov 18, 2020

Nyunt win Maung မှန်ပါတယ်။ ကိုင်ရမှာပါ။ ပြည်ပက စိန်ခေါ်မှုကလဲ စီးပွါးရေးအပေါ်ကို သက်ရောက်နိုင်ပါတယ်။

Like

Myint Soe Oo
Myint Soe Oo
Nov 18, 2020

ဦးမြတ်!!!ဖွားစုကို ကြည်ညိုရခြင်းအကြောင်း ဦးမြတ်ကို ပြောပြခဲ့ပြီးပါပြီ။

ကိုဗစ်ပထမအကျော့ တိုက်ခိုက်ခံရစဥ်က ဘရာဇီး ၊ အီတလီနိုင်ငံ ဥသျှောင် ဦးဆောင်သူတွေ မျက်ရည်ဝဲဝဲနဲ့ ဝမ်းနည်းစကားဆိုနေချိန်မှာ ၊ ဖွားစု ကြွေမပြပဲ ၊ လုပ်စရာရှိတာကို အစီအမံကောင်းကောင်း ခန့်ခွဲမှုပိုင်ပိုင်

ကျန်းဝန် ဒေါက်ထွေး ၊ ဦးဖြိုး(ရန်ကုန်)ဦးဆောင်မှုနှင့် အနိုင်ယူပြခဲ့ပါသည်။

ပညာတတ်တစ်ယောက်ပီပီ မျက်တောင်တခတ်ကို ဂရုစိုက်သလို မျက်တောင်တဆုံး အဝေးသို့လည်း မြင်နိုင်စွမ်းအားရှိသလောက် အမြင်ရအောင်ကြည့်တတ်နိုင်စွမ်းသူတဦးဖြစ်ပါသည်။

လဘက်ခြောက်ဆိုတာ တနိုင်ငံထဲက လဘက်ခြောက်ချည်း စွဲမသောက် အရည်အသွေးကောင်းသည့်***ဒါဂျီလင် လဘက်ခြောက်**သောက်တတ်ခြင်းက မကောင်းသည့်အပေါ် မှိန်း၍တဖက်သတ် မလိုက် ကောင်းကျိုးပေါ်စေသည့်အပေါ် နှစ်ခြိုက်ကြောင်းပြခဲ့ပါသည်။ ခုခါကလည်း ယုတ်မာသူတွေက လဘက်ခြောက်ကိုအရောင်ဆိုး ၊ရသာကို ဓာတုဆေးတန်ခိုးနဲ့ သောက်သူတိုင်း စွဲ နေအောင် ဖန်တီးတဲ့အကွက် ကြိုမြင်ထားသောကြောင့်ဖြစ်ပါသည်။

သဘာဝမဟုတ်တဲ့အပေါ်မှာ စွဲ နေတော့ ယစ်မူးကြပြီး အားကိုးတကြီး မှီး ပြီး သောက်နေကြတာ ဉာဏ်ပညာ မရှိသူတို့သာ သောက်သုံးကြပါသည်။

ခဏ ခဏ တင်ပြပေးခဲ့သော ရိွွင်းကိန်းစကား ။ သည်ခြေစွမ်းဟာ ယူနိုက်တက်အတွက် ပေးဆပ်ဖို့ လုံလောက်ပြီလား???ခြေစွမ်းကို ယုံကြည်စိတ်ချမှ ကွင်းထဲဝင်လာခဲ့ပါ။

ဦးအောင်မိုးညို!!!ကြက်ဝိုင်း တာဝန်ရှိသူ မဖမ်းတော့၊ ကိုယ်တိုင်ဆင်းဖမ်းတယ်။ ကြက်တကောင်နဲ့ ဆိုင်ကယ်ပဲရလိုက်တုံးက ***ကြက်တကောင်သာ ဖမ်းနိုင်တဲ့ ဝန်ကြီးချုပ်*** ဟ ဟတွေနဲ့။ သူတို့ကဒီလောက်ပဲမြင်နိုင်စွမ်းတာကိုး!!!! ပြည်သူ့အသံ မကွေးတိုင်းတွင်းမှာ ပွက်ပွက်ကယ် ညံ သွားပါသည်။ တာဝန်ရှိတဲ့သူတွေ ***ဘာလုပ်နေကြတာတုန်း***။အဲဒီနောက် တိုင်းတွင်းမှာ ကြက်ဝိုင်း ပျောက်သွားပါသည်။

မန်းက ဆရာ ရဲ ။ နာမည်နှင့်လိုက်ပါသည်။ ဇနီးသည်နာရေး မဆွေးအား။ အများကိုလေးစားလွန်းလို့ တာပေါက်ရင် ဒုက္ခရောက်မှာစိုး။ ညသန်းခေါင်ယံမှာ ကိုယ်ပိုင်းဆုံးဖြတ်ချက်နှင့် ကာကွယ်မှုကို

အစီမံ ကောင်းဖြင့်ဖော်ဆောင်ခဲ့ပါသည်။

ခုခါ အင်းလေးကန်နဲ့ ဘီလူးချောင်းထဲက အမှိုက်သရိုက်တွေ

ကို ဒေသနေပြည်သူများ ရှင်းလင်းသုတ်သင်နေခြင်းဟာ**အမှိုက်လေး တစ…


Like

Nyunt Winmaung
Nyunt Winmaung
Nov 18, 2020

ဆရာU Myat Tun Oo ခင်ဗျား လွတ်လပ်စွာ ကွဲလွဲ ခွင့်ပြုပါ။ 'စိန်ခေါ်မှုများ' ဆိုတဲ့နေရာမှာ "စီမံမှုများ" လို့ အသုံးပြု ရင် ကောင်းမလားလို့ပါ ။ အမေစု နဲ့ ပြည်သူတွေမှာ ရင်ကြားစေ့ရေးနဲ့ စိန်ခေါ်မှုတွေကို (၅နှစ်) 'မချစ်သော်လည်းအောင့်ကာ နမ်း ခဲ့ရတာ တော်လောက်ပြီလို့ထင်ပါတယ်။ *အမေစု ရဲ့ နိုင်ငံရေး ကိုင်တွယ်ပုံကို အကြွင်းမဲ့ ထောက်ခံယုံကြည်ပါတယ်။ #သာဝ လို့ ဆိုကတည်းက လမ်းကြောင်းတစ်ခုကို မှန်းဆ မိပါတယ်။ ( နိုင်ငံရေး နို့စို့အရွယ် အတွေးနဲ့ပါ) ဆန်ရင်းလည်း နာနာဖွတ်ရင်း ဆွမ်းဆန်ထဲ က ကြွက်ချေးတွေကို ရှင်းထုတ်ရမဲ့ အချိန် ရောက်ပြီ ထင်ပါတယ် ။ အခုချိန်က " စိန်ခေါ်မှုများ" အချိန် ပြီးသွားပါပြီ။ " စီမံမှုများ" ကို အထက်မှ အောက်ခြေထိ ( သူများ ထမင်းအိုး မခွဲချင်ပါ) ထိထိရောက်ရောက် မှန်မှန်ကန်ကန် သန့်ရှင်း မှု 'စီမံမှုများ' ပြုလုပ်သင့်ကြောင်း ၊ သိသလောက် ဥာဏ် အတိမ်လေးနဲ့ ရေးသားမိတာကို ခွင့်လွှတ်ပေးပါ ဆရာ။

Like

naynanmyint629395
naynanmyint629395
Nov 18, 2020

မှန်ပါတယ်ဆရာ

မိုးကျ နဲ့ မိုးကျ အနွယ်ဆိုရင်

ဆရာ့ ကိုရော

ကျမ ကိုရော တောင်မခန့်စေချင်

ပါ ၊ ဘာကြောင့်ဆို အထက်အမိန့်

ကို

မိမိကိုယ်တိုင်က ဘယ်လို

ဖြောင့်မတ်နေပါစေ

ဘယ်လိုဘဲ အမှန်ကိုမြတ်နိုး

ပါစေ

အထက်အမိန့်ပြောဆိုချက်

တွေဟာ

မကောင်းမှန်း သိသည့်တိုင်

မတရားမှန်းသိသည့်တိုင်

နာခံကျင့်နေလို့ပါ


နိုင်ရေးသမားစစ်စစ်သာ

ခန့်စေလိုပါတယ်

Like
bottom of page