top of page
Search
Writer's pictureMyat Tun Oo

၂၀၂၄ မှာ ဘာတွေပြင်ထားရမလဲ?


ယခုအချိန်မှာ တော်လှန်ရေးအဖွဲ့များအားလုံး ရွာကနေ မြို့အထိ သိမ်းနိုင်လာခဲ့ပါပြီ။ ဒီနေရာမှာ အဆိုပါမြို့တွေအတွက် ဘာတွေပြင်ထားရမလဲ?

ဒီနေရာမှာ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွါးရေးဆိုပြီး သုံးပိုင်းခွဲပြောပါ့မယ်။

နိုင်ငံရေး

နိုင်ငံရေးမှာ ကိုးကန့်၊ TNLA နဲ့ AA တို့က ပြဿနာမရှိပါ။ သူက သူ့တပ်၊ သူ့ပါတီကနေလာပြီး အုပ်ချုပ်ရေးလုပ်လို့ ကြားထဲက ဝင်ဖျာခင်းသူ နည်းပါတယ်။ ဒါပေမယ့် AA လို ရခိုင်နေရာမှာ အေးမောင်တို့ အေးနုစိန်တို့နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမယ့် AA တပ်က အားကောင်းသလို အေးမောင်တို့ အေးနုစိန်တို့ကလဲ စာတတ်ပါတယ်။ ကရင်နီ/ကယားကလဲ ပြဿနာမရှိနိုင်ပါ။ ချင်းမှာ ချင်းအတိုင်ပင်ခံကောင်စီအောက်မဝင်တဲ့ အဖွဲ့အချို့ရှိပါတယ်။ ထိုသူများက အချို့နေရာတွေမှာ နိုင်ငံရေးအရ ပြည်ပရောက် သူ့လူမျိုးများ၊ အဘနွယ် သူ့လူမျိုးများနဲ့ ပြဿနာပေးလာနိုင်ပါတယ်။ ထို့အတူ ကရင်မှာလဲ အချို့က အစိုးရဆိုပြီး ထဖျာခင်းဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ ထို့အတူ စစ်ကိုင်းကဒေသအချို့မှာလဲ NUG အောက်မဝင်ဘဲ ရွေးကောက်ပွဲမှာ မနိုင်ခဲ့တဲ့ပါတီ၊ ပြည်သူမကြိုက်ခဲ့တဲ့ ကွန်မြူနစ်တွေ၊ အဘသားပျူတွေက ဖျာခင်းဖို့ကြိုးစားလာနိုင်ပါတယ်။ အချို့နေရာတွေမှာ ပြည်သူက NUG နဲ့ လက်တွဲပြီး ပြတ်သားဖို့လိုပါတယ်။


စစ်ရေး

ဒါက အဓိကပြောလိုတာပါ။ ရှမ်းမြောက်မှာ လားရှိုးက မတိုက်မနေတိုက်ရမှာပါ။ ပြီးရင်အောက်ပိုင်းကိုဆင်းလာရမှာပါ။ မအလဟာ TNLA ကို ပြင်ဦးလွင်နားရောက်မှ မအလက လေသံပျော့ပျော့နဲ့ စကားပြောမှာပါ။ ယခုက မင်းငါ့မြို့သိမ်းရင် ငါက မင်းတို့နေလို့မရအောင် ဗုံးကြဲမယ်ဆိုတာပါ။ သူဘာပြောခဲ့လဲဆိုတာ စာရေးသူ အတိအကျ မသိပေမယ့် သူက “ဒီကောင်တွေ နှစ်ခါပြန်စဉ်းစားအောင် ပြောခဲ့တယ်လို့” တပ်ထဲမှာအာချောင်နေပါတယ်။ သူ့လေသံက ယခင်ငြိမ်းချမ်းရေးက အောင်မင်းတို့လို မပျော့ဘဲ အလွန်မာပါတယ်။ သူ့လေသံကြောင့် အပစ်ရပ်စာချုပ်ချုပ်မှာကို စာရေးသူက စိတ်မပူပါ။ ကိုးကန့်က စစ်ရှုံးနေရင်တော့ သူ့လေသံက အလုပ်ဖြစ်နိုင်ပါတယ်။ ရခိုင်မှာလဲ မအလက အမြောက်နဲ့ပစ်တာ ဗုံးကြဲတာလုပ်မှာမိုလို့ သူကလဲ မြို့နဲ့ ၁၅ မိုင်အကွာက စစ်စခန်းကို အနည်းဆုံးသိမ်းနိုင်မှ အမြောက်ရန်က လုံခြုံမှာပါ၊ ယခုဆွေးနွေးပွဲက ဒရုံးအသစ်တွေ၊ ဒရုံးပစ်လက်နက်တွေ မအလတပ်ထံ အလုံအလောက်မရောက်ခင် ဖေဖော်ဝါရီလအထိ အချိန်ဆွဲဖို့ပါ။ သူက ဒါတွေရလို့ ပြန်တိုက်ရင်နိုင်မယ်လို့ ဘောမများကဲ့သို့ တကယ်ထင်နေတာပါ။ လေကြောင်းရန်ကိုတော့ ရှမ်းမြောက်ရော ရခိုင်မှာပါ မကာကွယ်နိုင်သေးတာကို အားလုံးသတိထားမိမှာပါ။ NUG ကို လေကြောင်းရန်မကာကွယ်နိုင်လို့ ပုံမှန်ဖောင်းထုသူများက ဒီကိစ္စကို မဝေဖန်ရဲတာ အားလုံးသတိထားမိမှာပါ။

NUG သိမ်းထားတဲ့ ကောလင်းကလဲ ဝန်းသိုမကျသရွေ့ အမြောက်ဒဏ်နဲ့ ခြိမ်းခြောက်ခံနေရမှာပါ။ ဝန်းသိုက ခမရ ၁၁၁ နဲ့  ခမရ ၁၂၀တို့ တပ်ကျောင်းတို့ကို ဖိအားမပေးနိုင်သရွေ့ အပစ်ခံနေရမှာပါ။ ဒါကြောင့် စစ်သဘောအရ ရန်သူကိုဖိအားဆက်ပေးနေရမှာပါ။ ချင်းမှာသိမ်းထားတဲ့မြို့တွေက အမြောက်နဲ့ဝေးသလို လေကြောင်းကလဲခက်လို့ တော်လှန်ရေးအတွက် ကောင်းပါတယ်။ ချင်းမှာလဲ ရန်သူကို ဆက်ဖိအားပေးတဲ့ဗျူဟာကို ဆက်သုံးရမှာပါ။

တပ်ထဲမှာ ဒရုံးပစ်လက်နက်တွေ အလုံအလောက်မရောက်သေးပေမယ့် ဒရုံးတွေကတော့ ရောက်နေပါတယ်။ ဒါပေမယ့် အများစုက အဝေးကနေထိန်းရလို့ နည်းပညာတွေ လူတွေလိုပါတယ်။ ချောင်းနှစ်ခွလိုမဖြစ်အောင် တော်လှန်ရေးအဖွဲ့များက မိမိတို့ နည်းပညာကို ပြင်ဆင်ရမှာဖြစ်သလို သတင်းလုံခြုံမှုကိုလဲ တောင်ဘက်မှာ ပိုဂရုစိုက်ရပါမယ်။ တောင်ဘက်မှာက KNU တပ်မဟာအချင်းချင်း ဟန်ချက်ညီဖို့ကလဲ တော်လှန်ရေးအတွက် အလွန်အရေးကြီးနေပါတယ်။ သူက ဒီမိုကရေစီများနေပါတယ်။

ဒီနေရာမှာ အားလုံးအတွက်မေးခွန်းက မအလရဲ့ လေတပ်စခန်းကနေ လေယာဉ်မတက်နိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာပါ။ ဒီမေးခွန်းက မေးခွန်းဟောင်းပေမယ့် ဆက်ဖြေရမယ့် မေးခွန်းပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ မိမိတို့က ပြည်မကို မထိုးဖောက်နိုင်ရင်တောင် NUG နဲ့ ဆက်သွယ်ပြီး အဆိုပါနေရာတွေကို ဘာလုပ်မလဲ ဖိအားဘယ်လိုပေးမလဲဆိုတာ သာမန်စစ်ဗျူဟာအပြင်ကနေ စဉ်းစားသင့်ပါတယ်။

နောက်ကျားဖြန့်က ကရင်ထဲရောက်လာနေပါပြီ။ စောချစ်သူကို အရေးယူဖို့ ထိုင်းကပြောခဲ့ပြီး မအလကလဲ ထုံးစံအတိုင်း KNU ခေါင်းဆောင်တချို့ကိုလဲဖမ်းဖို့ ထိုင်းကိုပြောပါတယ်။ မအလဟာသူအကျပ်တွေ့ရင် ချက်ချင်းတော့ အလျော့မပေးပါ။ တရုတ်ကိုလဲ ဝဒုတပ်ချုပ်ကိုဖမ်းဖို့ မီးမွှေးပေးခဲ့ပြီး ဟိုက ဝ ဒုတပ်ချုပ်ကိုဖမ်းပေးချိန် သူက သူ့ကတိမတည်လို့ ဟိုကသူ့ကိုကြွေးသွားပုံပါ။ ဒီနေရာမှာ KNU ကလဲ MNDAA လို အကွက်နင်းနိုင်ရင် အဆင်ပြေသွားနိုင်ပါတယ်။


စီးပွါးရေး

မအလဟာ အထည်ချုပ်၊ သဘာဝဓာတ်ငွေ့၊ ဆန်၊ ပဲတင်ပို့မှု၊ နယ်စပ်ကုန်သွယ်မှုကနေ ဝင်ငွေရနေတယ်ဆိုတာ အားလုံးသိမှာပါ။ ဒီနေရာမှာ မိမိတို့သိမ်းထားတဲ့ နယ်မြေကနေ ဘယ်လိုအခွန်ကောက်မလဲ မအလရဲ့ ကုန်သွယ်လမ်းကြောင်းကို ဘယ်လိုဖြတ်မလဲ စဉ်းစားရပါမယ်။ တရုတ်-မန္တလေး ကုန်သွယ်ရေးလမ်းကြောင်းဆိုရင် မန္တလေး PDF၊ TNLA၊ MNDAA တို့က မိမိတို့အပိုင် နယ်မြေတွေကနေ အခွန်ကောက်ရမှာပါ။ တောင်ပိုင်းမှာလဲ ထို့အတူပါဘဲ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ အထည်ချုပ်က ငါးဘီလီယံကျော်က သဘာဝဓာတ်ငွေ့ထက် ပိုဝင်နေလို့ သူ့ကိုဘာလုပ်မလဲ လော်ဘီတွေအနေနဲ့ စဉ်းစားရပါမယ်။ သူက အလုပ်ပေးထားလား? မအလကို ဝင်ငွေပေးပြီး လက်နက်တွေ၊ လေယာဉ်တွေနဲ့ ပြည်သူတွေကို သတ်ဖို့ အဓိကဝင်ငွေဖြစ်နေလား လေ့လာတင်ပြရပါမယ်။ မအလဟာ စစ်အသုံးစားရိတ်အတွက် ရသမျှဒေါ်လာကို ယူနေပါတယ်။ ယခု လူတင်လေယာဉ်တွေကနေ ဗုံးချနေတာက ဆီးရီးယားပုံစံပါ။ နေရာအနှံ့ဗုံးကြဲချနေရလို့ လက်နက်မလုံလောက်လို့ အချို့နေရာတွေက လူတင်တာကနေ ကြဲချလာနေရတာပါ။

စီးပွါးရေးပိတ်ဆို့တာကို စဉ်းစားရာမှာ ကင်ဆာကုသလို စဉ်းစားမလား ဒါမှမဟုတ် လူသားဆန်လွန်းစွာရေရှည်ကုသွားမှာလား အားလုံးဝိုင်းစဉ်းစားကြရမှာပါ။ ဥပမာ သူ့အထည်ချုပ်က ဝင်ငွေရတာကို ပြည်သူတွေအလုပ်လက်မဲ့ဖြစ်မှာကြောက်လို့ လွှတ်ထားပေးပြီး သူဝင်ငွေရမှ လေယာဉ်ဆီဝယ်မရအောင်လုပ်မှာလား? လက်နက်ဝယ်မရအောင်လုပ်မလား? ဒါမှမဟုတ် ထိုအထည်ချုပ်စက်ရုံတွေကနေ ဝင်ငွေမရအောင် စီးပွါးရေးပိတ်ဆို့တာ၊ ခေါင်းမာတဲ့စက်ရုံတွေကို မိမိအာဏာစက်သုံးပိတ်တာမျိုးတွေအထိ လုပ်မလား စဉ်းစားရပါမယ်။ ဥပမာ စစ်ရေးမှာလဲ မြဝတီဟာ ကောလင်းကို မအလတပ်ကလုပ်သလို စာရေးသူတို့ကလဲလုပ်ပြရင်ရပါတယ်။ မလုပ်ရင် လူသားဆန်ပေမယ့်  သူကမြဝတီကို ထိန်းထားနိုင်သလို ဖြစ်သွားပါတယ်။ ထို့အတူ MNDAA က မအလထိန်းတဲ့ တောင်ကြီး/ပြင်ဦးလွင်အထိလာပြီး မင်းငါ့မြို့ကိုဗုံးကြဲရင် မင်းမြို့ကိုလဲ ငါကဒုက္ခပေးနိုင်တယ်ဆိုရင် မအလက ထိုစကားကို နားလည်ပိုလွယ်ပါတယ်။ ယခင် MNDAA ကို မအလဆက်ဆံခဲ့တာနဲ့ ယခုမျက်နှာချင်းဆိုင်တွေ့လာနေရတာက MNDAA ရဲ့အားကြောင့်ပါ။

အကျဉ်းချုပ်ရရင် ပြည်သူတွေလဲ မိမိတို့ ဘာရလိုလဲ စဉ်းစားပါ။ ဒုတိယကမ္ဘာစစ်မှာလဲ အားလုံးဒုက္ခရောက်ခဲ့ကြပါတယ်။ ယခုအချိန်မှာ ဥရောပနိုင်ငံများဟာ နာဇီအောက်က လွတ်မြောက်ခဲ့ပါပြီ။ ပြည်သူများက NUG ကို နိုင်ငံ​ရေးအရ ဝန်းရံပေးပြီး ဖျာခင်းသူများကို ဗမာနယ်မှာ ခြေမချနိုင်အောင်လုပ်ပေးကြပါ။ ပြည်ပက နိုင်ငံသားများကလဲ NUG ကို PRF ကနေ ဆက်ထောက်ပံ့ပါ။ ၂၀၂၄ ဟာ အဆုံးအဖြတ်ကနေ ပွဲပြီးဖို့အထိ ဖြစ်လာနိုင်အောင် အရေးကြီးတဲ့ နှစ်ပါလို့ ပြောပါရစေ။

568 views0 comments

Comments


bottom of page