ကမ္ဘာပေါ်က လွတ်လပ်ရေး၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေမှာ တော်လှန်ရတာ၊ ဆန္ဒပြရတာတွေ ရှိပါတယ်။ အချို့ဆိုရင် ခွဲထွက်ရေးအတွက် မဲပေးရတာမျိုးပေါ့။ ဥပမာ စကော့တလန် လွတ်လပ်ရေးအတွက် ဆန္ဒခံယူပွဲအတွက် မဲခွဲခဲ့တာပါ။ လွတ်လပ်ရေးတောင်းဆိုသူတွေ မဲရှုံးခဲ့လို့ လွတ်လပ်ရေး မရခဲ့ပါ။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်ရေးလိုချင်တဲ့ လူငယ်တွေက မဲထွက်မပေးခဲ့လို့ပါ။
နောက် ယူကေက ဥရောပသမဂ္ဂက ခွဲရေး တွဲရေးပေါ့။ ခွဲရေးက ၅၂% နဲ့ နိုင်သွားခဲ့ပါတယ်။ သူကလဲ ခွဲမထွက်လိုသူ လူငယ်တွေက မဲထွက်မပေးခဲ့လို့ ရှုံးသွားခဲ့ပါတယ်။ ဒါတွေက မဲကပြတ်နေပါတယ်။
အရှေ့တီမောကတော့ အင်ဒိုနီးရှားအောက်မှာတွဲနေမလားဆိုတဲ့မေးခွန်းကို မနေလို့ဖြေလို့ လွတ်လပ်ရေး ရသွားခဲ့ပါတယ်။
ဒီနေရာမှာ မဲပေးရင် လွတ်လပ်ရေးရမှာဖြစ်ပြီး မဲမပေးရင် အများစုဆန္ဒအတိုင်းသာ ဖြစ်သွားမှာပါ။မိမိက မဲမပေးလို့ မိမိမကြိုက်တဲ့လူက သမ္မတဖြစ်သွားတာလဲရှိပါတယ်။ ဥပမာ အမေရိကန်က ၂၀၀၀ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဖလော်ရီဒါပြည်နယ်က မဲကို ဘုရှ် Bush က ၂၉,၁၂၇၉၀ (48.847%) ရပြီးသူ့ပြိုင်ဖက် အလ်ဂိုး Al Gore က ၂၉,၁၂၂၅၉ (48.838%)ပါ။ ကွာတာက ၅၃၇ မဲထဲပါ။ ဒါနဲ့ Bush ကFlorida ပြည်နယ်ရဲ့ ပြည်နယ်ကိုယ်စားပြုမဲ ၂၅ မဲကိုရပြီး သမ္မတဖြစ်သွားခဲ့ပါတယ်။ တကယ်ကတစ်နိုင်ငံလုံးမှာ Al Gore က မဲငါးငိန်းကျော် Bush ထက် ပိုရခဲ့တာပါ။ ဒါတင်မဟုတ်ဘဲ Al Gore ရဲ့ မဲအချို့ဟာ အခြားပါတီကိုယ်စားလှယ်ထံ ရောက်ခဲ့တာလဲ ပါပါတယ်။ နောက်မှ အခြားလူများက Bush မကြိုက်ဘူး အော်နေပေမယ့် သူက ရှစ်နှစ် သမ္မတလုပ်သွားခဲ့ပါတယ်။
ဥပမာ လွတ်လပ်ရေးလိုချင်ရင် တိုက်ရင်တိုက် မတိုက်ရင် မဲပေးပြီး ယူရမှာပါ။ မဲလဲမပေး တိုက်လဲမတိုက်ဘဲ လွတ်လပ်ရေးက မရနိုင်ပါ။ ယခုကျောင်းသားသမဂ္ဂဆိုသူများက မဲမပေးဖို့ ပြောနေတာကိုကြားရတာက ဒီနေ့လို ၈၈ နှစ်ပတ်လည်မှာ ယုန်ခွေးရဲ့ ဗီဒီယိုအပြီးမှာ ရင်လေးစရာ ကောင်းလှပါတယ်။ သူတို့ ၈၈ မှာ လူမှန်းမသိသေးရင်တောင် ၂၀၀၇ ရွှေဝါရောင်ကိုတော့ သိသင့်ပါတယ်။
မြန်မာပြည်မှာ DASSK က လောလောဆယ်မှာ ဒီမိုနည်းနဲ့ ရွေးကောက်ပွဲကတဆင့် ပြုပြင်ပြောင်းလဲနိုင်အောင် ကြိုးစားနေပါတယ်။ မြန်မာပြည်မှာက အနီ၊ အစိမ်း၊ အဝါ၊ အပြာ လက်ဝဲ လက်ယာအဆင့် မရှိသေးဘဲ ဓမ္မနဲ့ အဓမ္မကိုသာ ရွေးရမှာပါ။ သင်မဲထွက်မပေးရင် အဓမ္မဘက်ကဆိုတာ ပြလိုက်တာပါ။ မဲမပေးဘူးလို့ စဉ်းစားမိရင် အတွေးကြောင်ခဲ့ရင် ၈၈ မှ ၂၀၀၇ ရွှေဝါရောင်အထိ အသက်ပေးခဲ့သူများကိုသတိရလိုက်ပါ။ သင်ခန်းစာယူပါ။ မဟုတ်ဘဲ No Vote အတွက်လှုပ်ရှားနေရင်တော့ သင်ဟာ အဓမ္မဘက်တော်သားဆိုတာ သေချာသွားပါပြီ။
ဦးမြတ် ! သော့ခတ်ခံထားရသူများ ဆိုတဲ့ တကွက်ကောင်းကာတွန်းလေးထဲမှာ လူငယ်လေးတွေရဲ့ ဦးနှောက်ကို သော့ချိတ်နဲ့ပုံလေး။ လူသွား **လမ်း**ပလက်ဖောင်းပေါ်မှာလည်း အပြည့် သွားလာနေကြတာကို ရေးဆွဲတင်ပြထားပါသည်။
ခုတလော သိတ်ရေပန်းစားနေတဲ့ ကိစ္စမှာ သူတို့ဟာ အများစုပါ။ ခုကောင်းကျိုးပေါ်အောင် ဖေါ်ဆောင်နေသူ ရာနှုံးအများစုဟာ နောက်နေရလှ ၁၀နှစ် ၁၅ နှစ် ဆိုတာ အမြင့်ဆုံးသက်တမ်းပါ။အနာဂါတ်မှာ လှပသာယာနေချိန်မှာ သူတို့ သူတို့ မရှိကြတော့ပါ။ရလဒ်ကောင်းကို ဘယ်သူတွေ ခံစားရမှာလဲ။ မမြင်နိုင်ဘူး။ လောင်းရိပ်အောက်မှာ (တစ်ခုခုနဲ့ ချွေးသိပ် မှေးမှိတ်နေအောင်) ဦးနှောက်ကို
သော့ခတ်ထားလိုက်ပါသည်။
ဒီနေ့ ပို့စ်တွေရဲ့ ကွန်မန့်တွေကြည့်မိတဲ့အခါ ချီးခြောက် ရေနူး ၊ နောက်ကြောင်းပြန်တွေ ဘာလုပ်ရမှာလဲ ဆိုတဲ့ တစ်ခူနဲ့ ချီးခြောက်ရေးနူး စကားအသုံးနဲ့တစ်ခု လူငယ်ဆိုတာ အနာဂတ်ကိုပဲမျှော်လင့်တယ် ၊ သမိုင်းဆိုတာ ထားခဲ့။
ဒါတွေတွေ့နေရတော့ !
ရေထဲနစ်အောင် တွန်းချပြီး (တွန်းချသူကိုယ်တိုင်) ပြန်ဆယ်သူကို (တွနးချသူလည်း သူ၊ ပြန်ဆယ်သူလည်းသူ) ကျေးဇူးတင်နေတဲ့အဖြစ်။ ရေနစ်မွန်းတာကို မမြင် မွန်းနေတုံး အောက်ဆီဂျင် ရှုရတာကို အထင်ကြီးနေကြတာပါ။
ရေထဲ မဆင်းနဲ့၊ ရေနစ်တတ်တယ်လို့ဆုံးမရင် မကြိုက်ဘူး။ လွတ်လပ်ခွင့်ပိတ်တယ်ပေါ့။
သမိုင်းဖျောက် လို့ ၊ ပျောက် သွားရင် ? ဆက်စပ်တွေးခေါ်နိုင်မှုအား သူတို့မှာ မရှိတော့ပါ။ သူတို့နဲ့ ဆိုင်တာကိုပဲ ရေးပါမည်။
ဘိန်းဘုရင်သမိုင်းကို ပျောက်အောင် ဖျောက်ခဲ့တော့ မြို့ထဲမြို့လယ်နေတဲ့သူတွေ အစွန်အဖျားရောက်၊ စီးပွားရေးလုပ်ငန်းကြီးတွေမှန်သမျှ ဘယ်သူတွေ လုပ်ကိုင်နေကြပြီလဲ။ ဒါတွေ မမြင်ရအောင် ချွေးသိပ် မှေးမှိတ်ခိုင်းထာလေ။ ခုခါ သူတို့အရွယ်ကြိုက်လေးတွေ သုံးဖို့ဟာတွေက လက်တကမ်း အနီးအနားမှာ ! အချိုး ခံ ရလို့ ကျိုးတယ်လို့မမြင်လို့ ကျေးဇူးတွေ တင်နေကြတာပေါ့။ ဒါသမိုင်း ဖျောက်လို့ စာရိတ္တတွေ ပျောက် နေပြီ။အနာဂါတ်အရေးမှ…